backup og meta

ရင်သားကင်ဆာကုသပြီးနောက် ကျန်းမာစွာစားသောက်ရန်အစီအစဉ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာကုသပြီးနောက် ကျန်းမာစွာစားသောက်ရန်အစီအစဉ်

    သင့်ကျန်းမာရေး အခြေအနေတွေဟာ ဘယ်လိုပဲ ဖြစ်နေပါစေ အစာစားဖို့ဟာ အမြဲအရေးကြီးပါတယ်။ ရင်သားကင်ဆာ ရှိနေပြီးပြီဆိုရင် ကျန်းမာစွာ စားသောက်ခြင်းဟာ သင့်ကို အားအင် ပြည့်စေခြင်း၊ နေကောင်းစေခြင်းနဲ့ ပုံမှန်ဘဝကို ပိုမို မြန်ဆန်စွာ ပြန်ရောက်နိုင်ခြင်းတွေအတွက် ကူညီပေးပါတယ်။ ဒီ ဆောင်းပါးမှာတော့ စားသောက်မှုပုံစံအကြောင်းကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

    ကျန်းမာစွာ စားသောက်ဖို့ အသုံးပြုနိုင်တဲ့ နည်းလမ်းများ

    ကောင်းကောင်းတော့ စားချင်ပါရဲ့၊ တစ်ခါတလေမှာ သင်ဟာ ပင်ပန်းလွန်းတာမျိုး (သို့) ကျန်းမာတဲ့ အစာတွေကို ပြင်ဆင်ဖို့ အချိန်ကြာလွန်းတာမျိုး (သို့) ကိုယ်တိုင်ဟင်း မချက်နိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကျန်းမာတဲ့ အစားအသောက်တွေဟာ အသီးအရွက်တွေ ပါဝင်ပြီး လူအချို့အတွက်ကတော့ အသီးအရွက်တွေဟာ စားချင်စဖွယ် ဖြစ်မနေပါဘူး။ အသင့်စား အစားအသောက်တွေဟာ ပိုမို လွယ်ကူပြီး စားလို့ ပိုကောင်းနေပါတယ်။ ကြက်ကြော်၊ အာလူးကြော်တွေဟာ လူအချို့ရဲ့ အကြိုက်ဆုံး အစားအသောက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖေါ်ပြပါ နည်းတွေကို စဉ်းစားကြည့်ပါ။

    • ပြင်ဆင်စရာ အချိန် အနည်းငယ်သာလို (သို့) အချိန်မလိုတဲ့ အစားအစာတွေကို သိမ်းထားသင့်ပါတယ်။ ချက်ထားတဲ့ အစာတွေကိုလည်း စားချင်တဲ့ အချိန် စားနိုင်အောင် သိမ်းထားနိုင်ပါတယ်။ ဒီအစားအသောက်တွေကိုလည်း ချက်ထားပြီး ခဲထားနိုင်ပါတယ်။ ဒါဆို စားချင်တဲ့အခါမှာ အပူပေးရုံပဲ ဖြစ်ပါတယ်။

    • ကျန်းမာတဲ့ အစာတွေကို ရေခဲသေတ္တာ၊ ကြောင်အိမ်နဲ့ ရေခဲတဲ့ နေရာတွေထဲမှာ ထည့်ထားသင့်ပါတယ်။ သင်ဖျားနေတဲ့အခါမှာ ဒီအစားအသောက်တွေကို စားနိုင်ပါတယ်။ အသင့်စားအစားအသောက်တွေ၊ အချိုရည်တွေနဲ့ အသင့်စားခေါက်ဆွဲ တွေကို မသိမ်းဆည်းသင့်ပါဘူး။

    • အာဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကို ကျန်းမာတဲ့ အစားအသောက်ပုံစံ စီစဉ် ခိုင်းသင့်ပြီး သူငယ်ချင်း၊ မိသားစုတွေကို သင့်အတွက် ချက်ခိုင်းသင့်ပါတယ်။ အကူအညီလိုအပ်ရင် ရှာဖို့ မရှက်ရွံ့သင့်ပါဘူး။

    သင့်ကျန်းမာရေး စောင့်ရှောက်သူတွေနဲ့ စကားပြောပါ။

    သင့်ကျန်းမာရေးအတွက် ဘယ်အစားအစာတွေက ကောင်းလဲဆိုတာ သင်သိချင်မှ သိပါလိမ့်မယ်။ ဒီအခါမျိုးမှာ ဆရာဝန် (သို့) ဆရာမကို မေးမြန်းသင့်ပါတယ်။ သူတို့ဟာ ပညာရှင်တွေ မဟုတ်ပေမယ့် အာဟာရဆိုင်ရာ ကျွမ်းကျင်သူတွေကို ညွှန်းနိုင်ပါတယ်။ ဒီလူတွေဟာ သင့်ကျန်းမာရေးအတွက် ကျန်းမာစွာ စားသောက်တဲ့ပုံစံကို သင်ကိုယ်တိုင် တည်ဆောက်ခိုင်းမှာဖြစ်ပါတယ်။ သူတို့ဟာ ကျန်းမာတဲ့ အစာတွေ၊ အချိုရည်တွေကို ရွေးချယ်ဖို့ကူညီပေးပြီး အစားအသောက်ထဲမှာ ဘယ်လိုပေါင်းစပ်စားရမလဲဆိုတာပါ ပြောပြမှာ ဖြစ်ပါတယ်။

    ဆရာဝန်နဲ့ တွေ့ဆုံစဉ်မှာ မေးချင်တဲ့ မေးခွန်းတွေကို စာရင်းပြုစု ထားသင့်ပါတယ်။ သင်အရမ်းကြိုက်တဲ့ အစားအစာတွေ ရှိပြီး ဒီအစာတွေကို ဆက်စားနေချင်တယ်ဆိုရင် ဆရာဝန်ကို ဒီအစာတွေအကြောင်း မေးမြန်းသင့်ပါတယ်။ အခြားလူနာတွေဆီကလည်း အသုံးဝင်တဲ့ အချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

    သင့်မှာ ကိုယ်ဝန် ရှိနေခဲ့ရင် (သို့) အခြားကျန်းမာရေး ပြဿနာတွေ ရှိနေခဲ့ရင် ရိုးရိုးသားသား သင့်ဆရာဝန် (သို့) အာဟာရဆိုင်ရာ ကျွမ်းကျင်သူကို ပြောပြသင့်ပါတယ်။ သူတို့ဟာ ကျန်းမာစွာ စားသောက်ဖို့ အကြံဉာဏ်တွေ ပေးပါလိမ့်မယ်။

    သင်အစာစားတဲ့အခါ ဂရိုစိုက်ပါ။

    အချို့ကိစ္စတွေမှာ ရင်သားကင်ဆာ ကုသမှုဟာ ကိုယ်ခံအားနည်းစေပြီး ရောဂါပိုးဝင်မှုကို ပိုမို ဖြစ်စေပါတယ်။ ဒါကြောင့် သင်စားတဲ့ အစားအစာတွေနဲ့ ပတ်သက်ပြီး ဂရုစိုက်သင့်ပါတယ်။

    • သင်အစာစားလို့ပြီးသွားရင် စားကြွင်းစားကျန်တွေကို ရေခဲသေတ္တာထဲမှာ ထည့်ထားသင့်ပါတယ်။ ရေခဲသေတ္တာဟာ ဒီအစားအစာတွေရဲ့ ပုပ်သိုးနှုန်းကို ကျဆင်းစေပါတယ်။ အချို့အစားအစာတွေ အတွက်ဆိုရင်တော့ အကြွင်းအကျန်တွေကို လွှင့်ပစ်လိုက်ပါ။ ကိုယ်စားချင်သလောက်ကိုပဲ ထည့်စားခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။

    • ဟင်းသီးဟင်းရွက်တွေ မစားခင်မှာ အပြင်က ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေကို ပွတ်တိုက်ဆေးကြောသင့်ပါတယ်။ အပြင်က အခွံကို စားဖို့မသေချာရင် အခွံနွှာပစ်သင့်ပါတယ်။ အသီးတွေကို သေချာ မဆေးကြောမိတာမျိုး ဖြစ်နိုင်ပါတယ်။ အသီးတွေရဲ့ ဇစ်မြစ်ကို မသိရင် မစားတာ အကောင်းဆုံးပါပဲ။

    • လက်၊ ဓါးနဲ့ အစာစားဖို့ ပြင်ဆင်စဉ် အသုံးပြုတဲ့ အရာအားလုံးကို ဆေးကြောသင့်ပါတယ်။

    • အသားစိမ်းတွေ လှီးဖို့ ဓါးနဲ့ စဉ်းနီတုံးတွေကို တစ်ခု အသုံးပြုပြီး အသီးအရွက်စိမ်းတွေအတွက် တစ်ခု၊ ကျက်ပြီးတဲ့ အစားအသောက်တွေအတွက် တစ်ခု အသုံးပြုသင့်ပါတယ်။

    • ငါးနဲ့ အသားတွေကို ရေခဲသေတ္တာထဲမှာ သိုလှောင်ထားသင့်ပါတယ်။ အခန်း အပူချိန်မှာ မထားသင့်ပါဘူး။

    • အစာကို သေချာစွာ ချက်ပြုတ်သင့်ပါတယ်။ အသားတွေဟာ အထဲမှာ ပန်းရောင်တွေ မရှိနေသင့်ပါဘူး။ ဒါကြောင့် ပန်းရောင် အမဲသားတုံးတွေကို မစားသင့်ပါဘူး။ ကြက်ဥကိုလည်း မကျက်ရင် မစားသင့်ပါဘူး။ ဒီအစားအစာတွေဟာ သင်အကြိုက်ဆုံး အစားအစာတွေ ဖြစ်နိုင်ပေမယ့် သူတို့ကို သေချာစွာ ပိုးသတ်ထားခြင်း မရှိပါဘူး။

    • ကမာကောင် အစိမ်းတွေနဲ့ ဆူရှီးတွေကို မစားသင့်ပါဘူး။

    • သက်တမ်း ကုန်ဆုံးရက်ကို ကျော်နေတဲ့ အစားအသောက်တွေကို မစားသင့်ပါဘူး။

    • မှိုတက်နေတဲ့ အစားအသောက်တွေကိုလည်း မစားသင့်ပါဘူး။ သင့်ရဲ့ ကိုယ်ခံအားစနစ်ဟာ သင့်အခြေအနေအတွက် မသင့်လျော်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    အထူးပြုလုပ်ထားတဲ့ အစားအသောက်နဲ့ ဖြည့်စွက်စာတွေကရော ဘယ်လိုနေလဲ။

    ရင်သားကင်ဆာလူနာအချို့က အထူးအစားအသောက်တွေနဲ့ ဖြည့်စွက်စာတွေဟာ ကင်ဆာရောဂါကို တိုက်ဖျက်ပေးပြီး ပြန်ဖြစ်ခြင်းကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီ အထူးပြုလုပ်ထားတဲ့ အစားအသောက်တွေ၊ ဖြည့်စွက်စာတွေက အကျိုးရှိတယ်ဆိုတဲ့ သက်သေမရှိသေးပါဘူး။ သူတို့ဟာ သင့်ကုသမှုရဲ့ အစွမ်းထက်မှုကိုတောင် ထိခိုက်နိုင်ပါသေးတယ်။

    ဒါကြောင့် အထူးပြုလုပ်ထားတဲ့ အစားအစာတွေ၊ ဗီတာမင်တွေ၊ ဖြည့်စွက်စာတွေကို စဉ်းစားနေရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆရာဝန်က သင့်ကို သင့်လျော်တဲ့ အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။

    ရင်သားကင်ဆာ ကုသမှု အပြီးမှာ သင့်မှာ ဆိုးကျိုးတွေ ရှိနေနိုင်ပါတယ်။ ကျန်းမာတဲ့ အစားအသောက်တွေကို စားသင့်ပါတယ်။ သင်ကောင်းကောင်းစားရင် ရောဂါကို တိုက်ထုတ်နိုင်ပြီးတော့ သင့်ဘဝအတွက်လည်း ပိုမိုလွယ်ကူလာပါလိမ့်မယ်။ ဟင်းတွေ ချက်မစားနိုင်ရင်တော့ အခြားသူတွေကို အကူအညီ တောင်းသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement