backup og meta

Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း))

အဓိပ္ပါယ်ဖွင့်ဆိုချက်

Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ကဘာလဲ။

ရှုပ်ထွေးလှတဲ့တစ်ဝက်တစ်ပျက်တက်ခြင်းဆိုသည်မှာ အာရုံစူးစိုက်မှုချို့ယွင်းပြီးသတိလက်လွတ်တက်ခြင်းမျိုးဖြစ်ပါတယ်။

ဒီလိုတက်ခြင်းဟာဦးနှောက်ရဲ့နေရာတစ်နေရာကနေစပြီးများသောအားဖြင့် ဦးနှောက်ရဲ့ဘေးဘက်ဖြစ်လေ့ရှိပါတယ်

Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) က ဘယ်လောက်အဖြစ်များသလဲ

တက်တဲ့လူများတွင်ယခုပုံစံမျိုးဟာအဖြစ်အများဆုံးဖြစ်ပါတယ်။ ဒီလိုတက်ခြင်းဟာ ဦးနှောက်လေဖြတ်ထားတဲ့လူတွေမှာတွေ့ရလေ့ရှိပါတယ်။ တက်တဲအြခါ ခြေ ၊ လက်တွေနဲ့ အခြားအစိတ်အပိုင်းတွေရဲ့လှုပ်ရှားမှုဟာမထိန်းချုပ်နိုင်အောင်ဖြစ်လာတတ်ပါတယ်။ ယခုလိုတက်ခြင်းဟာ အချိန်အရမ်းတိုပြီး တက်တဲ့လူဟာလည်း ပတ်ဝန်းကျင်ကိုသတိထားမိမှာမဟုတ်ပါဘူး။ သူတို့ဟာအချိန်ခဏလေး သတိလက်လွတ်ဖြစ်သွားတတ်ပါတယ်။ အန္တရာယ်ရှိတာတွေကိုလျှော့ချပြီး ရောဂါကိုသက်သာအောင်ကုသနိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတွေကတော့အများကြီးရှိပါတယ်။ သို့သော်လည်းရောဂါလက္ခဏာများဟာ တက်နေတဲ့အချိန်မှာသာဖြစ်လေ့ရှိပြီး အခြားအချိန်မှာမဖြစ်ပါဘူး။ တက်တဲ့အခါလည်းမိနစ်အနည်းငယ်သာကြာတတ်ပါတယ်။ဦးနှောက်ရဲ့ထိပ်ပိုင်းမှစပြီးဖြစ်တဲ့တက်ခြင်းဟာ ဦးနှောက်ဘေးဘက်မှစဖြစ်တဲ့တက်တာထက် ပိုပြီးအချိန်တိုလေ့ရှိပါတယ်။ ရောဂါလက္ခဏာများဟာ ရုတ်တရက်ပေါ်လာပြီး တက်တဲ့ရောဂါရှိတဲ့လူဟာလည်း သူ့မှာရောဂါလက္ခဏာတွေဖြစ်နေမှန်းသတိထားမိမှာမဟုတ်ပါဘူး။ ထိုသူများဟာ..

  • တစ်နေရာရာကို အိပ်မက်မက်နေသလိုစိုက်ကြည့်နေခြင်း ၊
  • မတုံ့ပြန်နိုင်ခြင်း၊
  • အိပ်နေရာမှာရုတ်တရက်နိုးလာခြင်း၊
  • ပါးစပ်များကိုထက်ခါထက်ခါလှုပ်နေခြင်း၊ နှုတ်ခမ်းများပိတ်လိုက်ဖွင့်လိုက်လုပ်နေခြင်း၊
  • လေ ၊ အဝတ်အစားများ ၊ ပရိဘောဂများ စသည်တို့ကိုကောက်ယူခြင်း၊
  • စကားများကိုထပ်ခါထပ်ခါပြောနေခြင်း၊
  • အော်ခြင်း၊ ရယ်ခြင်း ၊ ငိုခြင်း ၊
  • သူတို့ကိုသူတို့အန္တရာယ်ရှိနိုင်မယ့်ကိစ္စများပြုလုပ်ခြင်း( ဥပမာ ကားရှေ့ဖြတ်လျှောက်ခြင်း ၊ အဝတ်အစားများကိုစုတ်ဖြဲပစ်ခြင်း)
  • သူတို့ဟာ စက်ဘီးစီးနေသလိုလှုပ်ရှားမှုများကို ပြုလုပ်နေခြင်း၊
  • ထင်ယောင်ထင်မှားများမြင်နေ ကြားနေရခြင်း၊
  • သူတို့ကိုသူတို့နာကျင်အောင်ပြုလုပ်ခြင်း၊
  • တက်ပြီးတဲ့အခါစိတ်ရှုပ်ထွေးနေခြင်း၊
  • တက်ပြီးတဲ့အခါ တက်ခဲ့တာကိုမမှတ်မိခြင်း၊

အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီး ပိုပြီးသိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါရောဂါလက္ခဏာများရှိနေပြီဆိုလျှင်တော့ ဆရာဝန်နှင့်ပြသသင့်ပါပြီ။ လူတစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး ။ သင့်အတွက် အကောင်းဆုံးအဖြေကိုရရှိဖို့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဘာတွေက တက်ခြင်းအတွက်အန္တရာယ်ရှိစေသလဲ။

တက်ခြင်းကိုဖြစ်စေနိုင်တဲ့အန္တရာယ်ရှိတဲ့အရာတွေကတော့…

  • အလင်းရောင်များ ၊
  • သွေးတွင်းသကြားဓါတ်နည်းခြင်း၊
  • အဖျားကြီးခြင်း ၊
  • အချို့ဆေးများနှင့်မတည့်ခြင်း ..စသည်တို့ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ကို ဘယ်လိုအတည်ပြုပါသလဲ

ကုသမှုတစ်ခုကိုဆုံးဖြတ်ချက်မချမီ ဆရာဝန်သည် လူနာဟာ အတက်ရောဂါရှိတာသေချာဖို့ အတည်ပြုဖို့လိုပါတယ်။ ဆရာဝန်ဟာ အတက်ရောဂါရှိတဲ့လူနာနဲ့ သူတက်စဉ်ကဘေးမှာရှိခဲ့တဲ့လူတွေဆီမှ ရနိုင်သမျှအချက်အလက်များကို စုဆောင်းဖို့လိုပါတယ်။ ဆရာဝန်ဟာ မတက်မီ ၊ တက်နေစဉ် နှင့် တက်ပြီးတဲ့အချိန်မှာဘာတွေဖြစ်သလဲဆိုတာသိရှိဖို့လိုပါတယ်။

ဆရာဝန်ဟာ အတက်ရောဂါရှိတယ်လို့ သံသယရှိလျှင်တော့ အတည်ပြုဖို့ စမ်းသပ်မှုများပြုလုပ်ပါလိမ့်မယ်။ ပထမဆုံးဦးနှောက်ကိုEEG ရိုက်ပါလိမ့်မယ်။ သို့သော်လည်းတိကျစေရန် EEG ဟာ တက်တာကိုမှတ်တမ်းတင်ဖို့လိုပါတယ်။CTscan နှင့် MRI တို့ရိုက်ပြီးတက်စေတဲ့အကြောင်းရင်းကိုရှာဖွေဖို့လိုပါတယ်။ သွေးစစ်ခြင်းနှင့်အာရုံကြောစစ်ဆေးခြင်းတို့ကိုပြုလုပ်ဖို့လိုပါလိမ့်မယ်။ ဒီလိုလုပ်ခြင်းဟာ စမ်းသပ်နေစဉ် တက်တာကိုမမြင်ပဲနဲ့ ရောဂါဖြစ်စေတဲ့အကြောင်းကို သိရှိစေနိုင်ပါတယ်။

Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ကို ဘယ်လိုကုသပါသလဲ

ရောဂါစမ်းသပ်အတည်ပြုပြီးတာနဲ့တက်ခြင်းအတွက်ကုသမှုများစွာရှိပါတယ်။ ဖြစ်နိုင်တဲ့ကုသမှုတွေကတော့ …

  • antiepileptic drugs (AEDs) ( အတက်ကျဆေးများ )
  • tiagabine hydrochloride (Gabitril)
  • vagus အာရုံကြောကို လှုံ့ဆော်ခြင်
  • အာရုံကြောများကိုလှုံ့ဆော်ခြင်း၊
  • ခွဲစိတ်ကုသခြင်း၊
  • စားသောက်မှုပုံစံပြောင်းလဲခြင်

ကုသမှုများဟာ တက်စေတဲ့အကြောင်းအရင်း ၊အခြားကျန်းမာရေးအခြေအနေများနှင့် အခြားအရာများအပေါ်မူတည်ပြီးကွဲပြားသွားပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Epilepsy: complex partial seizures.

https://www.healthline.com/health/complex-partial-seizures. Accessed October 13, 2017

Epilepsy: complex partial seizures.

https://www.webmd.com/epilepsy/tc/epilepsy-complex-partial-seizures-topic-overview. Accessed October 13, 2017

ယခုပုံစံ

06/02/2018

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 06/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement