ဦးနှောက်နဲ့ အာရုံကြောမကြီးရဲ့ ပတ်ပတ်လည်ကို ကာရံထားတဲ့ အမြှေးပါးကို ဦးနှောက်အမြှေးပါး လို့ခေါ်ပါတယ်။ ရောဂါပိုးတစ်ခုခု ဥပမာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးပိုးစသဖြင့် ပိုးတစ်မျိုးမျိုးကြောင့် ရောင်ရမ်းတာများပါတယ်။ တခြားအကြောင်းအရင်းတွေလည်းရှိပါတယ်။ ဦးနှောက်အမြှေးပါး ရောင်တာက သိပ်မဆိုးရင် သူ့အလိုလိုပျောက်သွားပေမယ့် တချို့ကျတော့လည်း ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဦးနှောက်အမြှေးပါးရောင်တာကပေါ့ဆသင့်တဲ့ကိစ္စမဟုတ်လို့ သတိထားရမယ့်လက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်။
ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ
ဦးနှောက်အမြှေပါး ရောင်တာက အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးသေးသေးလေးကစပြီးလူကြီးအထိ အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကနဦး လက္ခဏာက တုပ်ကွေးနဲ့ ဆင်တူပါတယ်။ နောက်ပိုင်းကျရင်တော့ အသက်ကိုလိုက်ပြီး လက္ခဏာကွဲသွားပါတယ်။
အသက်၂နှစ်အထက်မှာဆိုရင်
- အဖျားကြီးတာ
- ဆက်တိုက်ငိုတာ
- ဆက်တိုက်အိပ်ငိုက်တာ၊ ဂျီကျတာ
- မလှုပ်ရှားချင်တာ
- အစာမဝင်တာ
- ငယ်ထိပ်ဖောင်းတာ
- ကိုယ်လုံးနဲ့ ဇက်တောင့်တာ
ဦးနှောက်အမြှေးပါးရောင်တဲ့ ကလေးတွေက ငိုရင်ချော့ရခက်ပြီး ချီတာနဲ့ ငိုပါတယ်။
ဦးနှောက်အမြှေးပါး ရောင်စေတဲ့ အကြောင်းရင်းများ
ဗိုင်းရပ်စ်ကြောင့်ဖြစ်တာအများဆုံးပါ။ သူ့နောက်မှာမှ ဘက်တီးရီးယား၊ ရှားရှားပါးပါး မှိုကြောင့်ဖြစ်တာလည်းရှိပါတယ်။ ဒီထဲမှာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေပါးရောင်တာက ပြင်းထန်ပြီး အသက်သေဆုံးတတ်ပါတယ်။
ဘက်တီးရီးယား ဦးနှောက်အမြှေးပါးရောင်ရောဂါ
ဘက်တီးရီးယားက ဦးနှောက်နဲ့ အာရုံကြောမကြီးကို တိုက်ရိုက်ဝင်တာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်တစ်နေရာရာက ရောဂါပိုးဝင်ပြီး သွေးထဲကနေတစ်ဆင့် ဦးနှောက်ကိုရောက်တာဖြစ်ဖြစ် အမြှေးပါးရောင်တတ်ပါတယ်။
ဗိုင်းရပ်စ် ဦးနှောက်အမြှေးပါးရောင်ရောဂါ
ဗိုင်းရပ်စ်အမြှေးရောင်ရောဂါက သိပ်မပြင်းထန်ပါဘူး။ သူ့အလိုလိုပျောက်သွားတာများပါတယ်။ ရေယုန်၊ HIV၊ ပါးချိတ်ရောင်ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တာများပါတယ်။
နာတာရှည် ဦးနှောက်အမြှေးပါးရောင်ရောဂါ
မှိုပိုးနဲ့ တီဘီပိုးတွေကြောင့်ဖြစ်တာများပါတယ်။ ၂ပတ်ထက်ပိုကြာတတ်ပါတယ်။ လက္ခဏာတွေက တခြားဦးနှောက်အမြှေးရောင်လက္ခဏာတွေနဲ့တူတူပါပဲ။
မှို ဦးနှောက်အမြှေးပါးရောင်ရောဂါ
မှိုကြောင့်ဖြစ်တဲ့ အမြှေးရောင်ရောဂါက ရှားပါတယ်။ နာတာရှည်အမြှေးရောင်ဖြစ်တတ်ပါတယ်။ အတွေ့ရအများဆုံးကတော့ ခုခံအားကျတဲ့သူ AIDSရောဂါရှင်တွေမှာတွေ့ရတဲ့ Cryptococcal meningitisပါ။ တခြားအမြှေးရောင်ရောဂါတွေနဲ့ လက္ခဏာတူပါတယ်။ အချိန်မီမကုရင် အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်ပါတယ်။
တခြားအကြောင်းများ
ပိုးကြောင့်မဟုတ်ဘဲ တခြားအကြောင်းတွေကတော့ ဓာတုပစ္စည်းတွေ၊ ကင်ဆာတွေ၊ ဆေးဓာတ်မတည့်တာတွေကြောင့်လည်းဖြစ်တတ်ပါတယ်။
ဘယ်သူတွေမှာ ဦးနှောက်အမြှေးပါး ရောင်ရောဂါဖြစ်နိုင်လဲ။
- ကာကွယ်ဆေးမထိုးတဲ့သူတွေ
- အသက်ငယ်တဲ့ကလေးတွေ (အသက်၅နှစ်အောက်တွေက ဗိုင်းရပ်စ်အမြှေးရောင်ရောဂါဖြစ်တတ်ပြီး ၂၀အောက်တွေက ဘက်တီးရီးယားအမြှေးရောင်ရောဂါပိုဖြစ်တတ်ပါတယ်။)
- လူစုလူဝေးနဲ့နေတဲ့သူတွေ (တချို့သော ဘက်တီးရီးယားအမြှေးရောင်ရောဂါ ဥပမာ meningococcal meningitisက လေကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။)
- ကိုယ်ဝန်ဆောင်တွေ (ကိုယ်ဝန်ဆောင်ချိန်မှာ listeria ဘက်တီးရီးယားပိုးဝင်ခဲ့ရင် ကိုယ်ဝန်ပျက်ကျတာ၊ အသေမွေးတာ၊ လမစေ့ဘဲမွေးတာတွေဖြစ်တတ်ပါတယ်။)
- ခုခံအားကျတဲ့သူတွေ (AIDSရောဂါရှိတဲ့သူ၊ ဆီးချို၊ ခုခံအားထိန်းဆေးသုံးတဲ့သူ၊ အကြောင်းအမျိုးမျိုးကြောင့် ဘေလုံးထုတ်ထားတဲ့သူတွေက ပိုးဝင်လွယ်တာကြောင့် ဖြစ်နိုင်ချေများပါတယ်။)
နောက်ဆက်တွဲဆိုးကျိုးများ
ဦးနှောက်အမြှေးရောင်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ကြောက်ဖို့ကောင်းပါတယ်။ မကုဘဲထားလေလေ နောက်ဆက်တွဲအတက်ရောဂါနဲ့ ဦးနှောက်ပျက်စီးဖို့များလေပါပဲ။ တခြားဆိုးကျိုးတွေကတော့
- နားမကြားတာ
- မှတ်ဥာဏ်ထိခိုက်တာ
- စာသင်ရခက်တာ
- ဦးနှောက်ထိခိုက်တာ
- ဟန်ချက်မထိန်းနိုင်တာ
- တက်တာ
- ကျောက်ကပ်ပျက်စီးတာ
- သွေးလန့်တာ
- အသက်ဆုံးတာတွေဖြစ်တတ်ပါတယ်။
သေချာကုသနိုင်ရင်တော့ ပြန်ကောင်းလာနိုင်ချေရှိပါတယ်။
ဦးနှောက်အမြှးပါး ရောင်ရမ်းခြင်းကို ဘယ်လိုစစ်ဆေးနိုင်သလဲ။
ဦးနှောက်အမြှေးရောင်တာလားဆိုတာ သေချာဖို့ လူနာကို ရောဂါရာဇဝင်တွေ၊ စမ်းသပ်မှုတွေ လုပ်ပါတယ်။ ပြီးမှ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်ပါတယ်။ အသုံးများတဲ့ ဆေးစစ်ချက်တွေကတော့
- သွေးစစ်တာ
- ကွန်ပျူတာဓာတ်မှန်ရိုက်တာ
- ခါးဆစ်ရိုးကြားက အရည်ကို ထုတ်ယူပြီး စစ်ဆေးတာပဲ ဖြစ်ပါတယ်။
-PCV13 : မြန်မာနိုင်ငံမှာ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးအနေနဲ့ ကလေးအသက် ၂လ ၊ ၄လ၊ ၆လမှာထိုးပေးနေပါပြီ။ ပြင်းထန်အဆုတ်ရောင်အပြင် သူ့ရဲ့နောက့်ဆက်တွဲ ဦးနှောက်အမြှေးရောင်ရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
-PPSV23 : CDCက ဒီကာကွယ်ဆေးကို အသက်၆၅နှစ်အထက်လူကြီးတွေ၊ အသက်၂နှစ်အောက်ကလေးတွေ၊ ခုခံအားမကောင်းတဲ့သူတွေ၊ ဘေလုံးထုတ်ထားတဲ့သူတွေ ထိုးသင့်တယ်လို့ အကြံပြုထားပါတယ်။
-Meningococcal conjugate vaccine : CDCက ဒီကာကွယ်ဆေးကို အသက်၁၁-၁၂မှာထိုးရင် ထပ်တိုးကာကွယ်ဆေးကို ၁၆နှစ်၊ အသက်၁၃-၁၅မှာထိုးရင် ထပ်တိုးကာကွယ်ဆေးကို ၁၆-၁၈၊ အသက်၁၆နှစ်မှစထိုးရင်တော့ ထပ်တိုးကာကွယ်ဆေးထိုးစရာမလိုတော့ပါဘူး။
Takeaways
ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်းက အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းကလည်း အများကြီး ရှိပါတယ်။ သေချာမကုသနိုင်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဆေးဦးလေလေ လူနာအသက်ရှင်တဲ့နှုန်း များလာလေလေပဲ ဖြစ်ပါတယ်။