backup og meta

External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) ကဘာလဲ။

သင်၏ဦးခေါင်းပေါ်တွင် ဝတ်ဆင်သော မည်သည့် အရာ မဆို ဦးရေပြားပေါ်တွင် တောက်လျှောက် တင်းကျပ်စေပါက အပြင်မှ ဖိအားကြောင့် ခေါင်းကိုက်ခြင်း ကို ဖြစ်စေသည်။ အားကစား ပြုလုပ်ရာတွင် ဦးထုတ်ဆောင်းရသော ၊ မျက်လုံးအကာအကွယ် အသုံးပြုရသော အားကစား သမားများအနေနှင့် ပိုမို ခံစားရသည်။ တစ်ခါတစ်ရံတွင် ခေါင်းကိုက်စေသော ပစ္စည်းကို အစွဲပြုကာလည်း ခေါ်သည်။ ဥပမာအားဖြင့် ရေကူးမျက်မှန် ကြောင့်ဖြစ်သောခေါင်းကိုက်ခြင်းနှင့် ဘောလုံးဦးထုတ်ကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း တို့ဖြစ်သည်။

External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ထိုခေါင်းကိုက်ခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှု ကို သက်ရောက်သော ဖိအား၊ တင်းကျပ်မှုကို မူတည်ပြီးဖော်ပြလေ့ရှိတယ်။ ဖိအား ၊ တင်းကျပ်မှုအများဆုံးနေရာမှာ အနာဆုံးဖြစ်တယ်။ ဝတ်ထားတဲ့ကြာချိန်ပေါ်မူတည်ပြီး နာကျင်မှုပိုမို ဆိုးရွားလာနိုင်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ခေါင်းပေါ်တွင် တင်းကျပ်သောဖိအားကိုဖြစ်စေသော မည်သည့်အရာမဆို ထိုခေါင်းကိုက်ခြင်းကိုဖြစ်စေသည်။ ကျပ်သော ဦးထုတ်များ၊ ခေါင်းဆောင်းများ ၊ ခေါင်းစည်းများ ၊ အားကစားမျက်မှန်များ ကလည်း ဖြစ်စေသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ခေါင်းဆောင်းများကို ဝတ်ဆင်သူမည်သူမဆို ထိုသို့ခေါင်းကိုက်ခြင်းဖြစ်စေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အဖြေရှာအတည်ပြုခြင်းအတွက် အောက်ပါစံသတ်မှတ်ချက်များရှိသည်။

A –အောက်ဖော်ပြပါခေါင်းကိုက်ခြင်းခံစားရပါက C နှင့် D ဟု သတ်မှတ်သည်။

တဒိန်းဒိန်း မမြည်သော ခေါင်းကိုက်ခြင်း

မိနစ်ပိုင်းအတွင်း ပိုမိုဆိုးရွားလာခြင်း

အခြားသောတွဲဖြစ်သောရောဂါလက္ခဏာများမရှိပါ။

B — တင်းကျပ်သော အရာကို ဦးခေါင်းတွင် ကြာမြင့်စွာ ဝတ်ဆင်ထားခြင်း

C — တင်းကျပ်စွာဖိထားသော နေရာတွင် ခေါင်းကိုက်ခြင်း အဆိုးဆုံး ခံစားရခြင်း

D — ခေါင်းစည်း ၊ ခေါင်းဆောင်းကို ဖယ်ပြီးနောက် သက်သာလာခြင်း

External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

တင်းကျပ်သော ဖိအားဖြစ်နေသော ခေါင်းဆောင်းကို ဖယ်လိုက်ပါက ခေါင်းကိုက်ခြင်းကို ရပ်တန့်ပေးလိမ့်မည်။ သင့်တွင်ခေါင်းတစ်ခြမ်းကိုက်သော ရောဂါရှိပါက တင်းကျပ်သော ခေါင်းဆောင်းများ က ခေါင်းတစ်ခြမ်းကိုက်ရန်လှုံဆော်ပေးသည်။ ထို အခါတွင် ခေါင်းကိုက်ခြင်း သက်သာစေရန် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကုသဖို့လိုသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

မလိုအပ်ဘဲခေါင်းဆောင်းများဆောင်းခြင်း မဆောင်းပါနဲ့ ။

အန္တရာယ်ကိုကာကွယ်ရန် – ဥပမာ အားကစားနှင့် ဆောက်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုရမည်ဆိုရင် သင့်တော်သော အရွယ် ရှိသော ဦးထုတ် ကို သေချာနေရာချဝတ်ဆင်ပါ။ သက်တောင့်သက်သာအဖြစ်ဆုံး ဦးထုတ်ရရှိရန် အရွယ်အစား ၊ပုံစံ အမျိုးမျိုးရှိသော ဦးထုတ်များကို စမ်းသပ် ဝတ်ဆင်ပါ။ ဖြစ်နိုင်မယ်ဆိုရင် ဦးထုတ်ကို ခဏ ခဏ ယာယီချွတ်ပေးခြင်းဖြင့် တင်းကျပ်မှုဖိအားကို သက်သာစေသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

External compression headaches. https://www.mayoclinic.org/diseases-conditions/external-compression-headaches/basics/prevention/con-20025257. Accessed November 9, 2017.
External compression headaches. https://www.drugs.com/mcd/external-compression-headaches. Accessed November 9, 2017.
Helmet-Related, External Compression Headache Among Police Officers in Rio de Janeiro. https://www.medscape.com/viewarticle/472862. Accessed November 9, 2017.

ယခုပုံစံ

18/12/2019

Hello Sayarwon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement