ခြေဖဝါးထဲက ပူသလိုခံစားချက်မျိုးဖြစ်နေတာက အာရုံကြောထိခိုက်မှုကြောင့် (ဆီးချိုကြောင့်လည်းဖြစ်နိုင်) အဖြစ်များဆုံးပါ။ ဒီလိုဖြစ်တာမျိုးက မကြာမကြာလည်းဖြစ်တတ်တယ်၊ ဆက်တိုက်လည်းဖြစ်တတ်တယ် ဒါမှမဟုတ် ပြင်းရင်လည်းပြင်းထန်တတ်တယ် အမျိုးမျိုးပါပဲ။ ခြေဖဝါးထဲမှာ ပူတာ၊ ထုံတာ၊ ကျဉ်တာ၊ အကောင်လေးတွေကိုက်နေသလို တစစ်စစ်ထိုးနေတာတွေ ခံစားရနိုင်ပါတယ်။ ညဘက်မှာ နာကျင်မှုပိုခံစားရတတ်ပါတယ်။
အာရုံကြောတွေကျန်းမာဖို့ အရေးပါတဲ့ ဗီတာမင် B12 ကို အလုံအလောက်မရရှိတဲ့အခါ အခုလိုခံစားရတတ်ပါတယ်။ ညီညွတ်မျှတအောင်မစားတဲ့အခါ၊ အသက်ကြီးလာတဲ့အခါ၊ အရက်စွဲတဲ့အခါ B12၊ folate၊ thiamine နဲ့ တခြား ဗီတာမင် B အုပ်စုဝင်တွေ ချို့တဲ့တတ်ပါတယ်။