backup og meta

Thrombophlebitis (သွေးပြန်ကြောများရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Thrombophlebitis (သွေးပြန်ကြောများရောင်ရမ်းခြင်း) ကဘာလဲ။

သွေးပြန်ကြောများရောင်ရမ်းခြင်း ဆိုတာ သွေးပြန်ကြောတွေ ရောင်ရမ်းပြီး သွေးခဲဖြစ်ပေါ်တဲ့ အခြေအနေကို ခေါ်တာ ဖြစ်ပါတယ်။ သွေးပြန်ကြောရောင်ရမ်းတဲ့ ရောဂါ ဖြစ်တဲ့ အခါ ဖြစ်တဲ့ နေရာမှာ သွေးစီးဆင်းတဲ့ ပမာဏက နှေးကွေးပြီး သွေးပြန်ကြောထဲမှာ သွေးခဲငယ်ဖြစ်ပေါ်လာပါတယ်။ သွေးပြန်ကြောရောင်ရမ်းခြင်းဖြစ်ပေါ်တဲ့ လက်၊ ခြေထောက်တွေမှာ နီရဲ နာကျင်ပြီး ရောင်ရမ်းနိုင်ပါတယ်။ လက်နဲ့ လည်ပင်း သွေးပြန်ကြောတွေမှာ ထက် ခြေထောက်သွေးပြန်ကြောမှ ပိုဖြစ်နိုင်ပါတယ်။ အရေပြား မျက်နှာပြင်အနားမှာရှိတဲ့ သွေးပြန်ကြောရောင်ရမ်းမှုကို thrombophlebitis agriculture လို့ခေါ်ပါတယ်။ သွေးပြန်ကြောရောင်ရမ်းခြင်းဟာ အသက်အန္တရာယ်ကို မထိခိုက်စေပေမယ့် သွေးခဲတွေဟာ ခန္ဓါကိုယ် အတွင်းပိုင်း သွေးပြန်ကြောတွေ (အရေပြားနဲ့ ဝေးကွာတဲ့ နေရာက သွေးပြန်ကြောများ ) အထိဝင်ရောက်သွားတဲ့ အခါမှာတော့ အန္တရာယ်အလွန်ကြီးမားပါတယ်။ သွေးခဲတွေဟာ အဆုတ်ထဲကို ဝင်ရောက်သွားတဲ့အခါမှာတော့ အန္တရာယ်ကြီးမားတဲ့ အဆုတ်တွင်း သွေးစီးဆင်းမှု နည်းပါး/ ရပ်ဆိုင်းတဲ့ ရောဂါ ဖြစ်သွားနိုင်ပါတယ်။

Thrombophlebitis (သွေးပြန်ကြောများရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သွေးပြန်ကြောရောင်ရမ်းခြင်းဟာ အသက် ၆၀ နဲ့ အထက် လူကြီးတွေမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ကလေးမမွေးခင်/ မွေးပြီးတဲ့ အခါ ဖြစ်တတ်ပါတယ်။ ထပ်သိချင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

လက္ခဏာများ

Thrombophlebitis (သွေးပြန်ကြောများရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့နေကျလက္ခဏာတွေကတော့ နီရဲရောင်ရမ်းနေပြီး ပူနေပါလိမ့်မယ်။ လက် ဒါမှမဟုတ် ခြေထောက်မှာ တင်းနေပြီး နာကျင်မှုကို ခံစားရမှာ ဖြစ်ပါတယ်။ လူနာဆီမှာ ဖျားတဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ အပေါ်မှာ မပြထားတဲ့ လက္ခဏာတွေလည်း ကျန်ရှိနိုင်ပါတယ်။ စိတ်ပူစရာ တစ်ခုခု ရှိမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သွေးပြန်ကြောရောင်ရမ်းတဲ့ လက္ခဏာတွေ နီရဲ ရောင်ကိုင်းပြီး နာကျင်နေတာမျိုး တစ်ခု သို့မဟုတ် တစ်ခုထက် ပိုခံစားနေရမယ်ဆိုရင် ဆရာဝန်ပြပါ။ ခြေထောက်ဟာ ရောင်ကိုင်းနေပြီး နာကျင်နေမယ်။ အသက်ရှုတဲ့ အခါ အခက်အခဲရှိမယ် ဒါမှမဟုတ် အသက်ပြင်းပြင်း ရှုတဲ့ အခါ ရင်ခေါင်းထဲကနာမယ် ဆိုရင်တော့ အရေးပေါ်ဆေးရုံ၊ ဆေးခန်းသွားပါ။ သွေးပြန်ကြောထဲက သွေးခဲတွေက နှလုံးထဲကို တဖြည်းဖြည်း ရောက်သွားတဲ့ လက္ခဏာ ဖြစ်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

Thrombophlebitis (သွေးပြန်ကြောများရောင်ရမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သွေးပြန်ကြောရောင်ရမ်းတာဟာ သွေးခဲတွေကြောင့် ဖြစ်ပါတယ်။ ဖြစ်ရိုးဖြစ်စဉ် သွေးစီးဆင်းတာကို တားဆီးတဲ့ အရာတွေကြောင့် သွေးခဲတွေဖြစ်ပေါ်ရတဲ့ အကြောင်းရင်းအများကြီးရှိပါတယ်။ သွေးခဲတွေဖြစ်ပေါ်ရတဲ့ အကြောင်းရင်းတွေထဲမှာ –

  • သွေးပြန်ကြောထိခိုက်မိခြင်း
  • မျိုးရိုးလိုက် သွေးခဲခြင်း

ကာလတာရှည်စွာ ဆေးရုံတက်ရခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Thrombophlebitis (သွေးပြန်ကြောများရောင်ရမ်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

သွေးပြန်ကြောရောင်ရမ်းတဲ့ ရောဂါ ဖြစ်ဖို့ အောက်ပါအချက်တွေလည်းပါဝင်ပါတယ်။

  • ခြေထောက်မှာ ဖောင်းတွန့်နေတဲ့ သွေးပြန်ကြောတွေ ရှိမယ်
  • အသက် ၆၀ ကျော် ဖြစ်မယ်
  • ကား ဒါမှမဟုတ် လေယာဉ် ပေါ်မှာ အကြာကြီး ထိုင်နေ၊ ရပ်နေရတယ်
  • ခွဲစိတ်ကုသပြီးတဲ့ နောက်အိပ်ရာထဲ အကြာကြီး လှဲနေရခြင်း၊ နှလုံးကြွက်သားတွေ အောက်စီဂျင်မရလို့ ပျက်စီးခြင်း၊ လေဖြတ်ခြင်း ဒါမှမဟုတ် ခြေထောက်ဒဏ်ရာတွေ
  • ဆေးကုခံရတဲ့ အခါ သွေးပြန်ကြောထဲ ပိုက်၊ ပြွန် ထည့်သွင်းထားခြင်း။ ဒီလိုမျိုးထည့်သွင်းထားခြင်း က သွေးကြောအသစ်တွေ ဖြစ်ပေါ်စေပြီး သွေးစီးဆင်းမှုကို လျော့ကျစေပါတယ်။
  • ဆေးလိပ်သောက်ခြင်း
  • မကြာသေးခင်ကမှ ကလေးမွေးဖွားခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်ခြင်းကြောင့် ခြေထောက်နှင့် တင်ပဆုံရိုးတို့တွင် ဖိအားများရှိနေခြင်း
  • တားဆေးများ သို့မဟုတ် ဟော်မုန်းဆေးများကို အလွန်သုံးစွဲခြင်း
  • ကိုယ်အလေးချိန် အဆမတန်များခြင်း
  • မိသားစုထဲတွင် သွေးခဲခြင်းနှင့ ်ဆက်စပ်သည့် ရောဂါများရှိခြင်း
  • ကင်ဆာလူနာများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Thrombophlebitis (သွေးပြန်ကြောများရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က နီရဲနေတဲ့ နေရာ နဲ့ ရောဂါလက္ခဏာတွေ အကြောင်းနားထောင်ပြီး ခန္ဓါကိုယ်ကို စစ်ဆေးပါလိမ့်မယ်။ တကယ်လို့ အတွင်းပိုင်းသွေးပြန်ကြောတွေထဲမှာ သွေးခဲတွေ ရှိနေမယ်လို့ ဆရာဝန်က သံသယရှိနေမယ်ဆိုရင် အာထရာဆောင်း ရိုက်ခိုင်းပါလိမ့်မယ်။ အတွင်းပိုင်းသွေးပြန်ကြောရောင်ရမ်းတာ ဖြစ်မဖြစ်ကို သိရအောင် D-dimer သွေးစစ်ချက်ကိုလည်း စစ်ခိုင်းပါလိမ့်မယ်။ ။

Thrombophlebitis (သွေးပြန်ကြောများရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်က နာကျင်ရောင်ရမ်းနေတာတွေကို သက်သာဆေးဖို့ အရောင်ကျဆေးသောက်ဖို့ ညွှန်းပေးပါလိမ့်မယ်။ ဒီ ပဋိဇီ၀ ဆေးတွေက ကူးစက်ရောဂါအတွက်လည်း သုံးလေ့ရှိပါတယ်။

သွေးပြန်ကြောရောင်ရမ်းတဲ့ လူနာတွေဟာ ဆေးကုသမှု ခံယူပြီး ၇ ရက်ကနေ ၁၀ အတွင်း ပြန်ကောင်းလေ့ရှိပါတယ်

ဘဝနေထိုင်မှု ပုံစံ ပြောင်းလဲခြင်းနှင့် အိမ်တွင်း ကုထုံးများ

သွေးပြန်ကြောရောင်ရမ်းမှုကို ထိန်းချုပ်နိုင်မယ့် ဘဝနေထိုင်မှု ပုံစံ နဲ့ အိမ်တွင်း ကုထုံးတွေက ဘာတွေ ဖြစ်မလဲ။

သွေးပြန်ကြောရောင်ရမ်းမှုကို ထိန်းချုပ်နိုင်မယ့် ဘဝနေထိုင်မှု ပုံစံ နဲ့ အိမ်တွင်း ကုထုံးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဆေးလိပ်သောက်တာရပ်ပါ။
  • အဝလွန်နေတယ် ဆိုရင် အလေးချိန်လျှော့ပါ။
  • ကား သို့မဟုတ် လေယာဉ်ပေါ်မှာ အချိန်အကြာကြီး ထိုင်နေရမယ် ဆိုရင် မတ်တပ်ရပ်ပြီး လမ်းလျှောက်၊ အကြောဆန့် ပါ။

မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page 569.

ယခုပုံစံ

04/12/2019

Hello Sayarwon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးပြန်ကြော သွေးမခဲစေဖို့ ဘာတွေ စားကြမလဲ။

ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တဲ့ အကြောင်းရင်း



Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement