သွေးဥမွှား နည်းပါးခြင်းဆိုတာ ဘာလဲသွေးဥမွှားလေးများဆိုသည်မှာ ထိခိုက်ဒဏ်ရာရပါက သွေးခဲရန် ပါဝင်ဆောင်ရွက်ပေးရသော သွေးဆဲလ်လေးများဖြစ်သည်။ ထိုကဲ့သို့နည်းပါးနေခြင်းဆိုသည်မှာ သွေးတွင်းရှိ သွေးဥမွှားပမာဏသည် ပုံမှန်ထက် လျော့နည်းနေခြင်းကိုဆိုလိုသည်။
ထိုကဲ့သို့နည်းပါးနေခြင်းသည် ကျန်းမာရေးပြဿနာတခုခု (သို့) ရောဂါတခုခု (သို့) အချို့သော ဆေးဝါးများကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ အချို့သော သွေးဥမွှားနည်းရောဂါများသည် မပြင်းထန်တတ်သည့် အပြင် လက္ခဏာ လည်းသိပ်မပြတတ်ကြပါ။ သို့သော် ပြင်းထန်ပါက သွေးဥမွှားပမာဏ သည် လွန်စွာနည်းပါး၍ ခန္ဓါကိုယ်အတွင်း သွေးယိုစိမ့်မှုများ ဖြစ်ပွားနိုင်သည်။
မည်သည့် အသက်အရွယ်မဆို ကလေးလူကြီးမခွဲခြားပဲ ဖြစ်ပွားနိုင်ပါသည်။
ရောဂါလက္ခဏာများသည် သွေးတွင်းရှိ သွေးဥမွှားပမာဏအပေါ်တွင်မူတည်သည်။
ဖြစ်နိုင်သော လက္ခဏာများမှာ-
ဖြစ်ပွားနိုင်ပြီး ဆီးနှင့်ဝမ်းထဲ သွေးပါခြင်း ဝမ်းမည်းမည်းများသွားခြင်းတို့ဖြစ်ပွားနိုင်ပါသည်။
အကယ်၍ အထက်ပါ လက္ခဏာများ နှင့် ပတ်သတ်ပြီး ဖြစ်ပွားလျှင်သော်လည်းကောင်း
သံသယရှိ၍မေးစရာ ရှိရင်သော်လည်းကောင်း ဆရာဝန်နှင့် တွေ့ဆုံဆွေးနွှေးသင့်ပါသည်။
လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုခြင်းမတူ၍ ဆရာဝန်နှင့် တိုင်ပင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပေသည်။
ဤရောဂါသည် မျိုးရိုးလိုက်ခြင်း (သို့) အခြားသော ရောဂါများကြောင့် ဖြစ်ပွားနိုင်သည်။
ထိုအရာများမှာ
ခန္ဓါကိုယ်တွင် သရက်ရွက်သည် သွေးဆဲလ်ဟောင်းများ နှင့် အန္တာရာယ်ရှိပစ္စည်းများကို ဖျက်ဆီးပေးသည်။ ထိုသရက်ရွက်မကောင်းပါကလည်း ဖျက်ရန်လိုအပ်သော သွေးဥမွှားတို့သည် သရက်ရွက်တွင် ကပ်ကျန်စုပုံကာ သွေးတွင်းရှိပမာဏအားလျော့ဆင်းသွားစေသည်။
အချို့သော ရောဂါများ၊ကင်ဆာ နှင့် သွေးအားနည်းရောဂါများ သို့ မှားယွင်းနေသော ခုခံအားစနစ်ရောဂါများ ၊
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် ခန္ဓါကိုယ်တွင် အင်ပျင်များ နှင့် ညိုမဲစွဲအကွက်များ ရှိမရှိကို အရင်စစ်ဆေးလေ့ရှိပြီး ရောဂါရာဇဝင်အား မေးမြန်းသည်။ ထို့နောက် သွေးစစ်ခြင်း သွေးထဲရှိ သွေးဥမွှားပမာဏများအားတိုင်းတာခြင်း နှင့် သွေးခဲနိုင်မှုစွမ်းအားများအား တိုင်းတာလေ့ရှိသည်။
ကုသမှုသည် ဖြစ်ပွားသော အကြောင်းအရင်းတွင်မူတည်သည်။ အကယ်၍ အခြားရောဂါ(သို့) ဆေးဝါးကြောင့်ဖြစ်ပွားပါက ဆရာဝန်က သင့်တော်သော ကုသမှုအား တခုစီအတွက် ပေးလိမ့်မည်။
အကယ်၍ သွေးဥမွှားသည် အလွန်အမင်း နည်းပါးနေပါက သွေးသွင်းခြင်း (သို့) သွေးဥမွှားများ အစားပြန်သွင်းခြင်း ၊ သရက်ရွက်အား ခွဲစိတ်ဖြတ်ထုတ်ခြင်း ၊ မှားယွင်းနေသော ကိုယ်ခံအားကို ဖိနှိပ်အားနည်းစေသော ဆေးများဖြင့် အန်တီဘော်ဒီများကို လျော့ပါးစေခြင်းစသည်ဖြင့်ဖြစ်သည်။
မည်ကဲ့သို့သော အနေအထိုင်ကောင်း အလေ့အကျင့်ကောင်းများက သွေးဥမွှားနည်းပါးခြင်းအား ကောင်းမွန်စေသနည်း
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။