backup og meta

သံဓါတ်နည်းတဲ့သူရော သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ ။ ။

သံဓါတ်နည်းတဲ့သူရော သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ က ဘာတွေဖြစ်မလဲ…… သံဓါတ် ပြည့်ဝစေဖို့ ဆိုရင် စားပေးသင့်တာလေးတွေ ရှိပါတယ်။

သံဓါတ်နည်းတဲ့သူရော သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ ။ ။

အစားအသောက်တိုင်းကတော့ သူအာဟာရနဲ့သူ ရှိကြတဲ့သူချည်းပါပဲ။ အစာလည်းဆေး ဆေးလည်းအစာဆိုသလို တစ်ချို့ အစားအသောက်တွေက ဆေးဖြစ်ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားကလည်းရှိသေးတော့ များများစားမိရင် ဘေးဖြစ်စေတဲ့ အစားအသောက်တွေကလည်း တစ်ပုံကြီးပါ။ ခုပြောပြမယ့် ဆောင်းပါးလေးကတော့ သံဓါတ်အားနည်းတဲ့သူတွေအတွက် ဆေးဖြစ်ပေမယ့် သံဓါတ်များတဲ့သူတွေ အတွက် ဘေးဖြစ်စေမယ့် သံဓါတ်များတဲ့ အစားအသောက်တွေ အကြောင်းပြောပြပေးမှာပါ ။ ။

သံဓါတ်နည်းတဲ့သူရော သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ ။ ။

သံဓါတ်နည်းတဲ့သူရော သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ ကတော့

( ၁ ) Shell fish ( အခွံမာပင်လယ်စာ)

ဒီ အခွံမာတဲ့ပင်လယ်စာတွေကိုတော့ မသိတဲ့သူရှိမယ်လို့ မထင်ပါဘူး။ စားရတာလည်း အရသာရှိသလို အာဟာရတွေလည်း အပြည့်ရှိတဲ့ အစားအသောက်တွေပါ။ အထူးသဖြင့် ဂုံးတို့ ၊ကမာတို့ ခရုတို့ဟာ သံဓါတ်များတဲ့ အစားအသောက်တွေပါ။ ဂုံး ၁၀၀ ဂရမ်မှာ သံဓါတ် ၂၈ မီလီဂရမ် ပါဝင်ပြီး ပါတဲ့ သံဓါတ် အမျိုးအစားကလည်း heme type ဖြစ်တာကြောင့် ကိုယ်ခန္ဓါက စုပ်ယူရလွယ်ကူစေပါတယ်။ ဒါ့ကြောင့် သံဓါတ်များနေတဲ့သူတွေကတော့ ရှောင်သ့င်ပြီး သံဓါတ် နည်းနေတဲ့သူတွေကတော့ အားထားစားရမယ့် အစားအစာတစ်ခုပါ။

( ၂ ) ဟင်းနုနွယ် ။

ဟင်းနုနွယ်မှာ အမြင်အာရုံကို အားကောင်းစေတဲ့ ဗီတာမင် A သာမက အခြား အာဟာရဓါတ်တွေဖြစ်တဲ့ သံဓါတ် နဲ့ အမျှင်ဓါတ်လည်း အများကြီးပါပါတယ်။ ဟင်းနုနွယ် ၁၀၀ ဂရမ်မှာ သံဓါတ် ၃.၆ မီလီဂရမ်ပါပါတယ်။ အပင်မို့လို့ ကိုယ်ခန္ဓါက သိပ်မစုပ်ယူနိုင်တဲ့ non-heme iron ဖြစ်ပေမယ့် ဟင်းနုနွယ်ကိုယ်တိုင်မှာ ဗီတာမင် C ေတွကြွယ်ဝစွာပါတာကြောင့် ကိုယ်ခန္ဓါက မစုပ်ယူနိုင်မှာ အတွက် စိုးရိမ်စရာမရှိပါဘူး။

( ၃ ) ကလီစာများ ။ ။

ကလီစာတွေဖြစ်တဲ့ အသည်းတို့၊ ကျောက်ကပ်တို့၊ နှလုံးတို့ ဦးနှောက်တို့ဟာ သံဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေပါ။ သူတို့မှာ သံဓါတ်အများကြီးပါတဲ့အပြင် အခြား အာဟာရဓါတ်တွေဖြစ်တဲ့ selenium, vitamin A and choline တို့လည်း ကြွယ်ဝစွာပါပါတယ်။

( ၄ ) ပဲအမျိုးမျိုး ။

ပဲနီလေး၊ ပဲပိစပ်၊ ပဲကြီးနဲ့ စတော်ပဲ တို့မှာ အပင်ကရတဲ့ Non- heme သံဓါတ်တွေ အများကြီးပါတဲ့အပြင် ဖောလိတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓါတ် တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် သံဓါတ် များနေသူတွေရော နည်းနေသူတွေပါ သိထားသင့်တဲ့ အစားအသောက်တစ်ခုပါ။

( ၅ ) အနီရောင်ရှိတဲ့ အသား။ ။

အနီရောင်ရှိတဲ့ အသားတွေဆိုတော့အမဲသား ၁၀၀ ဂရမ်မှာ သံဓါတ် ၂.၇ မီလီဂရမ်တောင်ပါတဲ့အပြင် သူ့မှာပါတဲ့ သံဓါတ် အမျိုးအစားက heme type ဖြစ်တာကြောင့် စုပ်ယူရအလွယ်ကူဆုံးဖြစ်လို့ သံဓါတ် အားနည်းနေတဲ့သူတွေ လုံးဝကို သိထားသင့်တဲ့ အစားအသောက်တစ်ခုပါ။ သွေးအားနည်းလို့ သံဓါတ် အားဖြည့်ဆေးတွေ သောက်မယ့်အစား အမဲသားစားတာက ပိုကောင်းတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

( ၆ ) အခြား သံဓါတ်ကြွယ်ဝတဲ့ အစားစာတွေကတော့]

ဒါတွေကတော့ သံဓါတ်နည်းတဲ့သူတွေရော သံဓါတ်များနေတဲ့သူတွေပါ သိထားသင့်တဲ့ အစားအသောက်လေးတွေပါ ။။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/11-healthy-iron-rich-foods#section6

Accessed Date 9.5.2019

https://www.webmd.com/diet/iron-rich-foods

Accessed Date 9.5.2019

https://www.redcrossblood.org/donate-blood/blood-donation-process/before-during-after/iron-blood-donation/iron-rich-foods.html

Accessed Date 9.5.2019

ယခုပုံစံ

08/09/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ အကြောင်း သိကောင်းစရာ

ကလေးများသံဓါတ်အားနည်းရောဂါဖြစ်ပွားခြင်းနှင့် ကာကွယ်မှုနည်းလမ်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/09/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ