brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ

တကယ်လို့ သင်က ခွေးချစ်တတ်သူတစ်ယောက်ဖြစ်ပြီး အဆိုးဆုံး ဓါတ်မတည့်မှုကလည်းရှိနေတယ်ဆိုရင် သင့်အတွက်တော့ သိပ်မလွယ်ကူလှပါဘူး။ ခွေးတွေနဲ့ ဓါတ်မတည့်ခြင်းဟာ အသက်ရှူကြပ်ခြင်းနဲ့ နှာချေခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရင်ကြပ်ရောဂါရှိသူတွေဟာ ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြေကာင့် ဘယ်အမျိုးအစားက သင့်အတွက် အကောင်းဆုံးဖြစ်နိုင်မလဲဆိုတာကို သင်လေ့လာထားသင့်ပါတယ်။

ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ

ဘာကြောင့် သင့်မှာ တိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုဖြစ်နေတာလဲ၊

များသောအားဖြင့်တော့ မိသားစုထဲက လူအားလုံး၊ အိမ်ရှိလူအကုန်ဟာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ဓါတ်မတည့်မှု ရှိနေတာမျိုး မဟုတ်ပါဘူး။ အလားတူပဲ သင့်မှာ သင့်အမေရဲ့ မျက်နှာနဲ့ အဖေ့အပြုးံတွေရှိနေတယ်မဟုတ်လား။ ဖြစ်နိုင်တာကတော့ ဓါတ်မတည့်တဲ့ မျိုးရိုးက သင့်ဆီရောက်လာတာဖြစ်မှာပါ။ တကယ်လို့သင့်မှာ အခြားသော ဓါတ်မတည့်မှုတွေ သို့မဟုတ် ရင်ကြပ်ရောဂါတွေ ရှိနေခဲ့ရင် အိမ်မွေး တိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုကလည်း ပိုဖြစ်နိုင်ပါတယ်။

ဓါတ်မတည့်မှုဖြစ်တတ်တဲ့လူတွေမှာ တုံ့ပြန်မှုအားအရမ်းကိုကောင်းတဲံ့ (Oversensitive) ခုခံအားစနစ်ရှိကြပါတယ်။ သူတို့ရဲ့ခန္ဓါကိုယ်ဟာ အန္တရာယ်မရှိတဲ့အရာတွေကိုလည်း အလွန်အကျွံတုံ့ပြန်တတ်ကြပါတယ်။ ဘယ်လိုအရာတွေလဲဆိုတော့ ခွေးမွေး (dander) လိုအရာမျိုးပေါ့။ ပြီးတော့ ဒါတေကို ဘက်တီးရီးယားတို့ ဗိုင်းရပ်စ်တို့လိုပဲ တိုက်ထုတ်ပစ်လိုက်ပါတယ်။ နှာချေခြင်းနဲ့ မျက်ရည်ကျခြင်းတွေဟာ ခန္ဓါကိုယ်က ဓါတ်မတည့်တဲ့ပစ္စည်းတွေကို တိုက်ထုတ်လိုက်တာ ဒါမှမဟုတ် စွန့်ထုတ်လိုက်တာကြောင့်ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။

ခွေးနဲ့ဓါတ်မတည့်တာဟာ ခွေးအမျိုးအစားပေါ် မူတည်နေသလား

ဟုတ်တာပေါ့။ သင်ကံကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အချို့သောခွေးအမျိုးအစားတွေဟာ ဓါတ်မတည့်မှုဖြစ်တာ နည်းပြီး အချို့ကတော့ လုံးဝမဖြစ်စေတာမျိုးလည်း ရှိပါတယ်။

ပထမဆုံး.. ရိုးရိုးသားသားပြောကြည့်မယ်ဆိုရင် ၁၀၀% ဓါတ်မတည့်မှုမဖြစ်စေတဲ့ ခွေးအမျိုးအစားကတော့ မရှိပါဘူး။ ကျွမ်းကျင်သူတွေက “ ခန့်မှန်းရလွယ်ပြီး တစ်သမတ်တည်း” (predictable and consistent coats) လို့ခေါ်တဲ့ ဓါတ်မတည့်သူတွေနဲ့ ပိုပြီးသင့်လျော်တဲ့ ခွေးအမျိုးအစားတွေတော့ရှိပါတယ်။ ဒီအမျိုးအစားတွေဟာ အမွေးမကျွတ်တာကြောင့် skin dander တွေလည်း ပိုနည်းနိုင်ပါတယ်။ skin dander ဆိုတာ ခွေးအမွေးမှာရှိတဲ့ အရာတစ်ခုဖြစ်ပြီး လူတွေကို ဓါတ်မတည့်မှုဖြစ်စေတဲ့ အဓိက အကြောင်းရင်းပေါ့။

သင့်အတွက် ကောင်းမွန်သင့်လျော်တဲ့ ခွေးအမျိုးအစားများ

ဒီမှာတော့ ယေဘုယျအားဖြင့် ဓါတ်မတည့်တဲ့သူတွေအတွက် သင့်လျော်ကောင်းမွန်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားတဲ့ ခွေးအမျိုးအစား ၁၁မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

– Bedlington Terrier

– Chinese Crested

– Bichon Frise

– Irish Water Spaniel

– Poodles (toy, miniature, standard)

– Kerry Blue Terrier

– Maltese

– Portuguese Water Dog

-Xoloitzcuintli

– Schnauzers (miniature, standard, giant)

– Soft Coated Wheaten Terrier

သင်ခွေးတစ်ကောင်ကို မွေးချင်ရင် သင်ဘာလုပ်သင့်လဲ။

ဘယ်ခွေးအမျိုးအစားက သင့်ရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီပြည့်စုံသလဲဆိုတာကို အရင်ဆုံး သေချာဆုံးဖြတ်ပါ။ ဒါဟာ ဓါတ်တည့်သူဖြစ်စေ။ မတည့်သူဖြစ်စေ လူတိုင်းလုပ်ရမယ့် အရာတစ်ခုပါပဲ။ ခွေးအမျိုးအစားတစ်မျိုးချင်းစီမှာ ကိုယ်ရည်ကိုယ်သွေးတစ်ခုချင်းစီရှိကြပြီး အပြုအမူတွေလည်း ကွာခြားကြပါတယ်။ လေ့လာမှုတွေလုပ်ပြီးတဲ့နောက် ဘယ်အမျိုးအစားက သင့်အတွက် အကောင်းဆုံးလဲဆိုတာ ရွေးချယ်ပြီးတဲ့နောက်မှာတော့ နေထိုင်ရာနေရာကို ပြင်ဆင်ရတော့မှာပါ။ ခွေးတစ်ကောင်ကို ပိုင်ဆိုင်လာမယ့်အလျောက် dander တွေကပ်နေနိုင်တဲ့ ခန်းစည်းရှည်တွေ၊ ကော်ဇောတွေ၊ ကူရှင်အထူကြီးတွေနဲ့ ပရိဘောဂတွေ ဒါမှမဟုတ် ချည်ထည်တွေ နဲ့ အခြားသော ကော်ဇောအပိုတွေကို ဖယ်ရှားလိုက်ပါ။

ခွေးကိုရွေးချယ်ပြီးတဲ့နောက်မှာ သင့်ခွေးကို ပုံမှန်ရေချိုးသန့်စင်ပေးဖို့ မမေ့ပါနဲ့။ ဒါဟာ သင့်အိမ်ပတ်ဝန်းကျင်မှာ dander တွေ လျော့နည်းသွားစေပါတယ်။ ပုံမှန် တံမြက်စည်းလှည်းတာ ဖုန်စုပ်တာ စသဖြင့် လုပ်ပေးသင့်ပါတယ်။

အရေးကြီးတဲ့ ခြေလှမ်းတစ်ခုကတော့ သင့်ခွေးကို နေရာတိုင်းသွားခွင့်မပြုဘဲ ကန့်သတ်ထားဖို့ပါပဲ။ ဥပမာ – မိသားစုအခန်းတွေ ဒါမှမဟုတ် မြေအောက်ခန်းတွေပေါ့။ တကယ်လို့ သင့်မှာ ဓါတ်မတည့်မှုတွေရှိနေတယ်ဆို သင့်ခွေးကို သင့်အိပ်ရာနား မလာစေသင့်ပါဘူး။ ဒါမှမဟုတ် ပိုပြီးစိတ်ချရအောင် သင့်အခန်းနားကိုကို အကပ်မခံပါနဲ့။

တကယ်လို့သင်က ဘယ်ခွေးအမျိုးအစားကမှ ဓါတ်မတည့်စေတဲ့ပစ္စည်းတွေ ၁၀၀% ကင်းရှင်းနေတာမဟုတ်ဘူးဆိုတာ သိရပြီဆိုရင် ၊ dander ကို ပိုဂရုစိုက်လို့ ရှင်းလင်းပေးမယ်ဆိုရင် ကျွန်တော်တို့လို ဓါတ်မတည့်တဲ့သူတွေတောင်မှ ခွေးတစ်ကောင်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်

ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/01/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။