ဒီမှာတော့ ယေဘုယျအားဖြင့် ဓါတ်မတည့်တဲ့သူတွေအတွက် သင့်လျော်ကောင်းမွန်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားတဲ့ ခွေးအမျိုးအစား ၁၁မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
– Bedlington Terrier
– Chinese Crested
– Bichon Frise
– Irish Water Spaniel
– Poodles (toy, miniature, standard)
– Kerry Blue Terrier
– Maltese
– Portuguese Water Dog
-Xoloitzcuintli
– Schnauzers (miniature, standard, giant)
– Soft Coated Wheaten Terrier
သင်ခွေးတစ်ကောင်ကို မွေးချင်ရင် သင်ဘာလုပ်သင့်လဲ။
ဘယ်ခွေးအမျိုးအစားက သင့်ရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီပြည့်စုံသလဲဆိုတာကို အရင်ဆုံး သေချာဆုံးဖြတ်ပါ။ ဒါဟာ ဓါတ်တည့်သူဖြစ်စေ။ မတည့်သူဖြစ်စေ လူတိုင်းလုပ်ရမယ့် အရာတစ်ခုပါပဲ။ ခွေးအမျိုးအစားတစ်မျိုးချင်းစီမှာ ကိုယ်ရည်ကိုယ်သွေးတစ်ခုချင်းစီရှိကြပြီး အပြုအမူတွေလည်း ကွာခြားကြပါတယ်။ လေ့လာမှုတွေလုပ်ပြီးတဲ့နောက် ဘယ်အမျိုးအစားက သင့်အတွက် အကောင်းဆုံးလဲဆိုတာ ရွေးချယ်ပြီးတဲ့နောက်မှာတော့ နေထိုင်ရာနေရာကို ပြင်ဆင်ရတော့မှာပါ။ ခွေးတစ်ကောင်ကို ပိုင်ဆိုင်လာမယ့်အလျောက် dander တွေကပ်နေနိုင်တဲ့ ခန်းစည်းရှည်တွေ၊ ကော်ဇောတွေ၊ ကူရှင်အထူကြီးတွေနဲ့ ပရိဘောဂတွေ ဒါမှမဟုတ် ချည်ထည်တွေ နဲ့ အခြားသော ကော်ဇောအပိုတွေကို ဖယ်ရှားလိုက်ပါ။
ခွေးကိုရွေးချယ်ပြီးတဲ့နောက်မှာ သင့်ခွေးကို ပုံမှန်ရေချိုးသန့်စင်ပေးဖို့ မမေ့ပါနဲ့။ ဒါဟာ သင့်အိမ်ပတ်ဝန်းကျင်မှာ dander တွေ လျော့နည်းသွားစေပါတယ်။ ပုံမှန် တံမြက်စည်းလှည်းတာ ဖုန်စုပ်တာ စသဖြင့် လုပ်ပေးသင့်ပါတယ်။
အရေးကြီးတဲ့ ခြေလှမ်းတစ်ခုကတော့ သင့်ခွေးကို နေရာတိုင်းသွားခွင့်မပြုဘဲ ကန့်သတ်ထားဖို့ပါပဲ။ ဥပမာ – မိသားစုအခန်းတွေ ဒါမှမဟုတ် မြေအောက်ခန်းတွေပေါ့။ တကယ်လို့ သင့်မှာ ဓါတ်မတည့်မှုတွေရှိနေတယ်ဆို သင့်ခွေးကို သင့်အိပ်ရာနား မလာစေသင့်ပါဘူး။ ဒါမှမဟုတ် ပိုပြီးစိတ်ချရအောင် သင့်အခန်းနားကိုကို အကပ်မခံပါနဲ့။
တကယ်လို့သင်က ဘယ်ခွေးအမျိုးအစားကမှ ဓါတ်မတည့်စေတဲ့ပစ္စည်းတွေ ၁၀၀% ကင်းရှင်းနေတာမဟုတ်ဘူးဆိုတာ သိရပြီဆိုရင် ၊ dander ကို ပိုဂရုစိုက်လို့ ရှင်းလင်းပေးမယ်ဆိုရင် ကျွန်တော်တို့လို ဓါတ်မတည့်တဲ့သူတွေတောင်မှ ခွေးတစ်ကောင်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးလေးကို ပိုင်ဆိုင်နိုင်ပါပြီ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်
ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။