backup og meta

ဓါတ်မတည့်သည့်လက္ခဏာများ-လည်ချောင်းနာခြင်း

ဓါတ်မတည့်သည့်လက္ခဏာများ-လည်ချောင်းနာခြင်း

သင်ကလေးဘဝက ငုံဆေးတမျိုးမျိုးကြောင့် လည်ချောင်းနာပျောက်သွားဖူးတာကို မှတ်မိပါသလား။

ဒါပေမယ့် အခုတော့ ဒီလည်ချောင်းနာဟာ သင်ဘယ်လိုပဲဆေးသောက်သောက် ရက်တွေတော်တော်ကြာအောင် အကင်းမသေဘဲဖြစ်နေနိုင်ပါတယ်။

တကယ်လို့ သင့်လည်ချောင်းဟာ ဝတ်မှုန်တွေလို လေထဲမှာပါလာတဲ့ အမှုန်လေးတွေကိုရှူမိလို့ ဓါတ်မတည့်ဘဲ ရောင်နေတာဆိုရင်တော့ ကုသဖို့ဟာ သိပ်မရိုးရှင်းတော့ပါဘူး။

ဓါတ်မတည့်ရတဲ့ အကြောင်းရင်းကို တိကျစွာရှာဖွေနိုင်မှ လည်ချောင်းနာသက်သာအောင် ကုသနိုင်မှာဖြစ်ပါတယ်။

လည်ချောင်းနာဖြစ်စေသော ဓါတ်မတည့်ခြင်း

အတွင်းပိုင်း နှာရည်ယိုခြင်းဟာ ဓါတ်မတည့်လို့ဖြစ်ရတဲ့ လည်ချောင်းနာခြင်းရဲ့ အဓိကအချက်ပါပဲ။ ဓါတ်မတည့်စေတဲ့ ပစ္စည်းတခုခုနဲ့ထိတွေ့တဲ့အခါ နှာခေါင်းအတွင်းပိုင်းကနေ လည်ချောင်းထဲ နှာရည်ကျပြီး ယားနာတဲ့ခံစားမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

နှာရည်ယိုတာကြောင့် –

• ချောင်းဆိုးခြင်း

• အစာမျိုချရန်ခက်ခြင်း

• လည်ချောင်းတွင်းကသိကအောက်နေရခက်ခြင်း

• စကားပြောရန်ခက်ခြင်း စတဲ့ ဝေဒနာတွေ ဖြစ်ပေါ်စေပါတယ်။

ဝတ်မှုန်မတည့်သလိုမျိုး ဓါတ်မတည့်မှုများစွာကတော့ ရာသီပေါ်မူတည်ပါတယ်။ အကယ်၍ မိမိရောဂါလက္ခဏာဟာ တနှစ်ပတ်လုံးဖြစ်တတ်တယ်ဆိုရင် လေထမှာ အမှုန်တွေများတတ်တဲ့ ဝတ်မှုန်ကူးချိန် နွေဦးရာသီမှာ ပိုဆိုးလာတတ်ပါတယ်။

အခြား အဖြစ်များတဲ့ ဓါတ်မတည့်ခြင်းတွေကတော့

● ဆေးလိပ်ငွေ့

● ကြမ်းပိုး၊ သန်း၊ လှေးများ

● မှိုစွဲခြင်း

● ခွေးသန်း ကြောင်သန်းများ စတာတွေပဲ ဖြစ်ပါတယ်။

ဓါတ်မတည့်တဲ့ လက္ခဏာတွေဟာ များသောအားဖြင့် နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း၊ မျက်လုံးများယားခြင်းနဲ့ ချောင်းဆိုးခြင်းတို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ လည်ချောင်းနာတဲ့အပြင် ဖျားပြီး ကိုယ်တွေလက်တွေကိုက်ခဲနေရင် အအေးမိတုတ်ကွေးလို ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်နိုင်ပါတယ်။ လည်ချောင်းအတွင်း ယားယံနေခြင်းဟာ ဓါတ်မတည့်လို့ လည်ချောင်းနာခြင်း ဟုတ်မဟုတ် သိနိုင်တဲ့ နည်းလမ်းတခုပါပဲ။ ဒါ့အပြင် နှာရည်အတွင်းပိုင်းယိုတာကြောင့် ခံစားရခက်တဲ့ ဝေဒနာဖြစ်ပေါ်စေပါတယ်။ အသက်ရှုလမ်းကြောင်းထဲ အမှုန်လေးတွေဝင်တဲ့အခါ ယားယံပြီး အနေရခက်ပါတယ်။

ဓါတ်မတည့်ခြင်းကြောင့်ဖြစ်သည့် လည်ချောင်းနာခြင်းကို ကုသခြင်း

ဓါတ်မတည့်တဲ့ အရာတွေကို ရှောင်ရှားတာဟာ လည်ချောင်းနာတာနဲ့ တခြားဆက်စပ်နေတဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ ပထမအဆင့်ကတော့ မတည့်တဲ့အရာတွေနဲ့ မထိတွေ့အောင် တတ်နိုင်သလောက် ရှောင်ဖို့ပါပဲ။ စီးကရက်ငွေ့တွေ ခွေးသန်းကြောင်သန်းတွေကို ရှောင်ပေးပါ။ အိမ်ပြတင်းပေါက်တွေကို ပိတ်ထားပါ။ လေထဲမှာအမှုန်အပါဆုံး အချိန်တွေမှာ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်သွားပါ။ ဒါပေမယ့် တခါတရံ ကံမကောင်းရင်တော့ ဒီဓါတ်မတည့်စေတဲ့အရာတွေကို အမြရှောင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီအချိန်မှာတော့ ဆေးဝါးအကူအညီ ယူရပါတော့မယ်။ ဆရာဝန်ညွှန်းစာမပါဘဲ မိမိဖာသာ ဝယ်ယူနိုင်တဲ့ loratadine (Claritin)၊ cetirizine (Zyrtec) စတဲ့ ဆေးတွေကို နေ့စဉ်သောက်သုံးပြီး အဲဒီအချိန်တွေမှာ ဝဒနာသက်သာစေနိုင်ပါတယ်။ အဲဒီဆေးတွေဟာ ခန္ဓါကိုယ်ထဲမှာ histamine ထွက်ခြင်းကို လျော့ကျစေတာကြောင့် သင့်ကို သက်သာစေနိုင်ပါတယ်။

သင့်ရဲ့ဝေဒနာ အရမ်းဆိုးနေရင်တော့ သင့်ရဲ့ဆရာဝန်ဟာ အားပိုကောင်းတဲ့ဆေးတွေကို ညွှန်ပေးနိုင်ပါတယ်။

လည်ချောင်းနာခြင်းကို ဖြစ်စေတဲ့ နှာရည်ကျခြင်းကိုသက်သာစေတဲ့ နှာပွင့်ဆေး ဖြန်းဆေးတွေပါ ပေးနိုင်ပါတယ်။

ဓါတ်မတည့်မှုကုသသူများဟာ သွေးဖောက်စစ်ပြီး ဘာကိုမတည့်တာလဲဆိုတာ တိကျစွာ ပြောနိုင်ပါတယ်။ ဒီလိုအတိအကျသိရင် ဓါတ်မတည့်တဲ့ပစ္စည်းတွေကို ရှောင်နိုင်ရုံမကပဲ immunotherapy လို ကုထုံးမျိုးနဲ့ ကုသဖို့လိုမလိုပါ ဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်။

Allergic shots ဆိုတဲ့ကုထုံးဟာ သင့်ကို ဓါတ်မတည့်ခြင်းကနေ ကင်းဝေးရအောင် ရေရှည်ကုသခြင်းနဲ့ အထောက်အကူပြုပါတယ်။ ဒီကုထုံးမှာ ဓါတ်မတည့်ဖြစ်စေတဲ့ အရာကို အနည်းငယ်ထည့်သွင်းထားပြီး သင့်ကို တဖြည်းဖြည်းပေးရင်း ခန္ဓါကိုယ်ကနေတုံ့ပြန်မှုလျော့ကျသွားစေနိုင်မှာဖြစ်ပါတယ်။ အမေရိကန်မိသားစုသမားတော်များ အကယ်ဒမီရဲ့ အဆိုအရတော့ လူနာအများစုအတွက်ခြောက်လစာကုထုံးမှာ တပတ်ကို တကြိမ် သို့ နှစ်ကြိမ် ဆေးထိုးဖို့ လိုအပ်ပါတယ်။ လစဉ်ထိုးနှံမှုတွေဟာ ပျမ်းမျှ သုံးနှစ်ကနေ ငါးနှစ်အထိ လိုအပ်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Allergy shots: Could they help your allergies? http://familydoctor.org/familydoctor/en/diseases-conditions/allergic-rhinitis/treatment/allergy-shots-could-they-help-your-allergies.printerview.all.html. Accessed August 22, 2015.

Mayo Clinic Staff. Sore throat. http://www.mayoclinic.org/diseases-conditions/sore-throat/basics/definition/con-20027360. Accessed August 22, 2015.

Pongdee, Thanai. Colds, allergies, and sinusitis How to tell the difference. https://www.aaaai.org/Aaaai/media/MediaLibrary/PDF%20Documents/Libraries/EL-allergies-colds-allergies-sinusitis-patient.pdf. Accessed August 22, 2015.

Sorting out seasonal allergies. http://www.osteopathic.org/osteopathic-health/about-your-health/health-conditions-library/general-health/Pages/sorting-out-seasonal-allergies.aspx. Accessed August 22, 2015.

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ

ထူးထူးခြားခြား ဓာတ်မတည့်မှုများ



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement