backup og meta

ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်မှုအကြောင်း

ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်မှုအကြောင်း

အသက်အန္တရာယ် ထိခိုက်လောက်တဲ့အထိ ဖြစ်ပွားတဲ့ ဓါတ်မတည့်ခြင်း အမျိုးအစားကို ဆိုးရွားပြင်းထန်သော ဓါတ်မတည့်ခြင်းလို့ ခေါ်ပါတယ်။ လျင်မြန်စွာ ဖြစ်ပွားတတ်ပြီး ဓါတ်မတည့်မှုဖြစ်စေတဲ့ အရာနဲ့ ထိတွေ့အပြီး မိနစ်အနည်းငယ်အတွင်း လက္ခဏာ ပြတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ အစာမတည့်ခြင်း၊ အကောင်ကိုက်ခြင်း၊ ဆေးဝါးများမှ ဖြစ်ပွားခြင်း၊ ရာဘာစေး မတည့်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းလို့ အတည်ပြုမိရင် ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။ နီးစပ်ရာ ကျန်းမာရေးဌာနသို့သွားရောက်ပြီး အပီနက်ဖရင်းလို ဆေးမျိုး ထိုးပြီး ကုသဖို့ လိုအပ်ပါတယ်။ ဒီပြသနာကို ချက်ချင်းမကုသမိရင် သေစေနိုင်ပါတယ်။

အကြောင်းအရင်းများ

ပြင်ပက ဝင်ရောက်လာတဲ့ အရာဝတ္တုတမျိုးမျိုးနဲ့ ဓါတ်မတည့်တဲ့အခါ ကိုယ်ခံအားစနစ်ဟာ အဲဒီအရာအပေါ် လွန်ကဲစွာတုံ့ပြန်ပြီး ဓါတ်မတည့်တဲ့ လက္ခဏာတွေ ပေါ်ပေါက်လာပါတယ်။ အများစု အနေနဲ့ကတော့ ဓါတ်မတည့်မှု လက္ခဏာတွေဟာ သိပ်ပြိး မပြင်းထန်တတ်ပါဘူး။ ဒါပေမယ့် လူတချို့မှာတော့ ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်မှုမျိုး ဖြစ်စေတတ်ပါတယ်။ ရင်ကျပ်ပန်းနာလိုရောဂါမျိုး ရှိတဲ့အပြင် မိသားစု ရာဇဝင်မှာလည်း ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်မျိုး ဖြစ်တတ်ရင် ဒီပြသနာဖြစ်ဖို့ အလားအလာ ပိုများပါတယ်။ ယခင်က သာမန်လောက်ပဲ ပြင်းထန်တဲ့ ဓါတ်မတည့်မှုမျိုးပဲ ဖြစ်ဖူးရင်တောင် နောင်မှာ ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်မှုမျိုး ဖြစ်နိုင်ပါတယ်။

ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်မှုမျိုးကို ဖြစ်စေတဲ့ ဓါတ်မတည့်ပစ္စည်းများစွာ ရှိပါတယ်။

အဖြစ်အများဆုံး အကြောင်းအရင်းတွေကတော့

– ဆေးဝါးအချို့ (အထူးသဖြင့် ပင်နီဆလင်)

– မြေပဲ၊ အခွံမာသီး (သစ်ကြားသီး၊ ပန်းညိုသီး၊ မက်မွန်သီး၊ သီဟိုဠ်စေ့)၊ ဂျုံ (ကလေးများတွင်)၊ ငါး၊ ကနုကမာ၊ နို့၊ ဥမျိုးစုံ စတဲ့ အစားအစာများ

– ပျား၊ နကျယ်ကောင်၊ ပျားတူကောင်၊ မီးပုရွက်ဆိတ် စတဲ့ အကောင်များကိုက်ခံရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အတွေ့နည်းတတ်တဲ့ အကြောင်းအရာတွေကတော့

– ရာဘာစေး

– မေ့ဆေးထုံဆေးကဲ့သို့ ဆေးဝါးများ

– လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းဟာလည်း ဆိုးရွားတဲ့ ဓါတ်မတည့်မှုကို တခါတရံ ဖြစ်ပေါ်တတ်တာကို အံ့အားသင့်စရာ တွေ့ရပါတယ်။ အနှေးပြေးခြင်း၊ အေရိုးဗစ်ဆော့ခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ တခါတရံ လမ်းလျှောက်ခြင်းနဲ့တင် ဖြစ်တတ်ပါတယ်။ လူတချို့ရဲ့ ဓါတ်မတည့်ခြင်းကတော့ လေ့ကျင့်ခန်းမတိုင်မီနဲ့ ပြုလုပ်အပြီးမှာ အစားအစာ တချို့စားခြင်း၊ ရာသီဥတုပူခြင်း၊ အေးခြင်း၊ စိုထိုင်းခြင်း စတဲ့အကြောင်းအရာတွေကြောင့် ဖြစ်တတ်ပါတယ်။

လက္ခဏာများ

ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းကို ကြုံတွေ့ရသူတိုင်း ပေါ်လာတဲ့ လက္ခဏာတွေဟာ မတူညီနိုင်ပါဘူး။ ဓါတ်မတည့်မှုလက္ခဏာတွေဟာ ဓါတ်မတည့်ပစ္စည်းနဲ့ ထိတွေ့အပြီး မိနစ်အနည်းငယ် အတွင်း ပြလာတတ်ပါတယ်။ ဒါပေမယ့် တခါတရံမှာ နာရီဝက် တနာရီလောက် ကြာပြီးမှာ သတိပြုမိလာတာမျိုး ဖြစ်တတ်ပါတယ်။

အောက်ပါလက္ခဏာတွေကတော့ ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်မှုလက္ခဏာတွေ ဖြစ်ပြီး ကိုယ်ခန္ဓါမှာ တနေရာထက်ပိုပြီး ဖြစ်ပေါ်နိုင်ပါတယ်။

– အရေပြားတွင် ယားယံနီမြန်းသော အင်ပျဉ်များ ဖြစ်လာခြင်း၊ ဖျော့တော့လာခြင်း

– ပူနွေးလာသည်ဟု ခံစားရခြင်း

– လည်ချောင်းတွင် တစ်ဆို့လာသလို ခံစားရခြင်း

– အသက်ရှူလမ်းကြောင်းကျဉ်းပြီး လျှာနှင့် လည်ချောင်းထူလာခြင်း၊ အသက်ရှူ ပြင်းထန်လာခြင်း၊ အသက်ရှူ ကြပ်လာခြင်း

– ချောင်းဆိုးခြင်း

– သွေးလန့်ခြင်း

– မျက်နှာနှင့် ကိုယ်ခန္ဓါတွင် အဖြူကွက် အနီကွက်များ ပေါ်လာခြင်း

– သွေးခုန်နှုန်းအားပျော့ပြီး မြန်လာခြင်း

– ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း

– မူးဝေခြင်း၊ သတိလစ်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်ခြင်း ဆိုတာဘာလဲ

ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်မှုဖြစ်တဲ့အခါ အရေးကြီး အင်္ဂါအစိတ်အပိုင်းများကို သွေးကောင်းကောင်း မလျှောက်တော့ဘဲ သွေးလန့်ခြင်း ဖြစ်စေတတ်ပါတယ်။ သွေးလန့်ခြင်းဟာ ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်းရဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။ ဓါတ်မတည့်မှုဖြစ်ချိန်မှာ လူတိုင်းဟာတော့ သွေးလန့်တာ မကြုံရပါဘူး။ လူတချို့ဟာ ဓါတ်မတည့်မှု ဖြစ်ပွားချိန်မှာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းလာတာကြောင့် အသက်ရှူရပ်ခြင်း၊ အသက်ရှူလမ်းကြောင်းပိတ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်မှုကြောင့် သွေးလန့်ခြင်းဟာ နှလုံးထိခိုက်မှုကိုလည်း ဖြစ်စေပါတယ်။ အဲဒီအခြေအနေအားလုံးဟာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

သင်ဖြစ်စေ၊ သင့်မိသားစုဝင်ဖြစ်စေ၊ တခြား တယောက်ယောက်ဖြစ်စေ ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်း ကြုံရတဲ့အခါ အရေးပေါ်ဆေးကုသမှု ခံယူဖို့ သတိပြုပါ။ ဓါတ်မတည့်ခြင်းနဲ့ ပတ်သက်တဲ့ တိကျတဲ့ ရောဂါရှာဖွေမှု၊ အောင်မြင်တဲ့ ကုသမှု အစီအစဉ်တွေဟာ ရောဂါကို ပိုမဆိုးသွားဖို့၊ ပြန်ဖြစ်မလာဖို့ အလွန်အရေးကြီးလှပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What is Anaphylaxis? https://www.epipen.com/what-is-anaphylaxis/. Accessed 21 October, 2016.

Anaphylaxis. http://www.mayoclinic.org/diseases-conditions/anaphylaxis/basics/definition/con-20014324. Accessed 21 October, 2016.

Anaphylaxis. http://www.aaaai.org/conditions-and-treatments/allergies/anaphylaxis. Accessed 21 October, 2016.

Allergies and Anaphylaxis. http://www.webmd.com/allergies/guide/anaphylaxis?page=2. Accessed 21 October, 2016.

Anaphylaxis. http://www.healthline.com/health/anaphylaxis – Complications6. Accessed 21 October, 2016

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ

ထူးထူးခြားခြား ဓာတ်မတည့်မှုများ



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement