brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပြင်းထန်အစာဓါတ်မတည့်မှုအတွက် အရေးပေါ်အစီအစဉ်

အစာဓါတ်မတည့်မှုရှိသူတွေအတွက် သူတို့ရဲ့လက္ခဏာတွေဟာ အပျော့စားမသက်မသာဖြစ်မှုကနေပြီး အပြင်းစား အသက်အန္တရာယ်ပေးနိုင်သည်ထိရှိကြပါတယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ မတည့်တဲ့အစားအစာတွေနဲ့ မတည့်နိုင်တဲ့ ဓါတ်မတည့်ပစ္စည်းတွေကိုရှောင်ဖို့ပါပဲ။

ပြင်းထန်အစာဓါတ်မတည့်မှုအတွက် အရေးပေါ်အစီအစဉ်

ကံမကောင်းစွာနဲ့ပဲ သင်က သေချာ ရှောင်ရှားမယ်ဆိုရင်တောင် သင့်ကို ဓါတ်မတည့်မှုဖြစ်စေမယ့် အရာတစ်ခုကို သင်မသိလိုက်ဘဲ ထိတွေ့မိနိုင်ပါသေးတယ်။ မတော်တဆ ထိတွေ့မှုတွေအတွက် အရေးပေါ်အစီအစဉ်ထားရှိခြင်းက သင့်အသက်ကို ကယ်တင်နိုင်ပါလိမ့်မယ်။

ဆေးဝါးများ

ပြင်းထန်တဲ့ဓါတ်မတည့်ခြင်းဟာ ချက်ချင်းကုသဖို့အရေးပေါ်လိုအပ်တဲ့ အခြေအနေပါ။ epinephrine auto injector ကို အမြဲတမ်းသင်နဲ့မကွာ ဆောင်ပါ။ တကယ်လို့သင်က ပြင်းထန်တဲ့ အစာဓါတ်မတည့်မှုရှိတယ်လို့ သတ်မှတ်ခံရရင် သင့်ဆရာဝန်က ဒီလို ဆေးမျိုးကိုပဲညွှန်းဆိုပါလိမ့်မယ်။

ပြီးတော့ ဒါကို အမြဲဆောင်ထားသင့်ကြောင်းဆိုပါလိမ့်မယ။် ဒီပစ္စည်းဟာ epinephrine ပါဝင်တဲ့ ဆေးထိုးပိုက်ထည့် ပိတ်ထားတဲ့ ဆေးထိုးအပ်တစ်ချောင်းပါပဲ။ ဒီဆေးထိုးဖို့အတွက် ဆရာဝန်တွေကို အကူအညီတောင်းဖို့မလိုအပ်ပါဘူး။

ဒီပစ္စည်းဟာ အများပြည်သူနဲ့ အသက်အရွယ်မရွေး အလွယ်တကူအသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတာပါ။ လိုအပ်လာတဲ့အချိန်တွေမှာ ဒီဆေးကို ပေါင်အပေါ်ပိုင်းကြွက်သားအပြင်ဘက်မှာထိုးလိုက်ပါ။ ဒီပစ္စည်းကို အဝတ်တွေကိုဖြတ်ပြီး အသုံးပြုနိုင်အောင်လည်း ဒီဇိုင်းထုတ်ထထားတာပါ။

တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အရ ပြင်းထန်ဓါတ်မတည့်ခြင်းအတွက် ကုသခြင်းမှာ ထိုးဆေးကို အမြန်ဆုံးထိုးပေးဖို့လည်းလိုပါတယ။် နှောင့်နှေးခြင်းဟာ ထိုသူရဲ့အခြေအနေကို ပိုပြီးဆိုးသွားစေပြီး တစ်ခါတစ်လေမှာ လက္ခဏာပြပြီး နာရီဝက်ကနေ ၁နာရီအတွင်း သေဆုံးသွားတတ်ပါတယ်။

Epinephrine ဟာ ချက်ချင်းအလုပ်လုပ်တာဖြစ်ပေမယ့် တစ်ခါတလေမှာ ထပ်ခါထပ်ခါထိုးပေးဖို့ လိုအပ်ပါတယ။် 911ကိုခေါ်ဖို့ လက္ခဏာကောင်းသွားသည်ထိမစောင့်နေပါနဲ့။ ဒါဟာ အရေးပေါ်အခြေအနေပါ။

အရေးပေါ်ခန်းထဲသွားပြီး မှန်ကန်တဲ့ကုသမှုခံယူဖို့ဟာ လက္ခဏာတွေ ကောင်းသွားပြီးသည့်တိုင်အောင် လိုအပ်နေပါသေးတယ်။

ပြင်းထန်ဓါတ်မတည့်ခြင်းအတွက် လုပ်ဆောင်ရမည့် အစီအစဉ်

ပြင်းထန်ဓါတ်မတည့်ခြင်းဖြစ်တယ်လို့ သတ်မှတ်ခံရပြီးရင် ပြင်းထန်ဓါတ်မတည့်ခြင်းအတွက် အရေးပေါ်လုပ်ရမည့်အစီအစဉ်ပုံစံ သို့မဟုတ် ကဒ်တောင်းပါ။ ဒီအထူးပုံစံတွေက ပြင်းထန်ဓါတ်မတည့်ခြင်းဖြစ်နေသူတွေအားလုံးအတွက် အသုံးဝင်ပါတယ။်

ဒီပုံစံတွေရဲ့ ရည်ရွယ်ချက်ကတော့ အရေးပေါ်အခြေအနေအတွက်ပြင်ဆင်ဖို့ပါ။ သူ့မှာ ပြင်းထန်ဓါတ်မတည့်ခြင်းအတွက် အချက်အလက်တွေနဲ့ သင့်ရဲ့ဓါတ်မတည့်မှုအကြောင်းတွေပါဝင်ပါတယ်။

ဒါတွေက သင့်ဘေးကလူတွေကို အရေးပေါ်အခြေအနေဖြစ်လာခဲ့ရင် ဘာတွေလုပ်ရမယ်ဆိုတာ ညွှန်ပြပေးနိုင်ပါလိမ့်မယ်။

ဒီပုံစံမှာ အောက်ပါ အချက်တွေ ပါဝင်ပါလိမ့်မယ်။

နာမည်နဲ့အသက်၊ အခြားသော ဓါတ်မတည့်ခြင်းတွေ၊ ရင်ကြပ်သို့မဟုတ် သင့်အတွက် အန္တရာယ်ရှိနိုင်မယ့် အခြားအချက်တွေ၊ ပြင်းထန်ဓါတ်မတည့်ခြင်းအတွက ်လက္ခဏာတွေ၊ epinephrine ကိုဘယ်လိုသုံးရမယ်ဆိုတဲ့ လမ်းညွှန်မှုတွေ၊ သင်သယ်ဆောင်ထားတဲ့ ဆေးရဲ့အသုံးပြုပုံနဲ့ အမျိုးအစား၊ အရေးပေါ်ဆက်သွယ်ရန်အချက်အလက်၊ အလျင်အမြန်ကုသမှုခံယူဖို့ အရေးကြီးကြောင်းတွေ။

သင့်ရဲ့ အရေးပေါ်အစီအစဉ်ပုံစံတွေကို ဆရာဝန်နဲ့ ဖြည့်ပြီး ပုံမှန် အဆင့်မြင့်ပေးနေဖို့လည်း လိုပါတယ်။

တကယ်လို့ တစ်ယောက်ယောက်က ပြင်းထန်ဓါတ်မတည့်ခြင်းနဲ့ ရင်ဆိုင်နေရတယ်ဆို ဘာလုပ်မလဲ။

သင်သိတဲ့သူတစ်ယောက်က ဒီလိုအဖြစ်မျိုးကြုံနေပြိဆို သင်ဘာလုပ်သင့်တယ်ဆိုတာကို သိထားဖို့က အရေးကြီးပါတယ်။ ဒါဟာ သေခြင်းနဲ့ ရှင်ခြင်းကြားက နံရံတစ်ချပ်ပါပဲ။

ဖြစ်နိုင်တဲ့လက္ခဏာတွေက ဘာတွေလဲဆိုတာကို သိနိုင်ဖို့နဲ့ သင့်အနားကလူတွေကို ဒီအကြောင်းတွေ ပြန်ပြီးပညာပေးဖို့ကလည်း အရေးကြီးပါတယ်။ သင့်ရဲ့ ဓါတ်မတည့်မှုကိုဖြစ်စေတဲ့ အရာတွေအကြောင်းအသေးစိတ်ရောပေါ့။

သင်နဲ့ အဆက်အသွယ်မပြတ်ရှိနေသူတွေရော သင်ရော epinephrine injection ကိုဘယ်လိုသုံးရမယ်ဆိုတာ သိကိုသိထားဖို့လိုအပ်ပါတယ်။

အောက်ပါအချက်တွေကတော့ တစ်ယောက်ယောက်က ပြင်းထန်ဓါတ်မတည့်ခြင်းဖြစ်နေပြိဆို ချက်ချင်းလုပ်ဆောင်ပေးရမယ့် အဆင့်တွေပါပဲ။

ဓါတ်မတည့်စေတဲ့အစာတွေကို အဝေးကို ချက်ချင်းယူသွားပါ။

Auto injector ကို ချက်ချင်းထိုးပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ပေါင်ကြွက်သားမှာထိုးပါ။

အရေးပေါ်ချက်ချင်းခေါ်ပါ။

ဆေးရုံမှာဆိုရင်တော့ resuscitation team ကို ခေါ်ပါ။

Epinephrine ထိုးပြီးပြီဆိုရင် လူနာကို လှဲထားပါ။

ကြပ်နေတဲ့အဝတ်အစားတွေကိုလျှော့ပေးပါ။

တကယ်လို့သူတို့က အန်နေတာ ဒါမှမဟုတ် ပါးစပ်ကနေ သွေးတွေထွက်လာတာဆိုရင်တော့ ဘေးတစ်စောင်းထားပေးပါ။

တကယ်လို့သင်က ပြင်းထန်ဓါတ်မတည့်တဲ့လက္ခဏာပြနေတဲ့ လူအချို့နဲ့ရှိနေတယ်ဆို အရေးကြီးတဲ့ အချက်တွေကို ပြန်ပြီးသတိပြုပါ။

ဆေးမထိုးမီ ၊ ဆေးရုံကားမခေါ်မီ လက္ခဏာတွေပြန်ကောင်းလာမလား မစောင့်နေပါနဲ့။ စောင့်ဆိုင်းခြင်းက သေဆုံးခြင်းကိုခေါ်လာနိုင်ပါတယ်။

Antihistamines တွေဟာ epinephrine ေနေရာမှာ ဘယ်လိုမှအစားမထိုးနိုင်တဲ့အပြင် အသက်အန္တရာယ်ဖြစ်နိုင်ချေကိုပါ တိုးမြှင့်စေပါတယ်။

လက္ခဏာတွေ ကောင်းသွားခဲ့သည့်တိုင်အောင် အရေးပေါ်ကုသခြင်းက လိုအပ်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ epinephrine ထိုးပြီးတာတောင်မှ လက္ခဏာတွေ ပြန်ဖြစ်လာနိုင်ချေရှိလို့ပါပဲ။

သင်ချစ်ရခင်ရသူတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေအားလုံးကို သင့်ရဲ့ epinephrine auto injector ဘယ်မှာထားတယ်ဆိုတာပြောပြဖို့မမေ့ပါနဲ့။ သင့်ကား သို့မဟုတ ်စားပွဲခုံပေါ်မှာ အပိုတစ်ခုဆောင်ထားတာလည်း မမှားပါဘူး။

သင်က အမြဲတမ်းတော့ ပြင်းထန်ဓါတ်မတည့်ခြင်းတွေကို ဘယ်ကာကွယ်နိုင်ပါ့မလဲ။ ဒါပေမယ့် ဖြစ်လာပြီဆိုရင် ကာကွယ်ဖို့ အပြည့်အဝပြင်ဆင်ထားတာက အရာအားလုံးကို ပြောင်းလဲသွားစေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။