ဒီအကျင့်ဟာ ထင်ထားတာထက် ပိုပြီး လူကြိုက်များပါတယ်။ ဘရာစီယာအများစုဟာ လျော့လွယ်တင်းလွယ်တဲ့ အရာတွေနဲ့ ချုပ်လုပ်ထားပြီး အချိန်ကြာလာတာနဲ့အမျှ ကျယ်ပြီးလျော့ရဲလာပါတယ်။ ဒါပေမယ့် သူ့ရဲ့အဓိကလုပ်ငန်းက ရင်သားကို ပင့်တင်ထိန်းသိမ်းပေးဖို့ပါပဲ။ သိပ်မတော်တဲ့ ဘရာစီယာတွေ ဝတ်ခြင်းကြောင့် ရင်သားတွေဟာ လျော့ရဲလာပါတယ်။ ရင်သားဟာ တုန်လှုပ်မှုများရင် ရင်သားရဲ့အရေပြားကို ဖိအားဖြစ်စေလို့ ဖြစ်ပါတယ်။ မိမိနဲ့သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ်ပြီး ဘရာစီယာအုံဟာ ရင်သားတွေကို ကောင်းစွာ ပင့်တင်ထိန်းသိမ်းထားနိုင်ရပါမယ်။ ၈၀%သော အမျိုးသမီးများဟာ သူတို့နဲ့မတော်တဲ့ ဘရာစိယာတွေကို ဝတ်ဆင်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆိုင်မှာ သေချာတိုင်းထွာပြီးမှ သင့်တော်တဲ့ ဘရာစီယာကို ဝယ်သင့်ပါတယ်။
၂။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းဟာ အရေပြားရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်းကို လျော့ကျစေပြီး ရင်သားကို တွဲကျစေပါတယ်။ အရေပြားထဲက အသားအရည် တင်းရင်းစေတဲ့ဓါတ်ကို လျော့ကျစေပြီး သွေးလည်ပတ်မှုကို ဆိုးရွားစေပါတယ်။ ဒီအချက်ဟာ အရေပြားကို အားလျော့စေပြီး ရင့်ရော်ခြင်းကို မြန်ဆန်စေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ တခြားကျန်းမာရေးပြသနာမျိုးစုံကိုလည်း ဖြစ်ပေါ်စေပါတယ်။ သင် စီးကရက်အလိပ် ၆၀လောက် သောက်ပြီးချိန် အဆုတ်မှာ ဘာတွေ ပြောင်းလဲသွားတယ်ဆိုတာ လေ့လာစေချင်ပါတယ်။
၃။ အစားအသောက်ပုံစံမမှန်ခြင်း
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။