နို့တိုက်မိခင်တွေမှာ နို့ပြွန်တွေပိတ်ဆို့နေတဲ့အခါ နို့ရည်တွေဟာ အတွင်းမှာစုနေပြီး ရောဂါပိုးကူးစက်မှု စတင်ဖြစ်ပွားတတ်ပါတယ်။ ကလေးငယ်တွေကို နို့ချိုတိုက်ကျွေးတဲ့အခါ မိခင်ရဲ့ နို့သီးခေါင်းနဲ့ နို့ပြွန်တွေမှာ အနာတရဖြစ်တတ်ပါတယ်။ ထိုအခါ ကလေးငယ်ရဲ့ပါးစပ်မှတစ်ဆင့် ဘက်တီးရီးယားတွေဝင်ရောက်ခြင်းကြောင့်လည်း ရောဂါပိုးကူးစက်ခံရတတ်ပါတယ်။ ထိုဘက်တီးရီးယားတွေကို သာမန်အချိန်မှာတောင် လူတွေရဲ့အရေပြားပေါ်မှာတွေ့ရတတ်ပါတယ်။ သူတို့တွေဟာ ရင်သားတစ်ရှူးထဲဝင်ရောက်သွားရင်တော့ အလွန်မြန်ဆန်စွာ ပွားများလာပြီး မနှစ်မြို့ဖွယ်ရောဂါ လက္ခဏာတွေကိုဖြစ်စေပါတယ်။
ဘက်တီးရီးယားတွေက ကလေးငယ်တွေကို အန္တရာယ်မဖြစ်စေပါဘူး။ ဒါကြောင့် နို့အုံရောင်ရမ်းနာဖြစ်နေချိန်မှာလည်း ကလေးအားနို့တိုက်ခြင်းကို ဆက်လက်ပြုလုပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီလိုအခြေအနေဟာ ကလေးအားနို့တိုက်တဲ့ ပထမဦးဆုံးအပတ်တွေမှာ ဖြစ်လေ့ရှိပါတယ်။
ကလေးနို့တိုက်ခြင်းကြောင့်မဟုတ်တဲ့ နို့အုံရောင်ရမ်းနာဟာ ခုခံအားလျော့နည်းနေတဲ့အမျို းသမီးတွေမှာ ဖြစ်တတ်ပါတယ်။ ဆီးချိ ုရောဂါရှိပြီး ဓါတ်ရောင်ခြည်ကုထုံးနဲ့ ရင်သားအကြိတ်ခွဲထုတ်ထားတဲ့ အမျို းသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါပိုးကူးစက်ခံရမှုကြာင့်ဖြစ်တဲ့ အချို့ ရောဂါလက္ခဏာတွေဟာ ရင်သားကင်ဆာကြောင့်ဖြစ်တဲ့ လက္ခဏာတွေနဲ့ဆင်တူနေပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်ပွားမှုဟာ အနည်းပဲရှိပါတယ်။
နို့သီးခေါင်းအောက်ရှိ အကျိတ်တွေပိတ်နေပြီး အရေပြားအောက်မှာ ရောဂါပိုးတွေပြန့်လာပြီဆိုရင် နို့သီးခေါင်းဘေးပတ်လည်ရှိအညိုကွက်လေးရဲ့ အောက်နားမှာ ပြည်တည်ဖုတွေဖြစ်လာပါတယ်။ ဒီပြည်တွေနဲ့ ပြည့်နေတဲ့ အဖုမာမာလေးတွေကို ဖောက်ထုတ်ပစ်ရမှာပါ။ ဒီလိုပြည်တည်ခြင်းမျို းဟာ ကလေးနို့မတိုက်တဲ့ အမျို းသမီးတွေမှာသာ ဖြစ်တတ်တာပါ။ ဖြစ်ပွားမှုနှုန်းကိုတော့ မသိရသေးပါဘူး။
ရင်သား၌ ရောဂါပိုးကူးစက်ခံရမှုအတွက် ဘယ်လိုဆေးဝါးကုသမှုတွေရနိုင်မလဲ။
၁၀ ရက်မှ ၁၄ ရက်အထိဆေးပတ်လည်အောင် ပဋီဇီဝဆေးတွေ သောက်သုံးခြင်းက အထိရောက်ဆုံးပါပဲ။ အမျို းသမီးအများစုမှာ ၄၈ နာရီမှ ၇၂ နာရီအတွင်း သက်သာလာတာတွေ့ရပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ်မဖြစ်ပွားအောင် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ကုသမှုတွေ ပြုလုပ်ဖို့လိုပါတယ်။ ဆေးသောက်နေစဉ်ကာလအတွင်းမှာ ကလေးအားနို့တိုက်ခြင်းကို ဆက်လက်ပြုလုပ်နိုင်ပါတယ်။ အကယ်၍ နာကျင်မှုကို ခံစားရမယ်ဆိုရင်တော့ နို့ရည်စုပ်ထုတ်ပေးတဲ့ ကိရိယာတွေကို သုံးနိုင်ပါတယ်။ ဒါမှ နို့ရည်ဆုံးရှုံးမှုကို ကန့်သတ်ပေးပြီး သွေးတွေရောပါလာတာကိုလျှော့ချနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။