ဘရာ စီယာဆိုတာက အမျိုးသမီးတွေအတွက် မရှိမကောင်း ရှိမကောင်းအရာပါ။ မဝတ်ထားပြန်ရင်လဲ စိတ်ထဲမလုံမခြုံဖြစ်စေသလို အချိန်အကြာကြီး ဝတ်ဆင်ထားမိရင်လဲ ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။
ကျန်းမာရေးအတွက် ဘရာ လျှော့ဝတ်ကြမယ်
တချို့မိန်းကလေးတွေကျတော့လည်း လှချင်တာမို့ မိန်းကလေး အတွင်းခံ ဘရာစီယာကို ခပ်ကျပ်ကျပ်ဝတ်ကြတယ်။ ကျပ်ကျပ်ဝတ်လေ ပုံပိုပေါ်လေ၊ ပိုကြီးသယောင်လည်း ဖြစ်တယ်ဆိုတော့ ပစ္စည်းရှိကြောင်းလည်း ကြွားလို့ရတာပေါ့။
ဒါပေမယ့် ဘရာစီယာကို အချိန်တိုင်း ဝတ်နေပြန်ရင်လဲ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ အပေါ်မှာ ဆိုခဲ့တယ် မဟုတ်လား။ ဟုတ်ပါတယ်။
ဘရာ စီယာကို အမြဲဝတ်နေရင် အောက်ပါကျန်းမာရေးပြဿနာတွေ ကြုံရနိုင်ပါတယ်။
ကျန်းမာရေးအတွက် ဘရာ လျှော့ဝတ်ကြမယ် လို့ ပြောရတာက ဘရာ အမြဲ ဝတ်ထားတာက ဒီလို ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်ရနိုင်တာကြောင့်ပါ။
- ရင်သားကင်ဆာ
ဘရာစီယာကို တင်းတင်းကျပ်ကျပ် ဝတ်တဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။ ကျပ်တည်းစွာ ဝတ်ဆင်ခြင်းကြောင့် ရင်သားမှာရှိတဲ့ တစ်ရှူးတွေဆီကို သွေးစီးဆင်းမှု နည်းပါးသွားပြီး အောက်စီဂျင်နဲ့ အာဟာရဓာတ် ပြတ်တောက်ကာ ရင်သားကင်ဆာ အန္တရာယ် ပိုမြင့်မားစေတာဖြစ်ပါတယ်။
ဘရာစီယာ အမြဲဝတ်ထားတဲ့အခါ ကျောကုန်းနဲ့ လည်ပင်းရိုးတွေကို ထိခိုက်လာပါတယ်။ ဒီအရိုးတွေက သင့်ရဲ့ ရင်သားကို ပင့်တင်ထားတာ ဖြစ်တာကြောင့်ပါ။ ဒါကြောင့် အရိုးတွေနဲ့ ကြွက်သားတွေ ထိခိုက် နာကျင်လာနိုင်ပါတယ်။
ဘရာစီယာ ကျပ်ကျပ်ဝတ်ရင် အသက်ရှူကျပ်တာက သဘာဝပါပဲ။ အမျိုးသမီးတိုင်း ခံစားဖူးမှာတယ်။ တချို့သော အမျိုးသမီးတွေမှာ ခေါင်းမူးဝေတာတွေဖြစ်လေ့ ရှိပါတယ်။
ဘရာစီယာက တင်းကျပ်နေတော့ အစားစားရာမှာ အခက်အခဲ ဖြစ်စေတာပေါ့။ ကြာလာရင်တော့ အာဟာရ လုံလုံလောက်လောက် မရတာတွေ၊ အစာချေရခက်တာတွေ ဖြစ်လာမှာပါ။
တင်းတင်းကျပ်ကျပ် ဝတ်ထားမိရင် အစင်းကြောင်းကြီးတွေ ထတတ်တာမျိုး၊ နီရဲယောင်ကိုင်းတာမျိုးတွေ ဖြစ်တတ်သလို အထိအရှလွယ်တဲ့ အသားအရေမျိုးပိုင်ဆိုင်ထားတဲ့ အမျိုးသမီးငယ် တချို့တွေမှာဆိုရင် အရေပြား ထိခိုက်မှုတွေ ရှိတတ်ပါတယ်။
ဒီလို ကျန်းမာရေးပြဿနာတွေ ကြုံရနိုင်တာကြောင့်လည်း ကျန်းမာရေး ပညာရှင် တချို့က အမျိုးသမီးတွေ အနေနဲ့ ဘရာစီယာ ဝတ်ဆင်ချိန်ကို လျှော့ချဖို့ တိုက်တွန်းပြောဆိုနေကြတာပါ။ ဒါပေမယ့် တချို့တွေ အတွက်လည်း ဘရာစီယာ မဝတ်ဆင်ထားချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းပါးနေတတ်ပါတယ်။
ဒီပြဿနာကိုတော့ အောက်ပါ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။
- အိမ်မှာ ဘရာ မဝတ်ဘဲနေတဲ့ အလေ့အကျင့် လုပ်ပါ
- ဘရာစီယာ အစား ပိုပြီး ပေါ့ပါးရှင်းလင်းတဲ့ ဘရာလက်တီ (Bralette) ပြောင်းဝတ်ပါ
- ဘရာ ဝတ်မထားချိန်မှာ အဆင်ပြေပြေ နေနိုင်မယ့် ပုံစံမျိုးတွေကို လေ့လာပါ
- နို့ခေါင်းထိပ်ကို ဖုံးထားပေးတဲ့ Nipple tape ဒါမှမဟုတ် Pasties သုံးပါ
- အထာကျတဲ့ Fashion Tape တွေလည်း သုံးနိုင်ပါတယ်
- ဒီအကြောင်းကိုချည်း တွေးပြီး သောက မများနေပါနဲ့
- ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေသေးရင် အတွင်းခံ အနေနဲ့ Bodysuit တွေ ဝတ်ဆင်ပါ
- အပေါ်အင်္ကျီ ထပ်ဝတ်ပါ
- ဇစ်ဆွဲ အင်္ကျီတွေ ထပ်ပြီး ဝတ်ဆင်ပါ
ဒီနည်းလမ်းတွေက ကျန်မာရေး အတွက် ရည်ရွယ်ပြီး ဘရာ ဝတ်ဆင်ချိန်ကို လျှော့ချ နေထိုင်နေချိန်တွေမှာ စိတ်ပူပင်မှုကို လျှော့ချပေးနိုင်ပါလိမ့်မယ်။
[embed-health-tool-ovulation]