backup og meta

မိန်းမကိုယ် ချွေးစော်မနံအောင် ဘယ်လိုကာကွယ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ် ချွေးစော်မနံအောင် ဘယ်လိုကာကွယ်မလဲ

    ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်မှာ ချွေးထွက်တတ်ကြပါတယ်။  ချွေးထွက်တယ်ဆိုတာ တကယ်တော့ ကိုယ်ခန္ဓာရဲ့အပူချိန်ကို ထိန်းညှိပေးဖို့အတွက် ချွေးပေါက်တွေကနေ ချွေးအဖြစ် အပြင်ကို ထွက်လာရတာပဲဖြစ်ပါတယ်။ ချွေးစော်နံတယ်ဆိုတာကတော့ ချွေးပေါက်ထဲမှာ ချွေးအပြင် အဆီတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ အောင်းနေတာကြောင့် ချွေးနံ့တွေ ထွက်လာရတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ် ချွေးစော်မနံအောင် ဘယ်လိုကာကွယ်မလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

    အတွင်းခံဘောင်းဘီတွေ တစ်နေကုန်ဝတ်ဆင်တာရော၊ လေဝင်ပေါက်ထွက်ပေါက် မရှိဘဲ ပိတ်မိနေတာ၊ အရေပြားနဲ့ အဝတ်အစား မကြာခဏ ပွတ်တိုက်မိပြီး ချွေးထွက်၊ ချွေးပေါက်ထဲကို ဘက်တီးရီးယားပိုးတွေဝင်ပြီး မကောင်းတဲ့ အနံ့အသက်တွေထွက်လာတတ်ပါတယ်။ ဘယ်လောက်ပဲ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေနေ အနံ့အသက်က အနည်းနဲ့ အများတော့ ရှိနေဦးမှာပဲဆိုပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှု မကျစေဖို့၊ အနံ့ဆိုးတွေ ကာကွယ်လို့ရမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

    မိန်းမကိုယ် ချွေးစော်မနံအောင် ဘယ်လိုကာကွယ်မလဲ

    မိန်းမကိုယ် ချွေးစော်မနံအောင် ဒီလို ကာကွယ်နိုင်ပါတယ်။

    ၁။ ချည်သားအတွင်းခံတွေကိုသာ ဝတ်ဆင်ပါ။ ချည်သားတွေက ချွေးစုပ်ယူမှု ပိုအားကောင်းတဲ့အပြင် လေဝင်လေထွက်ပေါက်လည်း ရှိစေတဲ့အတွက် အထဲမှာ အောင်းနေတဲ့ ချွေးတွေကို အမြန်ခြောက်စေကာ အသားကို အေးမြစေပါတယ်။

    ၂။ အတွင်းခံသည် ကိုယ့်ရဲ့ ခန္ဓာကိုယ်အတွက် ချောင်နေတာမျိုး၊ အရပ်ကျပ်နေတာမျိုး မဟုတ်ဘဲ အနေတော်ဆိုဒ် ဖြစ်နေရမှာပါ။

    ၃။ အရမ်းကျပ်တဲ့ ဂျင်းဘောင်းဘီ၊ ဘောင်းဘီအတိုတွေအစား ထမီ၊ စကပ်မျိုးတွေ များများဝတ်ဆင်ပေးပါ။

    ၄။ ချွေးထွက်များလွန်းတဲ့သူ၊ တစ်နေရာက တစ်နေရာကို ပွဲဆက်ပြီး သွားရမယ့်သူတွေဆို အိတ်ထဲမှာ အတွင်းခံ ဘောင်းဘီတစ်ထည် လိုလိုမယ်မယ် ဆောင်သွားပါ။ အပြင်မှာ နေတာ အရမ်းကြာသွားလို့၊ တစ်နေကုန် ချွေးတွေနဲ့  ရွှဲနေတယ်ဆိုရင် အိမ်သာထဲဖြစ်ဖြစ် သွားပြီး လဲလိုက်ပါ။ ဝတ်ပြီးသား အတွင်းခံကိုတော့ အိတ်တစ်ခုထဲ ထည့်ပြီး အလုံပိတ်ထားပါ။

    ၅။ Gym ကစားတဲ့၊ အားကစားလုပ်တဲ့ လေဒီလေးတွေဆိုရင် အိမ်ပြန်ပြီး ချွေးခြောက်တဲ့အထိ မစောင့်ဘဲ Gym မှာ ရေမိုးချိုးပြီး သန့်ရှင်းတဲ့ အဝတ်အစားလဲပြီးမှ ပြန်ပါ။

    ၆။ အမွေးအမျှင်တွေ အရမ်း ထူလွန်းနေတယ်ဆိုရင် မိန်းမကိုယ် နေရာတစ်ဝိုက် bikini wax လုပ်တာ၊ အမွေးရိတ်တာ ဒါမှမဟုတ် အိမ်မှာပဲ ကပ်ကြေးနဲ့ ပါးပါးလေးဖြစ်အောင် ညှပ်ထားပါ။ အမွေးဆိုတာ ထူလွန်းရင်လည်း ချွေးနဲ့ အညစ်အကြေးတွေ အောင်းပြီး အနံ့ဆိုးထွက်ဖို့ ပိုလွယ်လို့ပါ။

    ၇။ ချွေးနံ့ ပျောက်အောင်ဆိုပြီး ရေမွှေးစွတ်တာ၊ အမွှေးနံ့သာဖျန်းတာ မလုပ်ပါနဲ့။ အရေပြားကို ယားယံစေပြီး ဘက်တီးရီးယားပိုးတွေ ပိုပေါက်စေနိုင်လို့ပါ။

    ၈။ ရေကို ပုံမှန်ချိုးပေးပါ။ မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ ဆပ်ပြာ အပြင်းစားတွေ မသုံးဘဲ ရေများများ ဒါမှမဟုတ်  မိန်းမကိုယ်သန့်စင်ဆေးရည်နဲ့ အရှေ့မှ အနောက်သို့ ဖြည်းဖြည်းချင်း ပွတ်ဆွဲပြီး ဆေးကြောပါ။

    သိထားရမှာ တစ်ခုကတော့ ဘယ်လောက်ပဲ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်နေပါစေ။ အနံ့အသက်က အနည်းငယ်တော့ စွဲကျန်နေမှာပဲ။ အရမ်းစိတ်ကသိကအောက်ဖြစ်စရာ အနံ့မျိုး ထွက်မနေဖို့သာ အဓိကကျတာပါ။ မိန်းမကိုယ် သန့်ရှင်းရေးက အမျိုးသမီးတွေအတွက် အရေပြားပြဿနာတွေနဲ့ မှိုစွဲတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တာကြောင့် သေချာတော့ ဂရုစိုက်သင့်တယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement