backup og meta

မိမိဇနီးသည် မိန်းမကိုယ်အင်္ဂါပြန်လည်ပြုပြင်ပြီးနောက် မည်သို့စောင့်ရှောက်ရမည်နည်း

မိမိဇနီးသည် မိန်းမကိုယ်အင်္ဂါပြန်လည်ပြုပြင်ပြီးနောက် မည်သို့စောင့်ရှောက်ရမည်နည်း

မိန်းမကိုယ်အင်္ဂါ ပြန်လည်ပြုပြင်ခြင်းသည် မိမိ၏ချစ်ဇနီးအတွက် မလွယ်ကူလှပါ။ လုပ်ဆောင်ချက် အဆင်ပြေချောမွေ့သည့်တိုင် မိမိခင်ပွန်း၏ အားပေးထောက်ခံမှုလိုအပ်ပါသည်။ ဖြစ်နိုင်ချေရှိသော အန ္တရာယ်နှင့် ဘေးထွက်ဆိုးကျိုးများကို သိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်များမှာ ဇနီးသည်၏စိတ်နှင့် ကိုယ်ခန္ဓါကျန်းမာရေးအတွက် အရေးကြီးသောကြောင့်ဖြစ်ပါသည်။

မိန်းမကိုယ်အင်္ဂါပြန်လည်ပြုပြင်ပြီးနောက် ဘာတွေဖြစ်လာနိုင်သလဲ

ခွဲစိတ်ပြီးလျှင် သူမသည် ငယ်ရွယ်နုပျိုခြင်းကို ယခင်ကကဲ့သို့ခံစားနိုင်သည်ဆိုသော်လည်း ထိုအတွက်ဘေးထွက်ဆိုးကျိုးများလည်းခံစားရနိုင်ပါသည်။ ခွဲစိတ်ပြုပြင်ပြီးသော ပထမဦးဆုံးနေ့တွင်လျှင် သွေးခြည်ဥခြင်း၊ ရောင်ခြင်းကြောင့် အနည်းငယ် စိတ်ကသိကအောင့်ဖြစ်စေပါသည်။ စစချင်းတွင် ထိုခံစားမှုမျိုးကို အကျွမ်းဝင်မည်မဟုတ်ပါ။

မိမိနှင့် မိမိဇနီးတို့ အတူနေချိန်တွင်လည်း အနည်းငယ် သက်ရောက်မှုရှိနိုင်ပါသည်။ ထိုသို့သော ခံစားမှုများကိုကျင့်သားရရန် အချိန်တစ်ခုလိုအပ်ပါသည်။ ထိုသို့သောဖြစ်ရပ်များသည် ခွဲစိတ်ပြုပြင်ပြီးဖြစ်လေ့ဖြစ်ထရှိသော အချက်များဖြစ်သည့်အတွက် စိုးရိမ်ဖွယ်မရှိပါ။ သို့သော် ဖြစ်လေ့ဖြစ်ထရှိသော အချက်များကို သိထားခြင်းဖြင့် ထိတ်လန့်မှုမျိုးမရှိတော့ပါ။

ဘယ်လိုစောင့်ရှောက်မလဲ

အချို့သောအချက်များသည် ဆေးနှင့် ထိန်းချုပ်နိုင်ပါသည်။ ဆရာဝန်၏ ညွှန်ကြားချက်ကို အမြဲလိုက်နာရပါမည်။ ကုသမှုခံယူပြီး ခန္ဓါကိုယ်ကို တစ်ပတ်လောက်အနားပေးပါ။ အနာကျက်ရန် တစ်လလောက်လိုပါသည်။ တစ်လပြီးမှသာ ခင်ပွန်းနှင့် အတူနေသင့်ပါသည်။

ကုသမှုခံယူနေစဉ်အတွင်း ညွှန်ကြားချက်များကို လိုက်နာရပါမည်။ သက်တောင့်သက်သာရှိသော အဝတ်အစားများကို ဝတ်ဆင်ရပါမည်။ ဆီးပုံမှန်သွားရပါမည်။ ပိုးမွှားများမပေါက်ပွှားစေရန် ပိုးသတ်ဆေးသောက်သုံးရပါမည်။ လှုပ်လှုပ်ရှားရှားမပြုလုပ်ရပါ။ ယခုပြုပြင်မှုသည် တစ်သက်လုံးအတွက်ဖြစ်သည်။ သို့သော် ခန္ဓါကိုယ်အလေးချိန်ပြောင်းလဲမှုနှင့် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်မှုကိစ္စအချို့ပေါ်မူတည်ပြီး ရလဒ်ပြောင်းလဲမှု ရှိနိုင်သည်။ ထို့ကြောင့် ခွဲစိတ်မှုပြီးသည့်တိုင် ခွဲစိတ်ဆရာဝန်နှင့် ပုံမှန်စစ်ဆေးမှုများလုပ်သင့်ပါသည်။

အကောင်းဆုံးမှာ မိမိခံစားရသည်များကို မဖုံးကွယ်ထားဘဲ ပွင့်ပွင့်လင်းလင်းပြောပြသင့်ပါသည်။ တစ်ခါတစ်ရံ မိမိ၏ဇနီးသည်မှာ ခွဲစိတ်ပြီးအနာကျက်သည်ကို စောင့်ရန်စိတ်ရှုပ်မှုများဖြစ်တတ်ပါသည်။ ထိုသို့သော အခြေအနေများတွင် သေချာစွာရှင်းပြရန် လိုအပ်ပါသည်။ ညွှန်ကြားချက်ကို သေချာစွာလိုက်နာလျှင် သက်သာရန်မြန်ဆန်ပြီး ပိုးလည်းမဝင်နိုင်ပါ။ မိန်ကလေးများသည် ထင်ထားသည်ထက် ပို၍စိတ်ဆတ်ပါသည်။ ထို့ကြောင့် သူမသက်တောင့်သက်သာဖြစ်ရန်နှင့် စိတ်ဖိစီးမှုမှ ကင်းဝေးစေရန် ခင်ပွန်းသည်၏ ဖေးမကူညီမှုသည် လွန်စွာအရေးကြီးပါသည်။

မိန်းမကိုယ်အင်္ဂါပြန်လည်ပြုပြင်ခြင်းသည် မိန်းကလေးများအတွက် လွတ်လပ်သော လန်းဆန်းမှုမျိုး မိမိကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းနှင့် ဇရာကိုအန်တုခြင်းများကို ရရှိစေပါသည်။ အကယ်၍ သူမသည် အလှအပထိန်းသိမ်းခြင်း မိသားစုပျော်ရွှင်ရေးအတွက်ကြောင့်ပြုလုပ်လျှင် ခင်ပွန်းသည် အနေနှင့် ထိုသို့ပြုလုပ်ခြင်းကို အားပေးထောက်ပံ့ရပါမည်။ ထိုမှတစ်ဆင့် သာယာသော အိမ်ထောင်ရေးကို ရရှိနိုင်မည်ဖြစ်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Vaginal Rejuvenation
http://www.smartbeautyguide.com/procedures/body/vaginal-rejuvenation – Accessed Jun 23rd, 2016

Vaginoplasty and Labiaplasty
http://www.webmd.com/women/guide/vaginoplasty-and- labiaplasty-procedures?page=2#2 –
Accessed Jun 23rd, 2016

What is Vaginal Rejuvenation?
http://www.livestrong.com/article/247335-what- is-vaginal- rejuvenation/ – Accessed Jun 23rd, 2016

Recovery after Vaginal Rejuvenation

http://www.plasticsurgeons.com/article/body/vaginal-surgery/recovery- after-vaginal- rejuvenation –

Accessed Jun 23rd, 2016

ယခုပုံစံ

23/06/2022

Dr. Zin Thu Thu Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ

ကိုယ်ဝန်ဆောင်ကာလမှာ မိန်းမကိုယ်မှိုစွဲခြင်းဆိုတာ ဘာလဲ



Dr. Zin Thu Thu Win မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement