backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း)


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ကဘာလ

လစဉ်ရာသီလာချိန်မှာ ဝမ်းဗိုက်အောက်ပိုင်းတဝိုက် နာကျင်ခြင်းဖြစ်တယ်။ အမျိုးသမီးအများစုခံစားရလေ့ရှိပါတယ်။

Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အင်မတန်ကိုအဖြစ်များပြီး အသက်အရွယ်မရွေး အမျိုးသမီးတိုင်းမှာဖြစ်နိုင်ပါတယ်။ ပိုဆိုးစေသော အချက်တွေကိုလျှော့ချရှောင်ကျဉ်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

လက္ခဏာများ

Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များလေ့ရှိသော လက္ခဏာတွေကတော့-

ဝမ်းဗိုက်အောက်ပိုင်းတဝိုက်တွင် နာကျင်ခြင်း၊ (တချို့မှာပြင်းထန်နိုင်ပါတယ်)

ဆက်တိုက်နာကျင်ကိုက်ခဲနေခြင်း

ကျော၊ ပေါင်တို့တွင်ပါနာကျင်ခြင်း

ဝမ်းဗိုက်တွင်ဖိအားခံစားရခြင်း

ဒါတွေအပြင် နာကျင်မှုပြင်းထန်ပါက-

ဗိုက်ထဲမအီမသာဖြစ်ခြင်း၊ တခါတရံပျို့ခြင်း

ဝမ်းပျက်ခြင်း

ခေါင်းကိုက်ခြင်း၊ မူးခြင်း တို့ပါရတတ်ပါတယ်။

ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားအချက်တွေလည်းရှိနိုင်တာကြောင့် ပိုမိုသိရှိလိုပါက ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ။်

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့လတိုင်းမှာ နေ့စဉ်လှုပ်၇ှားမှုထိခိုက်သည်ထိ အနှောင့်အယှက်ဖြစ်နေရင် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ သို့မဟုတ် တဖြေးဖြေးပိုဆိုးလာလျှင်၊ အသက် ၂၅ ကျော်မှ လက္ခဏာတွေဆိုးရွားလာလျှင်လည်း ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

ဒါပေမယ့် လွန်ခဲ့သော နှစ်ကတည်းငယ်ကမှဓမ္မတာစလာကာ ထိုလက္ခဏာများခံစားနေရရင်တော့ သိပ်စိတ်ပူစရာတော့မဟုတ်ပါဘူး။

အကြောင်းရင်းများ

Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဓမ္မတာလာစဉ်မှာ သားအိမ်အနားသတ်တွေကို စွန့်ထုတ်ဖို့ သားအိမ်ကျုံ့ရပါတယ်။ နာကျင်မှု၊ ရောင်ရမ်းမှုတွေဖြစ်စေသာ ပရိုစတာဂလမ်ဒင် လို့ခေါ်သော ဟော်မုန်းတစ်မျိုးဟာ သားအိမ်ကြွက်သားများကိုကျုံ့စေပါတယ်။ ပရိုစတာဂလမ်ဒင်ပမာဏများလေလေ၊ နာကျင်မှုပိုလေလေဖြစ်တယ်။

သားအိမ်ကျုံ့ခြင်းဟာ သားအိမ်ကိုထောက်ပံ့ပေးနေသော သွေးကြောများကိုကျဉ်းသွားစေတာကြောင့် အောက်စီဂျင်ထောက်ပံ့မှုနည်းခြင်းကြောင့်လည်း နာကျင်ရခြင်းဖြစ်နိုင်ပါတယ်။

ဒါတွေအပြင်-

သားအိမ်တစ်သျူးနေရာမှားခြင်း – သားအိမ်အတွင်းနံရံကို ကာထားသောတစ်သျူးများ နေရာမှားကာ သားအိမ်အပြင်ဘက်ရောက်နေခြင်းဖြစ်တယ်။ သားဥပြွန်၊ သားဥအိမ် သို့မဟုတ် တင်ပါးစုံတဝိုက်ကာရံထားတာမျိုး ဖြစ်နိုင်ပါတယ။်

သားအိမ်တွင်းအလုံးဖြစ်ခြင်း- သားအိမ်တွင်းမှာ ကင်ဆာမဟုတ်သောအလုံးများပေါ်ပြီး နာကျင်ခြင်းဖြစ်တယ်

Adenomyosis – သားအိမ်တွင်းတစ်သျှူးများမှ သားအိမ်ကြွက်သားများကြား တိုးဝင်ကြီးထွားခြင်းဖြစ်တယ်။

PID – လိင်လမ်းကြောင့်တဆင့် ကူးတတ်သော ဘတ်တီးရီးယားများကြောင့် အမျိုးသမီးမျိုးပွားအင်္ဂါများ ရောဂါပိုးဝင်ရောင်ရမ်းခြင်းဖြစ်တယ်။

သားအိမ်ဝကျဉ်းခြင်း- တချို့သောအမျိုးသမီးတွေမှာ သားအိမ်ဝကျဉ်းလွန်းပြီး သွေးဆင်းမှု ဖိအားကြောင့်နာကျင်ခြင်းဖြစ်တယ်။

ရောဂါရှာဖွေခြင်း၊ ကုသခြင်း

ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။

ဖြစ်နိုင်ခြေများ

Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နာကျင်မှုခံစားရနိုင်ချေပိုစေနိုင်သောအချက်များ

အသက် ၃၀ အောက်ငယ်ပါက

အပျိုဖော်ဝင်ချိန်စောပါ ( ၁၁ နှစ်နှင့်အောက်)

သွေးအဆင်းများပါက

ရာသီလာခြင်းပုံမှန်မဟုတ်ပါက

ကလေးမမွေးဖူးပါက

မိသားစုအတွင်းတူညီသောအခြေအနေရှိပါက

ဆေးလိပ်သောက်ပါက

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဓမ္မတာလာစဉ်နာကျင်မှုကို ရောဂါဘယ်လိုရှာမလဲ။

ဆရာဝန်မှမေးခွန်းများမေးပြီး စမ်းသပ်မှုများလုပ်ပါလိမ့်မယ်။ မျိုးပွားအင်္ဂါများတွင် မူမမှန်မှုများကိုစမ်းသပ်ရှာဖွေပြီး ရောဂါပိုးဝင်ခြင်း လက္ခဏာတွေကို စစ်ဆေးပါလိမ့်မယ်။

တကယ်လို့ နာကျင်မှုဟာ တခြားသောရောဂါတွေကြောင့်ဖြစ်တယ်လို့ သံသယရှိပါက အောက်ပါစစ်ဆေးမှုများလုပ်နိုင်ပါတယ်။

အလ်ထရာဆောင်း- အသံလှိုင်းများသုံးကာ သားအိမ်၊ သားအိမ်ဝ၊ သားဥပြွန်၊ သားဥအိမ်တို့ကို ပုံရိပ်ရိုက်ကူးခြင်း

တခြားပုံရိပ်ရိုက်ကူးခြင်းများ- စီတီစကမ် (CT scan) ၊ အမ်အာအိုင်( MRI) တွေဟာ အယ်လ်ထရာဆောင်းထက် ပိုတိတိကျကျသိရနိုင်ပါတယ်။

Laparoscopy – Laparoscopy ဟာ သာမန်ဓမ္မတာလာစဉ်နာကျင်မှုအတွက် မလိုအပ်ပါဘူး။ ဒါပေမယ့် တခြားရောဂါများကြောင့်ဆိုရင်တော့ ရှာဖွေသိရှိအောင် ကူညီပေးနိုင်ပါတယ်။ သားအိမ်တစ်သျူးနေရာမှားခြင်း ၊ သားအိမ်အလုံးတွယ်ခြင်း၊ အမြှေးပါးများကပ်ခြင်း၊ သားဥအိမ်အလုံးဖြစ်ခြင်း၊ နေရာမှားသန္ဓြေတွယ်ခြင်း တို့ကို ရှာဖွေသိရှိနိုင်ပါတယ။

Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အနာပျောက်ဆေးများ- ibuprofen (Advil, Motrin IB, others) or naproxen sodium (Aleve) များကဲ့သို့ အနာပျောက်ဆေး ညွှန်နိုင်ပါတယ်။ ဓမ္မတာမစခင် တစ်ရက်အလိုမှစ၍ ပုံမှန်အညွှန်းအတိုင်းသောက်သွားရပါတယ်။ အရောင်ကျဆေး(NSAIDs), နှင့် mefenamic acid (Ponstel), များကဲ့သို့ ဆေးများလည်း သုံးနိုင်ပါတယ်။ NSAIDs မသောက်နိုင်ပါက ပါရာစီတမော၊ တိုင်လီနော ကဲ့သို့ဆေးများလည်းသောက်နိုင်ပါတယ်။ ဓမ္မတာအစပိုင်း သို့မဟုတ် လကဏာများစတင်ခံစားရချိန်မှာ သောက်နိုင်ပြီး လကဏာများပျောက်သွားသည်ထိ နှစ်ရက်၊ သုံးရက်ခန့် စွဲသောက်နိုင်ပါတယ။်

သန္ဓြေတားဆေးတွေဟာ သားဥကြွေခြင်းကို တားဆီးတာကြောင့် နာကျင်မှုသက်သာစေနိုင်ပါတယ်။ ထိုဟော်မုန်းဆေးတွေကို ပုံစံအမျိုးမျိုးရနိုင်တယ်။ ထိုးဆေး၊ အရေပြားပေါ်ကပ်ရသောကပ်ခွာ၊ အသားတွင်းထည့်ခြင်း၊ မွေးလမ်းကြောင်းတွင်းပစ္စည်းထည့်ခြင်း စသည်ဖြင့်..။

ခွဲစိတ်ခြင်း- တကယ်လို့ တခြားရောဂါအခြေအနေတွေကြောင့် နာကျင်ရတာဆိုရင်တော့ လက္ခဏာတွေသက်သာဖို့အတွက်က ရောဂါကိုကုသရမှာဖြစ်တယ်။ ကလေးယူဖို့အစီမစဉ်မရှိတော့ပါက သားအိမ်လည်းထုတ်နိုင်ပါတယ်။

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုသမှုပုံစံများ

လေ့ကျင့်ခန်းလုပ်ခြင်း

အနွေးဓါတ်ပေးခြင်း – ရေနွေးအိတ်ကပ်ခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်းတွေဟာလည်း တခြားဆေးနည်းတွေကဲ့သို့ နာကျင်မှုသက်သာစေပါတယ်။

အစားအစာဖြင့်ထောက်ပံ့ခြင်း- ဗီတာမင်-အီး၊ ဘီဝမ်း၊ ဘီဆစ်၊ အိုမီဂါသရီး၊ မက်ဂနီဆီယမ်၊ fatty acids တွေဟာလည်း နာကျင်မှုသက်သာစေနိုင်ပါတယ်။

အရက်၊ ဆေးလိပ်များရှောင်သင့်ပါတယ်။

စိတ်ဖိစီးမှုလျှော့ချခြင်းဟာလည်း နာကျင်မှုသက်သာစေပါတယ်။

သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေရရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ။်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement