backup og meta

မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း

မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း

မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus )ဆိုတာ ယောနိလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေက သင်မလိုချင်ပဲနဲ့ ဆွဲညှစ်နေတာကိုခေါ်ပါတယ်။ ဒါဟာ သင့်လိင်ကိစ္စကို ထိခိုက်စေနိုင်တယ်။ ကံမကောင်းတာက ဒါကိုသင့်ဘဝမှာကြုံရနိုင်တာပါပဲ။ ဒါကြောင့် ဖြေရှင်းဖို့နည်းတွေလည်းသိထားသင့်တယ်။ မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) နဲ့ပတ်သက်ပြီးသင်သိစရာအချက်တွေကို လေ့လာကြည့်ရအောင်။

မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) ဆိုတာ ဘာလဲ။

မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) ဖြစ်ရတဲ့အကြောင်းကိုမသိပေမယ့် ဒါကိုဖြစ်ဖို့အလားအလာတက်စေတဲ့ အချက်တွေတော့ရှိပါတယ်။ ဒါတွေကတော့ :

  • သင်ယောနိက သေးလွန်းတာ
  • လိင်ကိစ္စကနာကျင်ပြီး သာယာမှုမရှိတာ
  • ကလေးမီးဖွားပြီးလို့ ယောနိလမ်းကြောင်းပျက်စီးနေတာ
  • လိင်အနိုင်ကျင့်ခံရတာတွေ ဖြစ်ဖူးတာ
  • ယောနိမှာပိုးကြောင့် ထိခိုက်တာ
  • သင်ကကိုယ်ဝန်ရမှာကို ကြောက်နေတာ
  • သင့်ပထမဆုံး လိင်ဆက်ဆံမှုက နာကျင်စေတာ
  • သင့်ဆက်ဆံရေးမှာမအောင်မြင်တာ

စတာတွေဖြစ်ပါတယ်။ မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) ခြင်းဟာ ရုပ်ပိုင်း စိတ်ပိုင်း ပြသနာတွေကြောင့် ဖြစ်နိုင်ပါတယ်။

မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) လက္ခဏာတွေကဘာတွေလဲ။

လက္ခဏာတွေကကွဲပြားပါတယ်။ အဓိကကတော့ ထိုးသွင်းမှု ပြုလို့မရအောင်ယောနိလမ်းတစ်ဝိုက်က ကြွက်သားတွေတောင့်တင်းနေခြင်းဖြစ်ပါတယ်။ တစ်ချို့ကိစ္စ တွေမှာ လစဉ်သုံးပစ္စည်းတောင်ထည့်မရတော့ပဲ လိင်ဆက်ဆံမရတာ နာကျင်တာတွေဖြစ်တတ်ပါတယ်။

သင်ဟာ လိင်တံထိုးသွင်းခံရတဲ့အခါ ပူတာလည်းခံစားရတတ်တယ်။ သင်ဟာ လိင်တံဝင်ရောက်လာတာကိုလည်း ကြောက်နေတတ်တယ်။(သင်ထင်တာက ဒါဟာ သင့်ယောနိကို ဖျက်ဆီးနိုင်တယ်လို့ပေါ့)။ တကယ်တော့ လိင်ဆန္ဒလျော့နည်းနေတာပါ။

သင့်မှာ vaginismus ရှိရင် ဒါမှမဟုတ်မသက်သာရင် ဆရာဝန်နဲ့ လွတ်လွတ်လပ်လပ်ဆွေးနွေးပြီး ကျန်းမာရေးအသိယူပါ။

Vaginismus ကိုဘယ်လိုကုသမလဲ။

လေ့ကျင့်ခန်းနဲ့ ဆွေးနွေးတာတွေပါဝင်ပါတယ်။ ခွဲစိတ်တာကိုတော့ အတော်လေးရှားရှားပါးပါးမှလုပ်ပါတယ်။

နှစ်သိမ့်ဆွေးနွေးခြင်း

သင်လွတ်လပ်စွာပြောလို့ရတဲ့ စိတ်ပညာရှင်တစ်ယောက်ရှာပြီး မရှက်မကြောက်ကိုယ့်စိတ်အခြေအနေ ပူပန်မှုတွေကို ပြောပြလိုက်ပါ။ သူတို့က သင့်ရောဂါကိုကိုင်တွယ်ဖို့နဲ့ ပြဿနာကို နည်းလမ်းတွေပေးနိုင်ပါလိမ့်မယ်။

လေ့ကျင့်ခန်း

လေ့ကျင့်ပေးသူတစ်ဦးဟာ သင့်ယောနိကြွက်သားတွေ ပြေလျော့လာစေဖို့ ကူညီနိုင်ပါတယ်။ သင့်ကို ယောနိထဲတစ်ခုခုထည့်သွင်းဖို့ပြောပါမယ်။ သွင်းမယ့်အရာ ကလည်းတဖြည်းဖြည်း တစ်ရက်ချင်း size ကြီးလာပါမယ်။ ချောဆီတွေသုံးနိုင်ပါတယ်။ သင် Kegel လေ့ကျင့်ခန်းကိုစမ်းသပ်သင့်ပါတယ်။ ဒါပေမယ့် ထိခိုက်မှုမဖြစ်အောင် လေ့ကျင့်ခန်းတွေမလုပ်ခင်မှာ လက်သည်းညှပ်ထားပါ။

ခွဲစိတ်ခြင်း

အခြားမခွဲစိတ်တဲ့အရာတွေက အလုပ်မဖြစ်ဘူးဆိုရင် ခွဲစိတ်ခြင်း က မိန်းမကိုယ်ကိုကြီးလာအောင် လုပ်ပေးနိုင်ပါတယ်။ ခွဲစိတ်တာဟာ ကျုံညှစ်နေတဲ့ ကြွက်သားတွေကို ဖယ်ရှားပစ်တာဖြစ်ပါတယ်။

Vaginismus ဟာ မိန်းမတိုင်းမှာဖြစ်နိုင်ပြီး လိင်မှုကိစ္စကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါဖြစ်တာ လက္ခဏာတွေနဲ့ ကုသမှုတွေသိပြီး မလိုလားအပ်တဲ့အရာတွေမဖြစ်အောင်ကာကွယ်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Vaginismus. http://www.webmd.com/women/guide/vaginismus-causes-symptoms-treatments. Accessed March 3, 2017.
2. Vaginismus. https://www.healthdirect.gov.au/vaginismus. Accessed March 3, 2017.
3. Vaginismus – Causes. http://www.nhs.uk/Conditions/Vaginismus/Pages/Causes.aspx. Accessed March 3, 2017.
4. Vaginismus – Symptoms. http://www.nhs.uk/Conditions/Vaginismus/Pages/Symptoms.aspx. Accessed March 3, 2017.
5. Vaginismus – Treatment. http://www.nhs.uk/Conditions/Vaginismus/Pages/Treatment.aspx. Accessed March 3, 2017.

ယခုပုံစံ

28/01/2022

Phyo Wai Yan မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးလမ်းကြောင်းနာကျင်ခြင်း

လိင်မှုဆက်ဆံရေးမှာ အရွယ်အစားက ဘယ်လောက်အရေးပါလဲ



Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement