backup og meta

အမျိုးသမီး မျိုးဥအိမ်တွင် ရေအိတ်များတည်သော ရောဂါ

အမျိုးသမီး မျိုးဥအိမ်တွင် ရေအိတ်များတည်သော ရောဂါ

polycystic ovary syndrome (PCOS) ဆိုတာဘာလဲ။

polycystic ovary syndrome (PCOS) ဟာအမျိုးသမီးတွေမှာဟော်မုန်းမညီမျှမှုကြောင့် ဖြစ်တဲ့လက္ခဏာရပ်တစ်မျိုးဖြစ်ပါတယ်။ ရာသီသွေးဆင်းချိန်မမှန်တာ၊ ရာသီသွေးဆင်း ချိန်ပုံမှန် မရှိတာနဲ့မျိုးအောင်မှုမှာ အဟန့်အတား ဖြစ်တာတွေကြောင့်ဖြစ်ပါတယ်။ PCOS က ရေအိတ်ငယ်လေးတွေပါဝင်နေတဲ့ အစုအဝေး အခိုင်ပုံစံမျိုး သားအိမ်ထဲမှာဖြစ်ပေါ်စေပြီး သားအိမ်ကိုပွလာစေပါတယ်။

PCOS ရဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ။

ပထမဆုံးအနေနဲ့ပြောချင်တာကတော့ PCOS ရဲ့ရောဂါလက္ခဏာတွေက သိပ်မသိသာပါဘူး။ အဖြစ်အများဆုံးလက္ခဏာတွေက –

  • ဝက်ခြံထွက်တာ
  • ကိုယ်အလေးချိန်မမှန်တာ (ပိန်ရင်ပိန်မယ်၊ ဝရင်ဝမယ်)
  • မလိုအပ်ပဲ ခန္ဓါကိုယ်က အမွှေးအမျှင်တွေ ထူလာတာ
  • ဆံပင်ပါးတာ
  • ရာသီသွေးဆင်းချိန်မမှန်တာ
  • မျိုးအောင်မှုမှာပြဿနာရှိနေတာ

PCOS ကိုဘယ်လိုရောဂါအဖြေရှာမလဲ။

ဆရာဝန်အနေနဲ့ သင့်ရဲ့ ရာသီသွေးဆင်းတဲ့ အချိန်ကို သိဖို့လိုအပ်သလို ဆေးမှတ်တမ်းနဲ့ သင့်မှာပြသနေတဲ့ရောဂါလက္ခဏာကို သိရှိဖို့ လိုအပ်ပါတယ်။ အဲ့နောက် ဆရာဝန်က PCOS နဲ့ ပတ်သက်ပြီးခံစားရတတ်တဲ့ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ ခန္ဓကိုယ်အမွှေးအမျှင်တွေ ထူလာတာ၊သွေးတိုးတာ လိုမျိုးမြင်သာထင်သာ ရှိတဲ့လက္ခဏာတွေကို စစ်ဆေးရှာဖွေရမှာဖြစ်ပါ တယ်။ သွေးတွင်းသကြားဓါတ်၊ အင်ဆူလင်နဲ့ အခြားဟော်မုန်းတွေအနေအထားကို သိနိုင်ဖို့ ဓါတ်ခွဲခန်းမှာသွေးစစ်ဆေးဖို့ ဆရာဝန် ကညွှန်ကြားပါလိမ့်မယ်။ ဟော်မုန်းစစ်ဆေးမှု ရလဒ်ကို ကြည့်ပြီးဆရာဝန်က PCOS ဖြစ်ပုံနဲ့လက္ခဏာခပ်ဆင်ဆင်တူတဲ့သွိုင်ရွိုက်ဂလင်း နဲ့ အခြားကျန်းမာရေးဆိုင်ရာ အခြေအနေတွေကို ဖယ်ထုတ်နိုင်မှာဖြစ်ပါတယ်။ သားဥအိမ် တွေပေါ်က ပြည်တည်နာတွေရှိ၊မရှိ စစ်ဆေးနိုင်ဖို့ အတွက် တင်ပါးဆုံကိုဓါတ်မှန်ရိုက်ဖို့လိုအပ်မှာဖြစ် ပါတယ်။ သည်စမ်းသပ်မှုက မရှုပ်ထွေးပေမယ်လို့ အခြားရောဂါတွေဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ဖယ်ထုတ်ရာမှာ အထောက် အကူပြုမှာဖြစ်ပါတယ်။

PCOS အတွက် ကုထုံး

သင့်တော်တဲ့ လေ့ကျင့်ခန်းလုပ်ဆောင်မှု၊ ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်မှုနဲ့အတူ ညီညွတ်မျှတတဲ့ ဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်း သွားမှုက PCOS အတွက်အကောင်းဆုံးကုထုံး ဖြစ်ပါတယ်။ သည်လိုနေထိုင်မှုပုံစံက နောက်ဆက်တွဲရောဂါတွေကိုလည်း ကာကွယ်နိုင် မှာဖြစ်ပါတယ်။

ဒါ့အပြင်ဆရာဝန်ရဲ့ကုသမှုလမ်းညွှန်ချက်တွေ ကလည်း သင့်ရဲ့ရာသီသွေးစက်ဝန်း၊ မျိုးအောင်မှု နှုန်းနဲ့အမွှေးအမျှင်တွေကြီးထွားမှုကို အထောက်အကူပြုပေးမှာဖြစ်ပါတယ်။

ရာသီသွေးစက်ဝန်းကို ထိန်းချုပ်ရန်

ဆရာဝန်က androgen ထုတ်လုပ်မှုကို လျော့ကျစေပြီး estrogen အကျိုးသက် ရောက်မှုကိုကြန့်ကြာစေဖို့အတွက် estrogen ရော progestinပါပါတဲ့ သန္ဓေတားဆေးကိုပေးပါလိမ့်မယ်။ သည်ဆေးက သင့်ကို endometrial ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပြီး ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာမျိုးမဖြစ် အောင်အထောက်အပံ့ဖြစ်စေမှာဖြစ်ပါ တယ်။ ကုသမှုခံယူနေစဉ်အတွင်းမှာတော့ ကလေးယူလို့မရနိုင်ပါဘူး။

သားဥကြွေခြင်းကိုဖြစ်ပေါ်စေခြင်း

သင့်အနေနဲ့ အက်စရိုဂျင်တိုက်ဖျက်ပေးတဲ့ သောက်ဆေးကုထုံး clomiphene ကိုခံယူဖို့လို အပ်မှာဖြစ်ပါတယ်။ တကယ်လို့သည်ကုထုံးက အဆင်မပြေဘူးဆိုရင် ဆရာဝန်က သားဥကြွေ စေဖို့အတွက် သင့်ကို metformin ပေးပါလိမ့် မယ်။ Gonadotropins နဲ့ luteinizing ဟော်မုန်းတို့ကိုတော့ ထိုးဆေးနဲ့ ထိန်းညှိလို့ရ ပါတယ်။

အမွှေးအမျှင်တွေထွက်တာကိုထိန်းချုပ်ဖို့

သန္ဓေတားဆေးတွေကို တခါတရံမှာ spironolactone နဲ့တွဲဖက်အသုံးပြုလေ့ရှိပါ တယ်။ spironolactone ကကလေးမှာ မွေးရာပါချို့ယွင်းမှုဖြစ်စေနိုင်ပါတယ်။ သည်ဆေးကို သောက်သုံးတဲ့အခါ မလွဲမသွေသန္ဓေ တားနည်းကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ Eflornithineက အမျိုးသမီး မျက်နှာပေါ်မှာ အမွှေးအမျှင်တွေထွက်လာ တဲ့ဖြစ်စဉ် ကိုနှောင့်နှေးအောင်လုပ်ဆောင် ပေးပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Polycystic Ovary Syndrome PCOS – Topic Overview. http://www.webmd.com/women/tc/polycystic-
ovary-syndrome- pcos-topic- overview#1. Accessed January 19, 2016.

Polycystic Ovary Syndrome PCOS. http://www.mayoclinic.org/diseases-conditions/pcos/basics/definition/con-20028841. Accessed January 19, 2016.

ယခုပုံစံ

28/01/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ

အမျိုးသမီးခန္ဓါဗေဒဆိုင်ရာသိထားရမယ့်အချက်များ



Yun Sandi Nan Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement