brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိုးရာသီမှာ အဖြူဆင်းများတာ ဘာကြောင့်လဲ

မုတ်သုံမိုးနဲ့အတူ မမျှော်လင့်တဲ့အရာတွေတော်တော်များများပါလာတတ်ပါတယ်။ မုတ်သုံမိုးကြောင့် အအေးမိတုပ်ကွေးဖြစ်တာ၊ အရေပြားပြဿနာဖြစ်တာအပြင်လေဒီလေးတွေမှာ ကြုံရနိုင်တဲ့ပြဿနာတစ်ခုရှိပါသေးတယ်။ ဒါကတော့ အဖြူဆင်း တာပါ။ ဒီပြဿနာက လေဒီလေးတွေကို ယုံကြည်မှုလျော့စေတဲ့ အချက်တစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ မုတ်သုံမှာ အဖြူဆင်းများတာ ခံစားရတဲ့အခါ ဘယ်လိုသက်သာအောင်လုပ်ကြမလဲဆိုတဲ့နေထိုင်စားသောက်မှုပုံစံအကြောင်းလေးဆွေးနွေးရအောင်လား။

မိုးရာသီမှာ အဖြူဆင်းများတာ ဘာကြောင့်လဲ

အဖြူဆင်း တယ်ဆိုတာ

မိုးရာသီမှာ ဘာကြောင့် အဖြူဆင်းများတာ ဖြစ်ရတာလဲ…..

အဖြူဆင်းတာ က ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုဆိုပေမယ့် မိုးရာသီမှာက ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ မိုးရာသီမှာ မှိုပိုးကူးစက်နိုင်ခြေများတာကြောင့် မှိုကြောင့်ဖြစ်တဲ့ အဖြူဆင်းများတာ ကို ခံစားရနိုင်ခြေပိုများရတာပါ။ မိုးရာသီမှာ အဖြူဆင်းခြင်းကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းကတော့ အတွင်းခံဘောင်းဘီတွေက သေချာခြောက်သွေ့မှုမရှိတာကြောင့်ပါ။

တွေ့ရများတဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ….

တွေ့ရများတဲ့ မိန်းမကိုယ် မှိုပိုးကူးစက်မှုရောဂါလက္ခဏာတွေက

  • ယားယံတာ
  • ပူစပ်ပူလောင်ဖြစ်တာ
  • မိန်းမကိုယ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ
  • လိင်ဆက်ဆံစဉ်နာကျင်တာ
  • ချိစ်လိုမျိုး အဖက်အဖက်လေးတွေ ဆင်းတာမျိုးတွေဖြစ်ပါတယ်။

ဘာတွေကြောင့် မှိုပိုးကူးစက်ခံရတာလဲ…..

မိုးတွင်းရောက်တိုင်း မှိုပိုးကူးစက်ခံရပြီး အဖြူဆင်းတာ မဟုတ်ပေမဲ့ ဒီအခြေအနေတွေရှိနေရင်တော့ ကူးစက်နိုင်ခြေ များပါတယ်။

  • မိန်းမကိုယ်သုံးပဋိဇီဝဆေးတွေအသုံးပြုနေရခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း
  • ဆီးချိုရှိနေခြင်း
  • ကိုယ်ခံအားနည်းခြင်း
  • အချိုဓာတ်လွန်ကဲတဲ့အစားအစာများကိုစားသုံးခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • အိပ်ရေးပျက်ခြင်း
  • သန့်ရှင်းမှုအားနည်းသော အတွင်းခံဝတ်ဆင်ခြင်း
  • အတွင်းခံကျပ်ကျပ်တွေ ဝတ်ဆင်ခြင်း တို့ကြောင့် မှိုပိုးကူးစက်ခံရပြီး အဖြူဆင်းတဲ့ပြဿနာကိုဖြစ်စေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ……

ကာကွယ်တာက အကောင်းဆုံးနည်းလမ်းပါ။ မှိုပိုးတွေဖြစ်ပေါ်မှုကြောင့် အဖြူဆင်း တာမျိုးမဖြစ်စေဖို့ဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။

  • ခြောက်သွေ့လွယ်တဲ့ ချည်သားအတွင်းခံကိုသာ ဝတ်ဆင်ပါ။
  • အတွင်းခံကို သေချာလျှော်ပါ။
  • နေပူပူမှာ ထုတ်လှမ်းပါ။
  • အမျိုးသမီးလစဉ်သုံးဂွမ်းထုတ်ကို မကြာခဏလဲလှယ်ပေးပါ။
  • ဘောင်းဘီကျပ်ကျပ်တွေမဝတ်ပါနဲ့။
  • အမွှေးနံ့ပါတဲ့ ဂွမ်းတောင့်တွေ ၊ ဂွမ်းထုတ်တွေကို မသုံးပါနဲ့။
  • စိုနေတဲ့ အဝတ်တွေ မဝတ်ထားပါနဲ့။
  • ပုံမှန်ရေချိုးပါ။
  • မိန်းကိုယ်အတွင်းထဲကို မဆေးပါနဲ့။
  • ဆပ်ပြာတွေကိုသုံးပြီး မိန်းမကိုယ်အတွင်းထဲကို သန့်စင်တာမျိုးမလုပ်ပါနဲ့။
  • စိတ်ဖိစီးမှုကို ဖြေလျော့ပါ။
  • အိပ်ရေးဝအောင် အိပ်ပါ။

မှိုပိုးဝင်တာက ဆေးကုသဖို့ လိုပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်း မိန်းမကိုယ်ယားယံပြီး အဖြူဆင်းနေခဲ့ရင် ဆရာဝန်နဲ့ ပြသပြီး သေချာကုသဖို့ကိုလည်း အကြံပြုချင်ပါတယ်။

ဒီဆောင်းပါးလေးအတိုင်း လိုက်နာလို့ မုတ်သုံရာသီမှာ အဖြူဆင်းတဲ့ပြဿနာ မခံစားရအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်လိုက်ပါလေဒီလေးတို့ရေ……..

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/06/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။