backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

3

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Menstrual Cycle (ရာသီစက်ဝန်း ဆိုသည်မှာ အဘယ်နည်း)


Dr. Su Sandy မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Menstrual Cycle (ရာသီစက်ဝန်း ဆိုသည်မှာ အဘယ်နည်း)

ရာသီသွေးပေါ်ခြင်းသည် အမျိုးသမီးများ လစဉ်ကြုံတွေ့ရသော သွေးဆင်းခြင်းဖြစ်သည်။ ရာသီစက်ဝန်း သို့မဟုတ် ရာသီသွေးပေါ်သည့် အချိန်သည် လတိုင်းကြုံတွေ့ရခြင်းဖြစ်ပြီး၊ အမျိုးသမီး၏ သားဥအိမ်မှ သားဥကြွေသည့်အခါ ဖြစ်ပေါ်ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်ကြောင့် အမျိုးသမီး၏ မိန်းမကိုယ်မှ သွေးဆင်းခြင်းဖြစ်ပေါ်သည်။ ၎င်းသည် ပုံမှန်အားဖြင့် သုံးရက်မှ ငါးရက်အတွင်းကြာတတ်ပြီး၊ တစ်ဦးနှင့် တစ်ဦး ကွဲပြားနိုင်ပါသည်။

ရာသီစက်ဝန်းသည် သင့်ကို ကျန်းမာနေစေရန် အရေးပါသော ဟော်မုန်းများကို ထုတ်သည်။ သင့်ခန္ဓါကိုယ်ကို ကိုယ်ဝန်ဆောင်နိုင်စေရန်လည်း လစဉ် ပြင်ဆင်ပေးသည်။ တစ်လအတွင်း ဟော်မုန်းများပြောင်းလဲခြင်းသည် ရာသီစက်ဝန်းကို ထိန်းချုပ်သည်။ ရာသီစပေါ်သည့် ရက်မှ နောက်တစ်ကြိမ် ပေါ်သည့်အချိန်၏ ပထမရက်အထိ ကို ရာသီစက်ဝန်းတစ်ကြိမ် သတ်မှတ်သောကြောင့် လတိုင်းတွင် အချိန်ထပ်တူ မကျနိုင်ပေ။ များသောအားဖြင့် ၂၈ ရက်ကြာတတ်ပြီး၊ ၂၁ ရက်မှ ၃၅ ရက်အထိ ကွာခြားမှုများ ရှိနိုင်သည်။ လူငယ်များတွင် ၂၁ရက်မှ ၄၅ ရက်အထိ ဖြစ်နိုင်သည်။

Menstrual Cycle (ရာသီစက်ဝန်း ဆိုသည်မှာ အဘယ်နည်း) က ဘယ်လောက်အဖြစ်များသလဲ

ရာသီသွေးပေါ်ခြင်းသည် အမျိုူသမီးအားလုံးတွင် အလွန်အဖြစ်များသော ကျန်းမာရေးအခြအနေဖြစ်သည်။ ပထမဆုံး ရာသီသွေးပေါ်ခြင်းသည် အသက် ၈ နှစ်မှ ၁၂ နှစ်ကြားတွင် ဖြစ်နိုင်သည်။ ထိုအချိန်မှ စ၍ သွေးဆုံးသည့် အရွယ်အထိ လစဉ်လတိုင်း ရာသီသွေးပေါ်နေမည်ဖြစ်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Menstrual Cycle (ရာသီစက်ဝန်း ဆိုသည်မှာ အဘယ်နည်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များသော လက္ခဏာများမှာအောက်ပါအတိုင်းဖြစ်သည်။

– ဝမ်းဗိုက်အောက်ပိုင်း ကိုက်ခဲခြင်း

– ခါးနာခြင်း

– အစာစားချင်စိတ်ပြောင်းလဲခြင်း၊ အစားပိုစားခြင်း

– ရင်သားတင်းခြင်း၊ ကြီးလာခြင်း

– ခေါင်းကိုက်ခြင်း

– မောပန်းနွမ်းနယ်ခြင်း

– အိမ်မပျော်ခြင်း

– အဆစ်၊ နှင့် ကြွက်သားများ နာကျင်ခြင်း

– စိတ်အပြောင်းအလဲများခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊

– ဝမ်းပျက်ခြင်း

အထက်တွင်ဖော်ပြထားသော အချက်များမဟုတ်ပဲ အခြားသော လက္ခဏာများလည်း ရှိနိုင်သည်။ သင့်တွင်ရောဂါလက္ခဏာနှင့် ပတ်သတ်၍စိတ်ပူနေသည်များရှိလျင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင် အောက်တွင် ဖော်ပြထားသောလက္ခဏာများရှိလျင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

– ရာသီသွေးမပေါ်ခြင်း။ ။ အမျိုးသမီးငယ်များတွင် အသက် ၁၅နှစ်ခန့်တွင် သို့မဟုတ် အသက်ကြီးသူများတွင် အသက် ၅၀ ခန့်တွင် ရာသီသွေးလုံးဝမပေါ်ခြင်း ဖြစ်နိုင်သည်။

– ရာသီပေါ်ချိန်တွင် အလွန်နာကျင် ကိုက်ခဲခြင်း။

– ပုံမှန်မဟုတ်သော ရာသီသွေးဆင်းခြင်းသည် ရာသီစက်ဝန်တစ်ခုနှင့် တစ်ခုကြားဖြစ်လျှင်၊ လိင်ဆက်ဆံပြီးချိန်တွင် ဖြစ်လျှင်၊ ရာသီစက်ဝန်း အချိန်တွင် ဖြစ်လျှင်၊ သို့မဟုတ် ၇ ရက်ထက်ပို၍ သွေးဆင်းနေလျှင်

အကြောင်းရင်းများ

Menstrual Cycle (ရာသီစက်ဝန်း ဆိုသည်မှာ အဘယ်နည်း) ကိုဘာတွေကဖြစ်စေသလဲ

၎င်းသည် ဟော်မုန်းအာနိသင်ကြောင့် အမျိုးသမီးတိုင်း တွေ့ကြုံရမည်ဖြစ်သော ကျန်းမာရေးအခြေအနေတစ်ခုဖြစ်သည်။ ရာသီစက်ဝန်း၏ ပထမ တစ်ဝက်တွင် အမျိုးသမီးဟော်မုန်းဖြစ်သော အီစထရိုဂျင် ဟော်မုန်းသည် မြင့်တက်လာသည်။ အီစထရိုဂျင်သည် အရိုးများ သန်မာစေရန်၊ နှင့် အသက်ကြီးလာသည့်အခါ သန်မာစေရန် ကျန်းမာနေအောင် ကူညီပေးသော အရေးကြီးသည့် ဟော်မုန်းဖြစ်သည်။ ၎င်းသည် သားအိမ်၏ အနားသတ်များဖြစ်ပေါ်စေရန် ပြုလုပ်ပေးပြီး သားအိမ်ကို ထူထဲစွာ ကြီးထွားစေသည်။ ထိုအနားသတ်နေရာသည် သန္ဓေသားလောင်းကို ကိုယ်ဝန်ဆောင်သည့်အချိန်တွင် အာဟာရဓါတ်ပေးရန်နေရာဖြစ်သည်။ တစ်ချိန်တည်းမှာပင် သားအိမ်၏ အနားသတ်နံရံ ကြီးထွားနေချိန်တွင် မမျိုးဥသည်လည်း ကြီးထွားလာနေသည်။ ၂၈ ရက်ရာသီစက်ဝန်း၏ အလယ်နေ့ဖြစ်သော ၁၄ ရက်အချိန်တွင် မမျိုးဥသည် သားဥအိမ်မှ ကြွေဆင်းလာသည်။ ထိုဖြစ်စဉ်ကို သားဥကြွေခြင်း ဟုခေါ်သည်။

သားဥအိမ်မှ မမျိုးဥ ဆင်းလာချိန်တွင် ၎င်းသည် သားဥပြွန်ကို ဖြတ်ကာ သားအိမ်သို့ရောက်ရှိသည်။ ထိုအချိန်တွင် ဟော်မုန်းပမာဏ မြင့်တက်နေပြီး ကိုယ်ဝန်ဆောင်နိုင်ရန် သားအိမ်နံရံများကို ပြင်ဆင်ပေးထားသည်။ ထို့ကြောင့် အမျိုးသမီးသည် သားဥကြွေရန် သုံးရက်အလို သို့မဟုတ် သားဥကြွေသည့် အချိန်တွင် ကိုယ်ဝန်ဆောင်ရန် ရာခိုင်နှုန်း အများဆုံးဖြစ်သည်။ ရာသီစက်ဝန်းအချိန် တိုသော၊ သို့မဟုတ် ရှည်ကြာသော အမျိုးသမီးများတွင် ၁၄ ရက်နေ့၏ အရှေ့ သို့မဟုတ် အနောက် တွင် သားဥကြွေခြင်းဖြစ်နိုင်သည်။

မမျိုးဥသည် အမျိုးသား၏ သုတ်ပိုးနှင့် တွေ့သောအခါ ကိုယ်ဝန်ရနိုင်ပြီး သားအိမ်၏ နံရံတွင် ထိုသန္ဓေသားလောင်းသည် သွားရောက်တွယ်ကပ်နိုင်သည်။ ထိုမမျိုးဥသည် သန္ဓေမအောင်သည့်အခါ ကွဲထွက် ပျက်စီးသွားပြီး ဟော်မုန်းပမာဏကျဆင်းလာသည်။ ထိုအခါတွင် သားအိမ်၏ ထူနေသော နံရံများသည် ကွာကျလာသည့် အတွက် ရာသီသွေးဆင်းခြင်း ဖြစ်ပေါ်သည်။

ဖြစ်နိုင်ခြေများ

Menstrual Cycle (ရာသီစက်ဝန်း ဆိုသည်မှာ အဘယ်နည်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ရာသီသွေးပေါ်ခြင်းသည် သင့်ခန္ဓါကိုယ်မှ ပုံမှန်အလုပ်လုပ်နေသည်ကို ပြသော မဖြစ်မနေဖြစ်ပေါ်ရမည့် ကျန်းမာရေးအခြေအနေတစ်ခုဖြစ်သည်။

အောက်ပါတို့သည် ရာသီစက်ဝန်းပုံမှန်မဟုတ်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများဖြစ်သည်။

– စိတ်ဖိစီးမှုများခြင်း၊ နေမကောင်းဖြစ်ခြင်း။

– အသက်အရွယ်။ ။ မျိုးပွားနိုင်သော အသက်အရွယ်တွင် ရှိသော အမျိုးသမီးများတွင် ဖြစ်နိုင်သည်။ အီစထရိုဂျင်နည်းခြင်းသည် ရာသီစက်ဝန်းမပေါ်ခြင်း သို့မဟုတ် ပုံမမှန်ခြင်းကို ဖြစ်စေသည်။

– သားဆက်ခြားဆေးကဲ့သို့သော ဆေးများသုံးစွဲခြင်း။

– နေထိုင်ပုံပြောင်းလဲခြင်း။ ။ လေ့ကျင့်ခန်းအလုပ်များခြင်း၊ အစားမမှန်ခြင်း၊ အလွန်အမင်း ကိုယ်အလေးချိန်ကျဆင်းခြင်း။

– ကိုယ်ဝန်ဆောင်ခြင်းနှင့် နို့တိုက်ခြင်း။ ။ ရာသီမပေါ်ခြင်းသည် ကိုယ်ဝန်ရှိခြင်း၏ ရှေ့ပြေးလက္ခဏာဖြစ်သည်။ ကလေးမွေးပြီးနောက် နို့တိုက်ခြင်းကြောင့် ရာသီပြန်ပေါ်ခြင်း နောက်ကျတတ်သည်။

– သားအိမ်တွင် ရေအိတ်များတည်ခြင်း။ ။ ထိုရောဂါရှိသည့် အမျိုးသမီးများသည် ရာသီပုံမမှန်ဖြစ်တတ်သည်။

– အချိန်မတန်ခင် သားဥအိမ် ပျက်စီးခြင်း။ ။ အသက် ၄၀ မတိုင်ခင် သားဥအိမ်သည် ပုံမှန်လုပ်ဆောင်မှုများ ပျက်သွားနိုင်သည်။ ထိုအခါ ရာသီပုံမှန်မလာခြင်း သို့မဟုတ်၊ တခါတရံမှ ရာသီပေါ်ခြင်းများဖြစ်တတ်သည်။

– ဝမ်းဗိုက်အောက်ပိုင်းတွင် ရောဂါပိုးဝင်ခြင်းကြောင့် လည်း ရာသီပုံမမှန်ဖြစ်တတ်သည်။

– သားအိမ်တွင် အလုံးဖြစ်ခြင်း။ ။ သားအိမ်တွင် ကင်ဆာမဟုတ်သော အသားလုံးများဖြစ်ပေါ်ခြင်းကြောင့် ရာသီသွေးဆင်းများခြင်း နှင့် ရက်ကြာခြင်းများဖြစ်တတ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Menstrual Cycle (ရာသီစက်ဝန်း ဆိုသည်မှာ အဘယ်နည်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်သည် သွေးဆင်းခြင်းသည် ပုံမှန်ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ကိုယ်ခန္ဓါကို စမ်းသပ်ခြင်းဖြင့် သိနိုင်သည်။ ရာသီသွေးဆင်းခြင်းသည် ပုံမှန်မဟုတ်ပါက အခြားသော စစ်ဆေးမှုများကို ပြုလုပ်ရန်လိုအပ်သည်။ ဝမ်းဗိုက်အောက်ပိုင်းစစ်ဆေးခြင်း၊ သွေးစစ်ခြင်း၊ သားအိမ်နံရံမှ အသားစယူခြင်း၊ သားအိမ်ကို မှန်ပြောင်းဖြင့် ကြည့်ခြင်း၊ နှင့် တီဗီဓါတ်မှန်ရိုက်ခြင်းများ ပြုလုပ်နိုင်သည်။

Menstrual Cycle (ရာသီစက်ဝန်း ဆိုသည်မှာ အဘယ်နည်း) ကို ဘယ်လိုကုသပါသလဲ

ရာသီသွေးဆင်းခြင်းသည် ကုသရန်မလိုပါ။ ရာသီပေါ်စဉ် နာကျင်ကိုက်ခဲလျှင် အကိုက်အခဲပျောက်ဆေးသောက်နိုင်သည်။

ဘဝနေထိုင်နည်းပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

အောက်ပါတို့သည် သင့်ကို ရာသီပေါ်သည့် အချိန်တွင် အကူအညီဖြစ်စေရန် နည်းလမ်းများဖြစ်ပါသည်။

– ဝမ်းဗိုက်အောက်ပိုင်းတွင် ရေနွေးအိတ် သို့မဟုတ် ရေနွေးပုလင်း ကပ်ပေးခြင်းဖြင့် နာကျင်ကိုက်ခဲမှုသက်သာနိုင်သည်။

– လိုအပ်လျှင် အနားယူပါ။

– ကဖင်းနှင့် ဆား များသော အစားအစာများကို ရှောင်ပါ။

– ဆေးလိပ်နှင့် အရက်သောက်ခြင်းကို ရှောင်ပါ။

– ဝမ်းဗိုက်အောက်ပိုင်းကို နှိပ်ပါ။

သင့်တွင်မေးမြန်းလိုသည်များရှိလျင် သင့်အတွက် အကောင်းဆုံး အကြံဉာဏ်ကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Su Sandy မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement