backup og meta

သွေးဆုံးချိန်မှာဖြစ်တတ်တဲ့လက္ခဏာတွေကို ဘယ်လိုရင်ဆိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးဆုံးချိန်မှာဖြစ်တတ်တဲ့လက္ခဏာတွေကို ဘယ်လိုရင်ဆိုင်မလဲ

    သွေးဆုံးတယ်ဆိုတာက ကျွန်မတို့အမျိုးသမ်းတိုင်းမလွဲမသွေတွေ့ကြုံခံစားကြရမယ့် အတွေ့အကြုံတစ်ခုပါ။ သွေးဆုံးတယ်ဆိုတာက ဘယ်ချိန်မှာသွေးဆုံးမလဲ ကြိုတင်တွက်ချက်ပြင်ဆင်ထားလို့မရပါဘူး။ ဒါပေမယ့်သွေးဆုံးတာကနေ့ချင်းညချင်းဖြစ်ပေါ်လာတာမျိုးမဟုတ်ဘဲလပိုင်း ဒါမှမဟုတ် နှစ်ပိုင်း အလိုလောက်ကတည်းကလက္ခဏာတွေကြိုတင်ပြသတတ်ပါတယ်။ လက္ခဏာတွေကို သိရှိပြီး ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက်သွေးဆုံးတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

    သွေးဆုံးတယ်ဆိုတာ

    ကိုယ်ဝန်ရှိတာလည်းမဟုတ်၊ ဖျားနာတာလည်းမဟုတ်ဘဲနဲ့ ၁၂ လဆက်တိုက် ရာသီသွေးမဆင်းဘူးဆိုရင်တော့သွေးဆုံးပြီလို့ဆို လို့ရပါတယ်။ အမျိုးသမီးတော်တော်များများက အသက် ၄၀ ကနေ ၅၀အရွယ်လောက်မှာသွေးဆုံးတတ်ကြပါတယ်။ သားအိမ်ထုတ်တဲ့ ခွဲစိတ်မှု တစ်ရပ်ခံယူဖူးရင်ပဲဖြစ်ဖြစ် ကင်ဆာလိုမျိုးရောဂါတစ်ရပ်ရပ်ကြောင့် သားအိမ် (သို့) မျိုးဥအိမ်ထုတ်တဲ့ ခွဲစိတ်မှုကို ခံယူဖူးရင်ပဲဖြစ်ဖြစ်သွေးဆုံးချိန်မှာ ခံစားရတဲ့လက္ခဏာတွေကို ခံစားရမှာမဟုတ်ပါဘူး။

    ပုံမှန်အားဖြင့်သွေးဆုံးတဲ့ အသက်က ၅၁ နှစ်ဆိုပေမယ့် အချို့မှာ အသက် ၃၀ အရွယ်လောက်မှာဖြစ်တတ်ပြီး အချို့မှာတော့ အသက် ၆၀နောက်ပိုင်းလောက်မှာဖြစ်တာမျိုးတွေလည်းရှိပါတယ်။ အမျိုးသမီးတစ်ဦးဘယ်အရွယ်မှာသွေးဆုံးမလဲဆိုတာကို ခန့်မှန်းတွက်ချက်ပေးနိုင်တဲ့ စမ်းသပ်မှုတွေတော့ အခုချိန်ထိမရှိသေးပါဘူး။

    အမျိုးသမီးတစ်ဦးရဲ့ အပျိုဖော်ဝင်ချိန်က ဘယ်အချိန်မှာသွေးဆုံးမလဲဆိုတာနဲ့ ဆက်စပ်မှုမရှိပါဘူး။ ရာသီသွေးဆုံးတဲ့လက္ခဏာတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီသွေးဆင်းတာ၊ မျက်နှာတွေနီမြန်းတာ၊ အမျိုးသမီး အင်္ဂါနဲ့ ဆီးလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာတွေ ခံစားရတာ နဲ့ စိတ်ခံစားချက်အခြေအနေပြောင်းလဲတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    နောက်ဆက်တွဲရောဂါအနေနဲ့ သွေးဆုံးပြီးချိန်မှာosteoporosisအရိုးပွရောဂါနဲ့ နှလုံးရောဂါheart diseaseတွေခံစားရနိုင်ပါတယ်။

    အမျိုးသမီးတစ်ဦးချင်းစီအတွက်သွေးဆုံးရောဂါနဲ့ပတ်သက်ပြီး ကုသမှုပုံစံတွေကွဲပြားနိုင်ပါတယ်။

    သတိထားမိနိုင်မယ့် ပြောင်းလဲလာတဲ့အချက်အလက်တွေ

    သွေးဆုံးဖို့ လပိုင်းအလို (သို့) နှစ်ပိုင်းအလိုလောက်မှာ သင့်အနေနဲ့အောက်မှာဖော်ပြထားတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

    • ရာသီသွေး မမှန်တာ
    • အမျိုးသမီး အင်္ဂါခြောက်သွေ့တာ
    • ပူစပ်ပူလောင်ဖြစ်ပြီးနီမြန်းတာ
    • ချမ်းတုန်တာ
    • ညဘက်ကိုချွေးထွက်တာ
    • အိပ်စက်မှုပိုင်းဆိုင်ရာမှာပြဿနာရှိတာ
    • စိတ်အခြေအနေတွေပြောင်းလာတာ
    • ကိုယ်အလေးချိန်တက်လာပြီး ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုတွေနှေးကွေးလာတာ
    • ဆံပင်တွေပါးလာပြီး အရေပြားခြောက်သွေ့လာတာ
    • ရင်သားတွေလျော့ရဲလာတာ

    ရာသီသွေးဆင်းမှုပြောင်းလဲလာတာ အပါအဝင် လက္ခဏာတွေက အမျိုးသမီး တစ်ဦးနဲ့တစ်ဦး မတူတာမျိုးတွေဖြစ်နိုင်ပါတယ်။ အမျိုးသမီး အများစုကတော့သွေးမဆုံးခင်မှာ ရာသီသွေးဆင်းမှုမမှန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    သွေးမဆုံးခင်အကြိုကာလအတွင်းမှာ ရာသီသွေးထိမ်သွားတာမျိုးတွေဖြစ်ပေါ်စားရနိုင်ပါတယ်။ တခါတလေမှာ ရာသီသွေးက တစ်လလောက် ထိမ်သွားပြီးပြန်ဆင်းတာမျိုးရှိသလို လအတော်ကြာထိမ်ပြီးမှ ရာသီသွေးပြန်ပေါ်တာမျိုးတွေရှိပါတယ်။ ရာသီသွေးဆင်းတဲ့ ကာလက တိုတောင်းသွားပြီး ရာသီသွေးဆင်းချိန် တအားကပ်သွားတာမျိုးတွေလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ရာသီသွေးဆင်းတာ ပုံမှန်မဟုတ်တာက ကိုယ်ဝန်ရှိနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

    သွေးဆုံးချိန် အစောပိုင်းကာလမှာ ဘာတွေဖြစ်ပေါ်ခံစားရနိုင်သလဲ။

    ဆေးကုသမှု နဲ့ ခွဲစိတ်ကုသမှု အခြေအနေတွေက ရာသီသွေးဆုံးတဲ့ ကာလအပေါ်မှာ သက်ရောက်မှုရှိနေနိုင်ပါတယ်။

    သားဥအိမ် ခွဲစိတ်ဖယ်ရှားခြင်း

    သားဥအိမ်ကို ခွဲစိတ်ဖယ်ရှားတဲ့ ခွဲစိတ်မှုက ရာသီသွေးဆုံးမှုအပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။surgical menopause လို့လည်းခေါ်ကြပါတယ်။သွေးဆုံးမငအပေါ်မှာ သက်ရောက်မှုရှိပါတယ်။

    ကင်ဆာ ဓါတုကုထုံး (သို့) ဓါတ်ရောင်ခြည်ကုထုံး

    ကင်ဆာအမျိုးအစားနဲ့ ကင်ဆာဖြစ်ပွားတဲ့နေရာပေးမှာ မူတည်ပြီး ကင်ဆာကုထုံးပုံစံက ကွဲပြားနိုင်ပါတယ်။ အဆိုပါ ကုထုံးတွေကို မျိုးဥအောင်တဲ့ အမျိုးသမီးတွေမှာ လုပ်ဆောင်မယ်ဆိုရင်သွေးဆုံးမှုအပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ကင်ဆာကုထုံးခံယူနေစဉ်အတွင်းမှာသွေးဆုံးလက္ခဏာတွေဖြစ်ပေါ်လာနိုင်သလို ကုသမှုခံယူပြီးနောက်ပိုင်းမှာသွေးဆုံးမယ့် လက္ခဏာတွေပေါ်ပေါက်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။

    သွေးဆုံးချိန်စောလွန်းခြင်း

    သွေးဆုံးချိန်စောလွန်းတယ်ဆိုတာက အသက် ၄၀ မတိုင်မှာသွေးဆုံးတာကိုခေါ်တာပါ။ ဒီအခြေအနေမျိုးက အမျိုးသမီးတွေအားလုံးရဲ့ ၁ ရာခိုင်နှုန်းလောက်မှာဖြစ်လေ့ဖြစ်ထရှိတာဖြစ်ပါတယ်။ရောဂါတွေကြောင့်ဖြစ်နိုင်သလို မျိုးရိုးလိုက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။

    နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်သလဲ

    သွေးဆုံးပြီးတဲ့ အခါရောဂါအချို့ဝင်ရောက်လာနိုင်သလိုဖြစ်ပေါ်ခံစားရနိုင်ခြေလည်းတိုးလာတတ်ပါတယ်။

    နှလုံး နဲ့သွေးကြောဆိုင်ရာရောဂါ

    ခန္ဓါကိုယ်တွင်းမှာ အက်စထရိုဂျင် ပမာဏကျဆင်းလာတဲ့ အခါ နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ပါတယ်။ နှလုံးရောဂါက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ အသက်ဆုံးရှုံးတဲ့အထိဖြစ်ပေါ်ခံစားရစေနိုင်တဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေမဖြစ်အောင် အဓိကလုပ်ဆောင်ရမယ့်အချက်က လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်တာ နဲ့ ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာပဲဖြစ်ပါတယ်။ ကိုလက်စထရော ပမဏနဲ့ သွေးဖိအားတအားမြင့်တက်နေတယ်ဆိုပါကလည်း သွေးတွင်း ကိုလက်စထရောနဲ့ သွေးပေါင်ချိန်ကျအောင်ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ်ရယူနိုင် ပါတယ်။

    အရိုးတွေ ကြွပ်ဆတ်ပြီး အားနည်းလာခြင်း

    သွေးဆုံးတဲ့အခါ အမျိုးသမီးတွေအနေနဲ့ အရိုးတွေကြွပ်ဆတ်ပြီး အားနည်းလာတာမျိုးတွေခံစားရနိုင်ပါတယ်။ အဆိုပါအခြေအနေက အရိုးကျိုးနိုင်ခြေကိုတိုးစေနိုင်ပါတယ်။သွေးဆုံးပြီးနောက် ပထမအစောပိုင်းနှစ်တွေအတွင်းမှာ အရိုးသိပ်သည်းဆတေါ အလျင်အမြန်ကျဆင်းသွားတာကိုတွေ့ကြုံခံစားရနိုင်ပါတယ်။ အရိုးပွရောဂါဖြစ်ပေါ်ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။ အရိုးပွရောဂါခံစားနေရတဲ့သွေးဆုံးပြီးအမျိုးသမီးတွေမှာကျောရိုး၊တင်ပါးဆုံရိုးနဲ့ လက်ကောက်ဝတ်ရိုးကျိုးတာမျိုးတွေ အဖြစ်များပါတယ်။

    ဆီးမထိန်းနိုင်ခြင်း

    ဆီးလမ်းကြောင်းနဲ့မွေးလမ်းကြောင်းက တစ်ရှုးတွေကကျုံဆန့်အားလျော့သွားတဲ့အချိန်မှာ မကြာခဏဆီးသွားတာ၊ ရုတ်တရက်ဆီးတအားသွားချင်တာ၊ ဆီးမထိန်းနိုင်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဆီးလမ်းကြောင်းက တစ်ရှုးတွေရဲ့ ကျုံ့ဆန့်အားလျော့ကျသွားတဲ့အခါချောင်းဆိုးရင်ပဲဖြစ်ဖြစ် ရယ်မောတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အလေးအပင်တစ်ခုခုကိုမတာမျိုးပဲဖြစ်ဖြစ်လုပ်တဲ့အခါမျိုးမှာ ရုတ်တရက် ဆီးထွက်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေတောင်ခံစားရနိုင်ပါတယ်။

    လိင်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ်မှာ ထိခိုက်မှုရှိလာခြင်း

    အစိုဓါတ်ထုတ်လုပ်နိုင်စွမ်းကျဆင်းလာတာကြောင့်အမျိုးသမီးအင်္ဂါခြောက်သွေ့လာနဲ့ ကြွက်သားတွေအားနည်းလာတာက မသက်မသာဖြစ်စေတာမျိုးတွေ ခံစားရစေနိုင်သလို လိင်ဆက်ဆံတဲ့ အခါသွေးဆင်းလာတာမျိုးတွေခံစားရနိုင်ပါတယ်။ အဆိုပါမသက်မသာခံစားမငတွေခံစားလာရတဲ့အခါ သင့်အနေနဲ့ လိင်ဆက်ဆံလိုစိတ်တွေ ကျဆင်းတာမျိုးဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။

    ရေကိုအခြေခံပြီးထုတ်ထားတဲ့ မိန်းမကိုယ်သုံးအစိုဓါတ်ထိန်းဆေးတွေ၊ချောဆီတွေကိုသင့်ကို အကူအညီပေးပါလိမ့်မယ်။ တကယ်လို့ မိန်းမကိုယ်ပြင်ပမှာလူးရတဲ့ဆေးတွေက ထိရောက်မှုမရှိဘူးဆိုရင် အတွင်းပိုင်းအတွက်အသုံးပြုရတဲ့ ခရင်ခ်တွေလူးပေးတာ၊ဆေးပြားထည့်တာနဲ့ ကွင်းထည့်တာမျိုးတွေလုပ်ဆောင်ပေးလို့ရပါတယ်။

    ကိုယ်အလေးချိန်တိုးလာခြင်း

    သွေးဆုံးပြီးအမျိုးသမီးတွေမှာ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်တွေနှေးကွေးသွားတာကြောင့်သွေးဆုံးချိန်ကာလအတွင်းနပြသွေးဆုံးပြီးချိန်ကာလတွေအတွင်းမှာ ကိုယ်အလေးချိန် တက်လာတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အစားကိုသင့်တင့်ရုံစားသုံးပြီး ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ပေးရင်းဖြင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့လိုပါတယ်။

    သွေးဆုံးတာကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ

    ကံကောင်းတာတစ်ချက်ကသွေးဆုံးတာနဲ့ပတ်သက်တဲ့ လက္ခဏာတွေက ခဏတာလောက်ပဲဖြစ်တာဖြစ်ပါတယ်။အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကသွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အခြေအနေတွေကို ကာကွယ်ရာမှာ အထေက်အကူရစေနီုင်သလိုသွေးဆုံးချိန်ခံစားရနိုင်တဲ့ လက္ခဏာတွေကိုလျော့ပါးသက်သာစေနိုင်မှာဖြစ်ပါတယ်။

    • ပူစပ်ပူလောင်ဖြစ်တာကို သက်သာစေဖို့ ချည်သားခပ်ပါးပါးလေးတွေကိုပဲ ဝတ်ဆင်ပေးပါ။ရေအေးအေးတစ်ခွက်လောက်သောက်သုံးပေးပါ။အေးတဲ့နေရာမှာနေပေးပါ။ ပူစပ်ပူလောင်ဖြစ်ရတဲ့ အကြောင်းရင်းခံကိုရှာဖွေပါ။ အမျိုးသမီးအများစုကတော့ လက်ဖက်ရည်၊ကော်ဖီတို့လိုမျိုး ပူပူနွေးနွေးသောက်စရာတွေကိုသောက်သုံးတာ၊ ကဖင်းဓါတ်ပါတာတွေကို စားသုံးတာ၊ ပူစပ်တဲ့အစားအသောက်တွေကိုစားသုံးတာ၊အရက်သောက်တာ၊စိတ်ဖိစီးတာ၊ ရာသီဥတုပူတာ၊ အခန်းအပူချိန်မြင့်တာတွေကြောင့် ပူစပပူလောင်ဖြစ်တာကို ခံစားရတာဖြစ်ပါတယ်။
    • မိန်းမကိုယ်မှာ မသက်မသာဖြစ်တာကိုလျော့ပါးသက်သာစေဖို့အတွက်ရေကိုအခြေခံပြီးထုတ်ထားတဲ့ချောဆီကိုအသုံးပြုတာ၊ ဆီလီကွန်အခြေခံထုတ်ထားတဲ့ချောဆီတွေ (သို့) အစိုဓါတ်ထိန်းခရင်ခ်တွေကို အသုံးပြုပေးလို့ရပါတယ်။ အလှဆီမပါတဲ့ ထုတ်ကုန်တွေကိုရွေးချယ်အသုံးပြုပါ။ ဓါတုပစ္စည်းနဲ့ဓါတ်မတည့်သူတွေမှာ ပူစပ်ပူလောင်ဖြစ်တာ နဲ့ ယားယံတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
    • အိပ်ရေးဝအောင် အိပ်စက်ပေးပါ။ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ကဖင်းဓါတ်ကိုလုံးဝနီးပါးရှောင်ပေးတာ၊ အရက်အလွန်အကျွံသောက်သုံးတာကိုရှောင်ကြဉ်တာက အိပ်ရေးဝဝအိပ်ပျော်စေမှာဖြစ်ပါတယ်။ မအိပ်ခင်မှာလေ့ကျင့်ခန်းလုပ်တာမျိုးမလုပ်ဘဲနေ့လည်နေ့ခင်း အချိန်မှာလေ့ကျင့်ခန်းလုပ်ပေးပါ။ မအိပ်ခင်မှာ အိပ်ရေးဝစေမယ့်နည်းလမ်းကို၇ှာဖွေပါ။
    • ခန္ဓါကိုယ်ကို အပန်းပြေစေမယ့် နည်းလမ်းတွေဖွေရှာပါ။ အသက်ကိုရှိုက်ရှုတာ၊ ဝင်သက်ထွက်သက်မှတ်တာ၊ အနှိပ်ခံတာ၊ ကြွက်သားတွေကိုပြေလျော့စေမယ့် အကြောလျော့လေ့ကျင့်ခန်းတွေလုပ်တာမျိုးကသွေးဆုံးရောဂါလက္ခဏာတွေကို သက်သာစေမှာဖြစ်ပါတယ်။ စာအုပ်တွေ၊ စီဒီခွေတွေ နဲ့ အွန်လိုင်းကနေတဆင့် ခန္ဓါကိုယ်အတွက် အပန်းပြေစေမယ့်လေ့ကျင့်ခန်းတွေကို ရှာဖွေကြည့်ရှုလုပ်ဆောင်ပေးပါ။
    • တင်ပါးဆုံကြွက်သားသန်စွမ်းစေမယ့်လေ့ကျင့်ခန်းတွေလုပ်ဆောင်ပေးပါ။ (Kegel) ကျီဂဲလ် လို့ခေါ်တဲ့ တင်ပါးဆုံးကြွက်သားသန်စာမ်းစေမယ့်လေ့ကျင့်ခန်းတွေလုပ်ဆောင်တာက ဆီးမထိန်းနိုင်တာကို သက်သာအောင်အထောက်အကူပြုနိုင်ပါတယ်။
    • အာဟာရကို သင့်တင့်မျှတအောင်စားသုံးပေးပါ။နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ကောက်နှံတွေပါဝင်အောင်စားသုံးပေးပါ။ လိုအပ်ပါကနေ့စဉ်စားသုံးရမယ့် အာဟာရဓါတ်တွေပြည့်ဝစေဖို့အတွက် ဗီတာမင် နဲ့ ကယ်လ်ဆီယမ်ဖြည့်စွက်ဆေးတွေမှီဝဲပေးပါ။
    • ဆေးလိပ်မသောက်ပါနဲ့။ဆေးလိပ်သောက်တာက နှလုံးရောဂါ၊လေဖြတ်ခြင်း၊ အရိုးပွဝေဒနာ၊ကင်ဆာနဲ့ အခြားသော ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်သလို ပူစပ်ပူလောင်ဖြစ်တာကို ခံစားရနိုင်ခြေပိုများစေပါတယ်။ ဒါ့အပြင်သွေးဆုံးချိန်ကို ပုံမျန်ထက်စောတာမျိုးလည်းဖြစ်စေနိုငပါတယ်။
    • လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာ (သို့) တစ်ပတ်ကို ၄- ၅ ရက်လောက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာက နှလုံးရောဂါ၊ဆီးချိုရောဂါ၊ အရိုးပွရောဂါ နဲ့ အသက်အရွယ်ကြီးရင့်တာကြောင့် ခံစားရနိုင်တဲ့ အခြားရောဂါဝေဒနာတွေကို ကာကွယ်ရာမှာလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement