backup og meta

သွေးဆုံးတော့မယ်ဆိုတဲ့ လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးဆုံးတော့မယ်ဆိုတဲ့ လက္ခဏာများ

    အမျိုးသမီးတွေရဲ့ခန္ဓါကိုယ်တွေဟာ ဘဝရဲ့ အသက်အပိုင်းအခြားတိုင်း၊ အခြေအနေတိုင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေကို ခံစားကြရပါတယ်။ အရွယ်ရောက်ခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းဟာ ဘဝရဲ့ အထင်ရှားဆုံး အပြောင်းအလဲ နှစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးအများစုကတော့ နောက်ဆုံးပြောင်းလဲမှုဖြစ်ပေမယ့် အထက်ပါအခြေအနေနှစ်ခုလို အရေးကြီးတဲ့ ကာလအပိုင်းအခြားတစ်ခုဖြစ်တဲ့ သွေးဆုံးခြင်းကိုတော့ သေချာသိလေ့မရှိပါဘူး။

    သွေးဆုံးတယ်ဆိုတာဘာလဲ။

    အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်းတွေရဲ့ နိဂုံးကိုရောက်တဲ့အခါ သူမတို့ရဲ့ ခန္ဓါကိုယ်ဟာ အီစထရိုဂျင်နဲ့ Progesterone ထုတ်လုပ်မှုကိုဖြည်းဖြည်းချင်းရပ်လိုက်ပါတယ်။ ဒါကပဲ သူမကို ကလေးမရစေနိုင်တော့တာပါ။ ဒီကာလအပိုင်းအခြားကို သွေးဆုံးတယ်လို့ခေါ်ပါတယ်။

    သွေးဆုံးခြင်းဆိုတာ တစ်ညတည်းမှာ ဖြစ်ပျက်ပြီးဆုံးသွားတာမဟုတ်ပါဘူး။ သွေးဆုံးတဲ့အဆင့်ကိုရောက်ဖို့ အမျိုးသမီးတွေဟာ perimenopause (အကြိုသွေးဆုံးခြင်း) ဆိုတဲ့ကာလကိုဖြတ်သန်းရပါတယ်။ ဒီအချိန်ဟာ အမျိုးသမီး တစ်ယောက်ချင်းစီရဲ့ ခန္ဓါကိုယ်ပေါ်လိုက်ပြီး လအနည်းငယ်သာကြာနိုင်သလို နှစ်ပေါင်းများစွာလည်း ကြာသွားနိုင်ပါတယ်။ ဖြစ်ခဲတဲ့အခြေအနေအချို့မှာတော့ သွေးဆုံးဖို့ပြင်ဆင်တဲ့ ဒီကာလဟာ ၁၀နှစ်အထက်တောင် ကြာနိုင်ပါသေးတယ်။

    သွေးဆုံးခြင်းအများစုဟာ သူမတို့ အသက် ၅၁ဝန်းကျင်ကိုရောက်တဲ့အခါ အမျိုးသမီးတွေရဲ့ ခန္ဓါကိုယ်ထဲက ဟော်မုန်းတွေ သဘာဝအတိုင်းပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရတာပါ။ ဒါပေမဲ့ အမျိုးသမီးတစ်ယောက်ဟာ သွေးဆုံးခြင်းကို တမင်ပြုလုပ်ယူတာမျိုး ၊ခွဲစိတ်မှုကြောင့် သွေးဆုံးတာမျိုးဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ကုသမှုခံယူရတာမျိုး ၊ ခွဲစိတ်မှုတစ်ခုခုခံယူရတာမျိုးလုပ်ပြီးတဲ့အချိန်မှာ သွေးဆုံးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    အချိန်မတိုင်မီသွေးဆုံးခြင်းဟာ အမျိုးသမီးတစ်ယောက် သက် ၄၀အရွယ်မရောက်ခင်မှာ ဖြစ်တတ်ပြီး ဘာရောဂါမှမရှိဘဲ ကျန်းမာနေတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတ်ယ။ ဒီလို ဖြစ်ရပ်အများစုကတော့ အဆိုပါအမျိုးသမီးတွေရဲ့ မျိုးရိုးကြောင့်ဖြစ်ရတာမျိုးပါ။

    သွေးဆုံးခြင်းရဲ့ လက္ခဏာ ၁၀ချက်

    အောက်ပါလက္ခဏာတွေဖြစ်ပေါ်လာပြီဆိုရင်တော့ ဒီအမျိုးသမီးဟာ perimenopause ဖြစ်နေတာလို့ ညွှန်ပြနေပါတယ်။

    – အသားအရေနဲ့လက်သည်းတို့ ခြောက်သွေ့ခြင်း၊ ဆံပင်တွေခြောက်ပြီး ဆံပင်အထွေးလိုက် အမြန်ကျွတ်ခြင်း

    – အိပ်မပျော်ခြင်း

    – အာရုံစိုက်ဖို့ခက်ခဲခြင်းနဲ့ မေ့တတ်လာခြင်း

    – အသားတွေပူပြီး ညဘက်ချွေးထွက်ခြင်း

    – ဘာအကြောင်းပြချက်မှမရှိဘဲ စိတ်တို၊ စိတ်သောကရောက်တတ်ပြီး နှလုံးခုန်မြန်နေခြင်း

    – မိန်းမကိုယ်ခြောက်သွေ့ခြင်းနဲ့ လိင်မှုကိစ္စတို့တွင် သာယာမှုလျော့နည်းလာခြင်း၊ လိင်ကိစ္စတွင် စိတ်မပါတော့ခြင်း

    – စိတ်ခံစားချက်အပြောင်းအလဲမြန်ခြင်း

    – ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း

    – ခေါင်းကိုက်ခြင်းနဲ့ မောပန်းခြင်း

    – ဝက်ခြံထွက်ခြင်း

    သွေးဆုံးခြင်းကို ဘယ်လိုရင်ဆိုင်ကြမလဲ။

    လက္ခဏာများ

    အချို့သောအမျိုးသမီးတွေကတော့ Perimenopause ကို တွေ့ကြုံကြရာမှာ အခက်အခဲမရှိဘဲ သူတို့ရဲ့ခန္ဓါကိုယ်က ဖြည်းဖြည်းချင်းပြောင်းလဲသွားတတ်ပေမယ့် အချို့ကတော့ ဒီကာလဟာ သူတို့ကို အသက်အန္တရာယ်ပါ ကျရောက်စေနိုင်တဲ့ ကပ်ဆိုးကြီးလိုပါပဲ။ သွေးဆုံးတဲ့ လက္ခဏာတွေကို အပြည့်အဝကာကွယ်လို့မရသလို ဒါတွေဟာ အမျိုးသမီးတိုင်းကြုံရတဲ့ သဘာဝပြောင်းလဲမှုတွေပဲ မဟုတ်ပါလား။ ဒါပေမဲ့ လက္ခဏာတွေရဲ့ ပြင်းထန်မှုကို လျှော့ချပေးနိုင်မယ့် ရိုးရှင်းတဲ့ အချက်လေးတွေတော့ရှိပါတယ်။

    – နေထိုင်မှုပုံစံပြောင်းလဲခြင်း။ ။ Perimenopause ကို ခံစားနေရတဲ့ အမျိုးသမီးတွေဟာ oesrogen ကြွယ်ဝတဲ့ စားစရာတွေ ဥပမာ – နှမ်းစေံ၊ ပဲပိစပ်၊ ပဲအမျိုးမျိုးနဲ့ သစ်သီးခြောက်တွေကို အဓိကထားစားသင့်ပါတယ်။ သူတို့တွေဟာ အရက်သောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ရှားသင့်ပြီး ပုံမှန်ထက်လည်း လေ့ကျင့်ခန်းပိုလုပ်သင့်ပါတယ်။

    – ကိုယ်ပူခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း တို့အတွက် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို သောက်ပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီးတဲ့နောက်မှာ ရိုးရာနည်းလမ်းတွေဖြစ်တဲ့ အပ်စိုက်ခြင်းလို၊ နှိပ်နယ်ခြင်းလို နည်းလမ်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement