အိမ်ထောင်သည်တွေအနေနဲ့ ကလေးမလိုချင်သေးတဲ့အချိန်မှာ သန္ဓေတားဆေးသုံးခြင်းက ကိုယ်ဝန်မရနိုင်အောင်တားဆီးပေးနိုင်ပါတယ်။ကွန်ဒုံး ကို အသုံးပြုမယ်ဆိုရင်တော့ လိင်ကြောင့်ကူးစက်တတ်တဲ့ရောဂါ တွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အတူမနေခင်မှာ သင့်အဖော်နဲ့ ဘယ်လိုအကာအကွယ်သုံးမလဲဆိုတာ တိုင်ပင်ပြီး သေချာအသုံးပြုသင့်ပါတယ်။
၃။သုက်မလွှတ်ခင် လိင်တံအပြင်ထုတ်ခြင်းက ကိုယ်ဝန်တားဖို့ စိတ်ချရတဲ့နည်းလမ်းမဟုတ်ပါဘူး။
ဆက်ဆံဖော် အမျိုးသားက သုက်မလွှတ်ခင် လိင်တံ အပြင်ထုတ်ခြင်းဖြင့်လဲ ကိုယ်ဝန်ရရှိနိုင်ခြင်းကို မတားဆီးနိုင်ပါဘူး။ အမျိုးသားတွေ သုက်မလွှတ်ခင် လိင်စိတ်လှုပ်ရှားမှုကြောင့်သုက်မလွှတ်ခင် ထွက်တဲ့ အရည်ကြည် ထဲမှာ သုက်ကောင်တွေ ပါရှိတတ်ပါတယ်။ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရဖို့ သုက်ကောင် တစ်ကောင်သာ လိုအပ်တာပါ။ ဒါ့အပြင် ထိုအရည်ကြည်ထဲမှာ လိင်ကြောင့် ကူးစက်တတ်တဲ့ ရောဂါပိုးမွှားတွေပါဝင်တာကြောင့် သုက်မလွှတ်ခင် အပြင်ထုတ်ခြင်းဟာလည်း လိင်ကြောင့်ကူးစက်တတ်တဲ့ ရောဂါတွေ (STIs) ကိုလည်း မကာကွယ်နိုင်ပါဘူး။
တကယ်လို့ သင့်ဆက်ဆံဖော်အမျိုးသားက သုက်မလွှတ်ခင် အပြင်ထုတ်ပေးမယ်လို့ ပြောရင် မယုံပါနဲ့။ ဘယ်သူမှ အဲ့ဒီစိတ်ကို မထိန်းနိုင်ပါဘူး။ ဒါကြောင့် ကွန်ဒုံးကို အသုံးပြုပါ။ ကွန်ဒုံးက လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်ရောဂါ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်မလိုချင်ပါက တခြား သားဆက်ခြား နည်းလမ်းများကိုလည်း အသုံးပြုနိုင်ပါတယ်။
၄။ရာသီလာစဉ် ချစ်တင်းနှောလျှင်လည်း ကိုယ်ဝန်ရနိုင်ပါတယ်
ရာသီလာစဉ် အတူနေရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ ကောလာဟလကို ကြားဖူးမှာပါ။ အမှန်က အမျိုးသမီးတစ်ဦးက ဘယ်အချိန်မှာမဆို အကာအကွယ်မသုံးဘဲ အတူနေရင် ကိုယ်ဝန်ရနိုင်ပါတယ်။ သုက်ကောင်တွေက သင့်ကိုယ်တွင်းမှာ ရက်အတန်ကြာ အသက်ရှင်နိုင်တာကြောင့် ရာသီလာစဉ် အတူနေသော်လည်း အချိန်အတန်ကြာ အသက်ရှင်နိုင်တဲ့ သုက်ကောင်တွေက သင့်ကို ကိုယ်ဝန်ရသွားစေနိုင်ပါတယ်။
ဒါ့ကြောင့် သန္ဓေတားဖို့ စိတ်ချချင်ရင် ၃ လခံ သားဆက်ခြားထိုးဆေးကိုရွေးနိုင်ပါတယ်။ တစ်ခါထိုးပြီးရင် ၃လသန္ဓေတားနိုင်စွမ်းရှိပြီး သားဆက်ပုံမှန်ခြားလိုပါက ၃လပြည့်တိုင်း နောက်တစ်ခါထပ်ထိုးပေးရမှာဖြစ်ပါတယ်။ ကိုယ်ဝန်မလိုချင်ဘူးဆိုရင် တားဆေး တစ်မျိုးမျိုး၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ကာကွယ်ရန်အတွက် ကွန်ဒုံးတို့ကို သုံးသင့်ပါတယ်။
၅။အိပ်မပျော်ခြင်းကို ကုသနိုင်တယ်
လိင်ကိစ္စအထွတ်အထိပ်ရောက်တဲ့အခါoxytocinဟော်မုန်းထွက်လာတာကကောင်းကျိုးတစ်ခုပါ။ အမျိုးသားရော အမျိုးသမီးပါ လိင်စိတ်ပြင်းထန်လာချိန်မှာ ဒီဟော်မုန်းထွက်လာတတ်ပါတယ်။oxytocin က အနားယူပြေလျော့ခြင်းနဲ့ အိပ်ချင်စိတ်ကို ပိုဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့်ပဲ ချစ်တင်းနှောပြီး ချက်ချင်းဆိုသလို အိပ်ပျော်သွားတတ်ကြတာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။