backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tinea Cruris (ပေါင်ခြံပွေး)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Hello Sayarwon မှ ရေးသားသည်။ · 13/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Tinea Cruris (ပေါင်ခြံပွေး) ကဘာလဲ။

မှိုကြောင့်ဖြစ်တဲ့အရေပြားကူးစက်မှုတစ်မျိုး ဖြစ်ပါတယ။် ပေါင်ခြံ၊ မျိုးပွားအင်္ဂါတစ်ဝိုက်၊ ပေါင်အပေါ်ဘက်အတွင်းခြမ်း၊

တင်ပါးတွေမှာတွေ့ရလေ့ရှိပါတယ်။ အတွေ့ရများဆုံးလက္ခဏာကတော့ ဖြစ်တဲ့နေရာမှာစက်ဝိုင်းပုံအနီအဖုအပိမ့် ဖြစ်ပါတယ်။ ပူအိုက်စွတ်စိုတဲ့ရာသီဥတုမှာအဖြစ်များလေ့ရှိပါတယ်။

Tinea Cruris (ပေါင်ခြံပွေး) က ဘယ်လောက်အဖြစ်များသလဲ

ကျားမမရွေး၊ လူမျိုးမရွေးပူအိုက်စွတ်စိုတဲ့ရာသီဥတုမှာအနေများရင်ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာပိုတွေ့ရလေ့ရှိပါတယ်။ အမျိုးသားတွေဟာပေါင်ခြံနေရာမှာအရေပြားခေါက်တွေ ပိုများပြီးကူးစက်ပိုးတွေကိုအလွယ်တကူလက်ခံနိုင်ပါတယ်။ အတွင်းခံကျပ်ကျပ်၊ အဝတ်အစားကျပ်ကျပ် ဝတ်လေ့ရှိတဲ့လူတွေ၊ ချွေးအများကြီးထွက်လေ့ရှိသူတွေ ၊ ကိုယ်ခံအားကျဆင်းနေသူတွေမှာပိုဖြစ်နိုင်ချေရှိပါတယ်။

လက္ခဏာများ

Tinea Cruris (ပေါင်ခြံပွေး) ရဲ့လက္ခဏာတွေကဘာတွေလဲ

အတွေ့ရများတဲ့လက္ခဏာတွေကတော့-

  • ကူးစက်ခံရတဲ့နေရာမှာယားခြင်း
  • ပေါင်ခြံ၊ အရေပြားခေါက်၊ ပေါင်အတွင်းဘက် သို့တင်ပါးနေရာတွေမှာ စက်ဝိုင်းပုံအကွက်များ (ကပ်ပယ်အိတ်နဲ့ ယောက်ျားတန်ဆာတွေအပေါ်မှာတော့ တွေ့ရလေ့မရှိပါဘူး။)
  • အဖုပိမ့်တွေရဲ့အနားသတ်ကတိတိကျကျရှိပြီးကြေးခွံတွေ အနာတွေနဲ့တူတဲ့ အဖုတွေတွေ့နိုင်ပါတယ်။
  • အကွက်ရဲ့အလယ်တည့်တည့်မှာနီညိုရောင်ရှိခြင်းတို့ဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Tinea Cruris (ပေါင်ခြံပွေး) ကိုဘာတွေကဖြစ်စေသလဲ

ပူအိုက်စွတ်စိုတဲ့ရာသီဥတုမှာကြီးထွားလေ့ရှိတတ်မှိုတွေကြောင့် ဖြစ်ပါတယ်။ ဒီမှိုပိုးကူးစက်ခံရနိုင်တဲ့အကြောင်းရင်းတွေကတော့

  • စိုထိုင်းထိုင်းဖြစ်နေတဲ့ (သို့)မလျှော်မဖွပ်၊ မီးပူမတိုက်ရသေးတဲ့ အဝတ်အစားများဝတ်ခြင်း( အတွင်းခံ၊ အားကစားဝတ်စုံစသည်)
  • မှိုပိုးရှိသူနဲ့ မျက်နှာသုတ်ပဝါမျှဝေသုံးစွဲခြင်း
  • ရေချိုးလေ့ချိုးထမရှိခြင်း (အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ပြီးချိန် ချွေးအများကြီးထွက်ပြီးချိန် ရေမချိုးခြင်း)
  • ပွေးရှိသူကိုထိတွေ့ကိုင်တွယ်မိခြင်း
  • အများသုံးရေချိုးခန်းတွေ (သို့)ပစ္စည်းသိမ်းခန်ကြမ်းပြင်တွေကဲ့သို့ စွတ်စိုသောမျက်နှာပြင်များ
  • မှိုပိုးအကူးခံရတဲ့ အိမ်မွေးတိရိစ္ဆာန်များမှတစ်ဆင့်ကူးစက်ခြင်းဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Tinea Cruris (ပေါင်ခြံပွေး) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ကုသလို့ပျောက်ကင်းနိုင်ပေမဲ့ ဖြစ်နိုင်တဲ့အကြောင်းတွေကိုမရှောင်ဘူးဆိုရင်တော့ ပိုဆိုးလာနိုင်ပါတယ်။ ဖြစ်ပွားနိုင်ချေကို မြင့်မားစေတဲ့ အန္တရာယ်တွေကတော့

  • ပူအိုက်စွတ်စိုတဲ့အခြေအနေ
  • ချွေးအများကြီးထွက်ခြင်း
  • အဝလွန်ခြင်း
  • မလျှော်မဖွပ်၊မီးပူမတိုက်ရသေးတဲ့ အဝတ်အစားများပြန်ဝတ်ခြင်း( အတွင်းခံ၊ အားကစားဝတ်စုံစသည်)
  • အတွင်းခံပုံမှန် လဲလေ့မရှိခြင်း
  • ရေချိုးလေ့ချိုးထမရှိခြင်း
  • အခြားသူများနဲ့ မျက်နှာသုတ်ပဝါ၊ အဝတ်အစားများမျှသုံးခြင်း
  • အများသုံးရေချိုးခန်းတွေ အသုံးပြုခြင်း
  • ကိုယ်ခံအားကျဆင်းနေခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Tinea Cruris (ပေါင်ခြံပွေး) ကို ဘယ်လိုအတည်ပြုပါသလဲ

အယားဖုရဲ့ ပုံပန်းသွင်ပြင်နဲ့နေရာပေါ်မူတည်ပြီးအတည်ပြုနိုင်ပါတယ်။ သင့်ရဲ့လက္ခဏာတွေနဲ့ ကျန်းမာရေးအခြေအနေကို ဆရာဝန်ကမေးပါလိမ့်မယ်။ အကူးစက်ခံရတဲ့အရေပြားကိုဓါတ်ခွဲစစ်ဆေးခြင်းတွေ တစ်ခါတရံပြုလုပ်နိုင်ပါတယ်။ ထုတ်ယူထားတဲ့အရေပြားစကိုအနုကြည့်မှန်ပြောင်းအောက်တွင်ကြည့်ခြင်း၊ ပိုးမွေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

Tinea Cruris (ပေါင်ခြံပွေး) ကို ဘယ်လိုကုသပါသလဲ

ဆေးဆိုင်တွေမှာ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ အလွယ်တကူဝယ်ယူရနိုင်တဲ့ မှိုကိုဆန့်ကျင်တဲ့ လိမ်းဆေး၊ ဖြန်းဆေးနဲ့ ပေါင်ဒါစတာတွေနဲ့ ကုနိုင်ပါတယ်။

အရမ်းကြာနေမယ်၊ ဆိုးရွားနေမယ်၊ ပြန်ပြန်ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ကုသနည်းအဆင့်ဆင့်တွေကတော့ပထမဆုံးပွေးကွက်ကိုရေနဲ့ဆပ်ပြာနဲ့ဆေးရပါမယ်။ အဲ့ဒီအကွက်ပေါ်မှာမှိုသတ်ဆေးလိမ်းဆေးလိမ်းပေးရပါမယ်။terbinafine(သို့) miconazole (သို့) clotrimazoleစတာတွေပါဝင်တဲ့ မှိုသတ်ဆေးပေါင်ဒါတွေ လိမ်းပေးနိုင်ပါတယ်။ Lamisil ၊ Lotrimin၊ Micatin ၊ Monistatစတဲ့ နာမည်တွေနဲ့ ဝယ်ယူနိုင်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဝယ်ယူနိုင်တဲ့ဆေးတွေဖြစ်ပါတယ်။ ဆေးညွှန်းအတိုင်းသုံးသင့်ပြီးလက္ခဏာတွေသက်သာသွားတာနဲ့ ရပ်လိုက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ဆေးပတ်လည်အောင်မသုံးဘူးဆိုရင် ပြန်ဖြစ်လာနိုင်တဲ့အတွက်ကြောင့် အရေးကြီးပါတယ်။ နှစ်ပတ်ကြာအခြေအနေမတိုးတက်လာဘူးဆိုရင်တော့ ဆရာဝန်နဲ့သွားပြသင့်ပါတယ်။သောက်ဆေးတွေလည်း သောက်ရနိုင်ပါတယ်။ အချိန်အကြာကြီးလနဲ့ချီပြီးတောင် သောက်ရနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကပေါင်ခြံပွေးကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ပေါင်ခြပွေးကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

  • တစ်ကိုယ်ရေသန့်ရှင်းမှု အတွက် ရေပုံမှန်ချိုးခြင်း
  • လေ့ကျင့်ခန်းလုပ်ပြီးချိန် ချွေးအများကြီးထွက်ပြီးချိန် ရေချိုးခြင်း
  • ရေချိုးပြီးချိန် မျိုးပွားအင်္ဂါတစ်ဝိုက်ခြောက်အောင် သုတ်ခြင်း
  • ရေချိုးပြီးချိန် ပေါင်ခြံခြောက်အောင် စုပ်ယူနိုင်တဲ့ပေါင်ဒါလိမ်းပေးခြင်း
  • လျော့ရဲချောင်ချိတဲ့ ချည်သားအတွင်းခံ၊
  • အသက်ရှူရလွယ်တဲ့ အဝတ်အစားများဝတ်ခြင်း ( ကျပ်ထုတ်တဲ့အဝတ်အစားများကို ရှောင်ကြဉ်ခြင်း ၊ ဖြစ်နိုင်လျှင် အတွင်းခံနှင့်အားကစားဝတ်စုံများကို လျှော်ဖွပ်မီးပူတိုက်ပြီးနေလှန်းပြီးမှသာဝတ်ဆင်ခြင်း)
  • အခြားသူများနဲ့ မျက်နှာသုတ်ပဝါ၊ အဝတ်အစားများမျှသုံးခြင်းကိုရှောင်ခြင်း

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Hello Sayarwon မှ ရေးသားသည်။ · 13/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement