တစ်ခါသုံးတစ်ရှူးတွေဟာ သုံးပြီးတဲ့အခါ ပြန်လျှော်စရာမလို၊ လွှင့်ပစ်လိုက်ရုံမို့ သုံးရအလွန်ကို အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီအရာတွေမှာလည်း အရက်ပျံ၊ အမွှေးရည်၊ အရောင် နဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ ဓါတုပစ္စည်းတွေ ပါနေတုန်းပါပဲ။ ဒါတွေဟာ ယားဖုတွေနဲ့ အင်ပြင်တွေလို ဓါတ်မတည့်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
လက်ကိုင်ပဝါလို ဓါတုပစ္စည်းမပါတဲ့ လျှော်လို့ရတဲ့ အဝတ်တွေကို ပြောင်းသုံးကြည့်သင့်ပါတယ်။ ဒါပေမယ့် လျှော်ဖွတ်ပြီး ကောင်းကောင်း အခြောက်ခံဖို့တော့ လိုတာပေါ့။ သွားတဲ့လာတဲ့ အခါမှာတော့ တစ်ခါသုံးအိတ်တွေထဲ ထည့်သယ်သွားနိုင်ပါတယ်။
လက်ဝတ်လက်စား
များသောအားဖြင့် နီကယ်နဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်လက်စားတွေကို ဓါတ်တည့် ဖြစ်လေ့ရှိကြပါတယ်။ ဇစ်၊ နာရီကြိုး၊ အကြွေစေ့၊ မျက်မှန်ကိုင်းတွေကို နီကယ်တွေနဲ့လုပ်တတ်ကြတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။