backup og meta

လေဒီတို့ ခရီးသွားရင် ဘယ်လိုအလှပြင်ပစ္စည်းတွေ ယူသွားသင့်လဲ

ရုံးပိတ်ရက်တွေမှာ တောင်တက်ခရီးစဉ် ဒါမှမဟုတ် ကမ်းခြေခရီးထွက်ဖို့ စိတ်ကူးထားကြလား။

အခုဆို tour tripsတွေက ပြည်တွင်းတင်မက ပြည်ပအထိပါ စားရိတ်ငြိမ်း အပြီးအစီးတွေ စီစဉ်ပေးလာပြီဆိုတော့ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ချစ်သူ ဒါမှမဟုတ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဖြစ်ဖြစ် မကြာခဏ အပန်းဖြေခရီးထွက်လာကြပြီလေ။ ခရီးသွားရတာကို ပျော်တဲ့သူတွေရှိသလို အလုပ်ကိစ္စကြောင့် မဖြစ်မနေ ခရီးမကြာခဏသွားရသူတွေရှိပါတယ်။

ဒါပေမယ့် နွေ၊ မိုး၊ ဆောင်းဘယ်ရာသီမှာပဲဖြစ်ဖြစ် ခရီးသွားတဲ့အခါ မိန်းကလေးတွေက ကိုယ့်ခန္ဓာကိုယ်ကျန်းမာရေးနဲ့ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှ ပျော်စရာကောင်းမှာပါ။ ကျန်းမာရေးနဲ့ညီအောင် နေထိုင်ထိန်းသိမ်းမှ ဓါတ်ပုံလှလှလေးတွေလည်း အမှတ်တရ ရနိုင်မှာပေါ့နော်။

ခရီးသွားနေတဲ့အချိန်မှာ လူက နွမ်းလျနေမယ်၊ အမှုမဲ့အမှတ်မဲ့နေမယ်၊ စားသောက်ချိန်မမှန်ဘူး၊ အလောတကြီးအစီအစဉ်တွေဆွဲမယ် ဆိုတာတွေ ရှိပါတယ်။ ဒါတွေအပြင် နေရာဒေသအပြောင်းအလဲ၊ ရာသီဥတုအပြောင်းအလဲတွေကြောင့်လည်း အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို အဝေးကြီးဖြတ်သန်းသွားလာနေရတော့ အပူချိန်အပြောင်းအလဲတွေကြောင့် ခရီးသွားတိုင်း အသားအရေကို ထိခိုက်တာများပါတယ်(အနည်းဆုံးတော့ အသားမည်းသွားတာမျိုး)။

ဒါ့ကြောင့် ခရီးသွားနေတဲ့အချိန်မှာရော ပြန်ရောက်လာတဲ့အချိန်မှာရော အသားအရေကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ခရီးမသွားခင် ပြင်ဆင်ရမယ့်အရာတွေထဲမှာ အသားအရေထိန်းသိမ်းရေးနဲ့ အလှကုန်ပစ္စည်းတွေက မပါမဖြစ်အရေးပါပါတယ်။ လုပ်ဆောင်သင့်တဲ့ အချက်တွေကို မလုပ်ရင်ပြန်လာတဲ့အခါ အသားအရေပျက်စီးပြီး ပြန်ကောင်းနိုင်ဖို့ အချိန်အတော်ယူရပါလိမ့်မယ်။ ခရီးသွားတော့မယ့် လေဒီလေးတွေ ကိုယ့်အသားအရေကို ထိန်းသိမ်းနိုင်ဖို့ ဒီအချက်တွေကို သတိထားလိုက်နာသင့်ပါတယ်။

အထုပ်အပိုးပြင်တဲ့အခါ

ခရီးတစ်ခုမသွားခင်မှာ အလှကုန်ပစ္စည်းအိတ်ကို သေချာပြင်ဆင်ပါ။ ခရီးသွားတဲ့အခါသုံးဖို့ ကိုယ်ပုံမှန်နေ့စဉ်သုံးနေကျ အခြေခံ skin care ပစ္စည်းတွေကို မမေ့မလျော့ထည့်သွားပါ။ များနေမှာစိုးရင် အမျိုးအစားတူတဲ့ beauty-kitလေးတွေ ဝယ်တာ ဒါမှမဟုတ် ခရီးသွားမယ့်ရက်ကိုတွက်ပြီး ဘူးအသေးလေးတွေနဲ့ ခွဲထည့်သွားတာမျိုး လုပ်နိုင်ပါတယ်။

မျက်နှာသစ်ဆေးက မပါမဖြစ်

ခရီးစဉ်တလျှောက် သင့်အသားအရေမှာ ဖုန်မှုန့်တွေ၊ အမှုန်တွေ ကပ်ငြိနေမှာပါ။ မျက်နှာသစ်ဆေးနဲ့မှ အသားအရေကို သန့်စင်စေပြီး နေထိုင်ရလန်းဆန်းစေမှာဖြစ်ပါတယ်။ Skin care ပစ္စည်းတွေဆိုတာ နည်းနည်းလေးပြောင်းလဲလိုက်တာနဲ့ အရေပြားမှာ ချက်ချင်းသက်ရောက်မှုရှိစေတတ်လို့ သုံးနေကျမျက်နှာသစ်ဆေးကို မပါမဖြစ်ယူရပါမယ်။

အစိုဓာတ်ထိန်းခရင်မ်နဲ့ နေလောင်ခံခရင်မ်

ခရီးစဉ်မှာ moisturizer ကို နည်းနည်းပိုသုံးဖို့လိုမယ်ဆိုပေမယ့်sunscreen ကိုလည်း ချန်မထားသင့်ပါဘူး။ ခရီးထွက်မှတော့ လူကအမြဲ အပြင်ရောက်နေမှာဖြစ်လို့ ဒီရက်တွေအတွင်း အသားအရေကို နေမလောင်စေဖို့ ကာကွယ်ရပါမယ်။ ပတ်ဝန်းကျင်အသစ်ကိုရောက်တဲ့အခါ အသားအရေက ပိုခြောက်သွေ့လွယ်တာကြောင့် အရင်ကသုံးလေ့မရှိရင်တောင် moisturizerနဲ့ sunscreen ကို ယူဖြစ်အောင်ယူပါ။

လေယာဉ်မစီးခင်နဲ့ လေယာဉ်စီးပြီးအချိန် Moisturizer သုံးပါ

အမြင့်ပေများစွာကနေ ပျံသန်းတဲ့အခါ အသားအရေက ခြောက်သွေ့ပြီး ပျက်စီးနိုင်ပါတယ်။ ဒါ့ကြောင့် လေယာဉ်ပေါ်မတက်ခင်နဲ့ ပြန်ဆင်းသက်ပြီးနောက်ပိုင်း အသားအရေကို ပြန်ထိန်းသိမ်းပါ။

အသားအရေထိန်းသိမ်းမှုကို ပုံမှန်အတိုင်းလုပ်ပါ

ခရီးသွားပြီဆိုရင် အိမ်မှာနဲ့မတူတာရယ်၊ သွားရလာရအာရုံများနေတာရယ်၊ ပင်ပန်းပြီးနားချင်နေတာရယ်ကြောင့် လုပ်နေကျအရာတွေကို ပစ်ထားလိုက်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် မတူညီတဲ့လေထုအရည်အသွေး၊ မတူညီတဲ့စားသောက်ပုံအာဟာရ၊ မတူညီတဲ့စိတ်ဖိစီးမှု စတဲ့ အသစ် အသစ်တွေ အများကြီးကြုံလာရတာဖြစ်လို့ အရေပြားကို ထိခိုက်မှုရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှန်သုံးနေကျ skin care ထိန်းသိမ်းမှုနဲ့ အသားအရေကို အတတ်နိုင်ဆုံးစောင့်ရှောက်ပေးပါ။

သက်သောင့်သက်သာဖြစ်မယ့် အဝတ်ကို ဦးစားပေး ရွေးပါ

အပြင်ကိုသွားတဲ့အခါ ခြေလျင်တောင်တက်တာ၊ ဂိမ်းကစားတာ၊ လျှောက်လည်ပတ်တာ၊ စူးစမ်းလေ့လာတာလို လှုပ်ရှားသွားလာမှုတွေမှာ ပါဝင်မိမှာပါ။ လှပဖို့အတွက် ကျပ်နေတဲ့၊ သက်သောင့်သက်သာမရှိတဲ့ အဝတ်အစားတွေ ဝတ်လာရင် ချွေးတွေနဲ့ ယားယံတာ၊ အနီကွက်ထွက်တာတွေ ဖြစ်လာမှာကို မကြောက်ရအောင် ချည်သားပါတဲ့ သက်သောင့်သက်သာအဝတ်အစားကို ရွေးဝတ်ပါ။

ခရီးတလျှောက်မှာ ရေများများသောက်ပါ

ရေဓာတ်ခမ်းခြောက်ခြင်းက အသားအရေအတွက် တကယ်အရေးကြီးတဲ့အရာပါ။ အသားလှချင်ရင် ရေပုံမှန်သောက်တဲ့အကျင့်ကို လုပ်ပါ။ ခရီးသွားရင် ရေဘူးအမြဲဆောင် ထားပါ။

မိတ်ကပ်ထူထူ မလိမ်းပါနဲ့

မိတ်ကပ်တွေက ချွေးပေါက်ကိုပိတ်စေပြီး အရေပြားပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ခရီးသွားချိန်အတွင်း အသားအရေက sensitive ပိုဖြစ်လာတယ်ဆိုရင် လမ်းမှာ အရေပြားပြဿနာတွေထပ်မဖြစ်စေဖို့ မိတ်ကပ်ကို ပုံမှန်ထက်လျှော့လိမ်းပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်ခြင်းက အသားအရေအတွက် မကောင်းပါဘူး။ ခရီးသွားလို့၊ အိပ်ရာပြောင်းလို့ ညမအိပ်ရင် အသားအရေမှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

မျက်လုံးကို ရေခဲကပ်ပါ

မျက်ကွင်းညိုတာ၊ မျက်တွင်းကျတာတွေက မကြာခဏခရီးသွားတတ်သူတွေမှာအဖြစ်များပါတယ်။ မျက်လုံးကို ရေခဲအိတ်လေးကပ်ပေးထားရင် နေလို့ကောင်းပြီး စိတ်ဖိစီးမှုကိုလည်း သက်သာလျော့ပါးစေနိုင်ပါတယ်။

ခရီးဆောင်အိတ်မှာ မပါမဖြစ်ထည့်သွားသင့်တဲ့ အလှကုန်နဲ့ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေထဲမှာ နှုတ်ခမ်းသားအစိုဓာတ်ထိန်းပေးမယ့် နှုတ်ခမ်းအဆီ၊ နေလောင်ကာခရင်မ်၊ မျက်နှာသစ်ဆေး၊ moisturizer တို့ ပါဝင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

wikiHow to Care for Your Skin when You Travel

https://www.wikihow.com/Care-for-Your-Skin-when-You-Travel

Eight tips to take care of your skin while travelling

http://www.hindustantimes.com/health-and-fitness/eight-tips-to-take-care-of-your-skin-while-travelling/story-vNfKeiyFYBlk2OLXpCId9J.html

30 Days to Packing a Better Bag – Day 18: The Essential Travel Beauty Kit

https://herpackinglist.com/2013/09/essential-travel-beauty-kit/

 

ယခုပုံစံ

08/04/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေ့ကျင့်ခန်း လုပ်ပြီးနောက် အသားအရေ ထိန်းသိမ်းစောင့်ရှောက်ရန် နည်းလမ်းများ

ခရီးမသွားခင် လုပ်ဆောင်ရမည့်အရာများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/04/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။