brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသားဖြူ ထိုးဆေးရည်မှာပါတဲ့ အရေးကြီးသော ပါဝင်ပစ္စည်းများ

အသားဖြူစေတဲ့ သွေးကြောတွင်း သွင်းရတဲ့ဆေးရည်ကို အရောင်ရင့်တဲ့ အကွက်တွေ၊ မှည့်ခြောက်တွေ၊ အရေပြား အရောင်ရင့်မှုတွေကို ကာကွယ်ဖို့ အသုံးပြုကြပါတယ်။ သူဟာ အရေပြားကို ဝင်းလက်စေပြီး အာဟာရဓါတ်စုပ်ယူမှုကို အားပေးပါတယ်။ အသားဖြူ ထိုးဆေးရည်မှာပါတဲ့ အရေးကြီးသော ပါဝင်ပစ္စည်းများ အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

အသားဖြူ ထိုးဆေးရည်မှာပါတဲ့ အရေးကြီးသော ပါဝင်ပစ္စည်းများ

အသားဖြူ ထိုးဆေးရည်မှာပါတဲ့ အရေးကြီးသော ပါဝင်ပစ္စည်းများ

ဒါဆို လှပစေတဲ့ ဆေးရည်မှာ ဘာတွေပါလဲ ကြည့်လိုက်ကြရအောင်။ အသားဖြူ ထိုးဆေးရည်မှာပါတဲ့ အရေးကြီးသော ပါဝင်ပစ္စည်းများ ကတော့

၁။ Glutathione

Glutathione ဆိုတာဘာလဲ။

Glutathione ဟာ ကိုယ်ခန္ဓါရဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ သူဟာ လုံခြုံစိတ်ချရတဲ့ သဘာဝပစ္စည်းဖြစ်ကာ အသားရောင်မညီခြင်း၊ နေလောင်ခြင်း၊ အရေပြားမဲခြင်းအစရှိတာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ သူ့မှာ amino acid သုံးမျိုးပါဝင်ပါတယ်။ Glutamate, cysteine, glycine အစရှိသည်တို့ပါဝင်ကာ အရေပြားရဲ့ ကျန်းမာတဲ့ အခြေအနေကို ထိန်းသိမ်းပေးပြီး ဆိုးကျိုးဖြစ်စေတဲ့ free radicals တွေကို ကာကွယ်ပေးပါတယ်။

လုပ်ငန်းဆောင်တာ

Glutathione ဟာ စွမ်းအားရှိတဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိပိုင်ဆိုင်တဲ့ အရာတစ်ခုဖြစ်ပြီး အသည်းရဲ့ ဓါတုပစ္စည်းများ၊ ဟော်မုန်းများနဲ့ ညစ်ညမ်းစေတဲ့အရာများကို သန့်စင်ပေးပါတယ်။

Glutathione ဟာ အရေပြားမညီခြင်းနဲ့ အသားမဲခြင်းကိုဖြစ်စေတဲ့ melanin ထုတ်လုပ်မှုကို ကန့်သတ်ပေးပြီး အရေပြားကို ပိုမိုတောက်ပစေပါတယ်။ အသားဖြူစေတဲ့ ဖြစ်စဉ်ကို ကိုယ်ခန္ဓါအတွင်းမှ စတင်တာကြောင့် ကိုယ်ခန္ဓါတစ်ခုလုံးကို ဖြူဝင်းစေပါတယ်။

၂။ ဗီတာမင် စီ

ဗီတာမင် စီအကြောင်း ဘာတွေ သိပါသလဲ။

ဗီတာမင် စီ ဟာ ascorbid acid လို့အသိများပြီး သဘာဝအတိုင်း ရရှိနိုင်တဲ့ သတ္တုဓါတ်တစ်ခု ဖြစ်ပါတယ်။ ဆဲလ် အလုပ်လုပ်မှုတွေ အတော်များများအတွက် ကိုယ်ခန္ဓါမှ လိုအပ်တဲ့ ရေမျာပျော်ဝင်နိုင်တဲ့ ဗီတာမင်လည်း ဖြစ်ပါတယ်။ သူဟာ ဆိုးကျိုးဖြစ်စေပြီး အရေပြားနဲ့ အခြားကိုယ်အင်္ဂါတွေကို ထိခိုက်စေတဲ့free radicals တွေဒဏ်မှ ကာကွယ်ပေးပါတယ်။

ဗီတာမင် စီ ကို အသီးအရွက်အများအပြားမှာ တွေ့ရပါတယ်။ အခြားဗီတာမင် ဖြည့်စွက်စာတွေမှတစ်ဆင့်လည်း ရရှိနိုင်ပြီး ကိုယ်ခန္ဓါမှ ပမာဏတစ်ခုကိုသာ စုပ်ယူနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။

အသားဖြူခြင်းအတွက် ဗီတာမင် စီရဲ့ အခန်းကဏ္ဍ

ဗီတာမင် စီဟာ melanin ထုတ်လုပ်မှုကို အားပေးတဲ့ tyrosinase အင်ဇိုင်းကို တားမြစ်ပါတယ်။

ဗီတာမင် စီဟာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတာကြောင့် လူသိများပြီး အသက်ကြီးရင့်မှုကို နှေးကွေးစေပါတယ်။ သူဟာ ကိုယ်ခန္ဓါအတွင်း glutathione နဲ့ ဗီတာမင်အီး ထုတ်လုပ်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ ဗီတာမင် စီ လိမ်းဆေးတွေဟာ နေလောင်ခြင်းကြောင့် အရေပြားပျက်စီးခြင်းကို ပြန်လည်ကောင်းမွန်စေပါတယ်။ ဗီတာမင် စီ ကို ထိုးဆေးအဖြစ်အသုံးပြုတဲ့အခါ ကိုယ်ခန္ဓါတစ်ခုလုံးကို ဝင်းလက်စေဖို့ ကူညီပေးပါတယ်။

၃။ အသားဖြူဆေးရည်မှာပါတဲ့ Glutathione နဲ့ ဗီတာမင်စီ

Glutathione နဲ့ ဗီတာမင်စီကို ရောပြီး အကြောဆေးအဖြစ် အသားဖြူအောင် ထိုးသွင်းကြပါတယ်။

ဒီထိုးဆေးရည်ကို အကောင်းဆုံးအာနိသင်ရရှိအောင် တစ်ပတ်ကို နှစ်ကြိမ်မှ သုံးကြိမ်အထိ ၁ လမှ ၃လ အထိ ထိုးသွင်းသင့်ပေမယ့် အသားဖြူလိုတဲ့ပမာဏပေါ်လည်း မူတည်ပါသေးတယ်။ ရလဒ်တွေကိုထိန်းသိမ်းနိုင်ဖို့ နှစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ ထိုးနေဖို့ လိုအပ်ပါတယ်။

ဒီအကြောင်းရင်းတွေကြောင့် Glutathione နဲ့ ဗီတာမင်စီ ကို အသားဖြူစေပြီး နုပျိုစေတဲ့ အလှအပဆိုင်ရာ လိမ်းဆေးခရင်မ်တွေမှာ များစွာ တွေ့ရလေ့ရှိပါတယ်။

အရေပြားပေါ်က ချို့ယွင်းချက်တွေကို စိုးရိမ်နေကြတဲ့သူတွေအတွက် ဒီလိုအသားဖြူထိုးသွင်းဆေးရည်ကို အသုံးပြုလိုခြင်း ရှိကောင်းရှိပါလိမ့်မယ်။ သူ့ရဲ့ ပါဝင်ပစ္စည်းတွေဟာ အရေပြား ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် သိသာတဲ့ အာနိသင်များစွာ ပါဝင်ပါတယ်။

ရေးသားသူ- Dr Phyu Mon Latt

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/08/2023 ဖြစ်ပါသည်။