backup og meta

Dry Skin (အသားခြောက်ခြင်း)

Dry Skin (အသားခြောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dry Skin (အသားခြောက်ခြင်း) ကဘာလဲ။

အရေပြားယားယံခြင်း၊အက်ကွဲခြင်း၊အဖတ်ဖတ်များကွာကျခြင်းစသည်တို့သည်အရေပြားခြောက်သွေ့ခြင်း၏လက္ခဏာများ ပင်ဖြစ်သည်။ အထူးသဖြင့်ခြေသလုံး၊လက်မောင်းနှင့်ဝမ်းဗိုက်နေရာတို့တွင်ဖြစ်ပေါ်တတ်သည်။ အသားခြောက်ခြင်းကိုကာကွယ်ရန် အောက်ပါတို့ကိုလုပ်ဆောင်သင့်ပြီး အသေးစိတ်အချက်အလက်များကိုတော့သက်ဆိုင်ရာဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်သည်။

လက္ခဏာများ

Dry Skin (အသားခြောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသားခြောက်ခြင်း၏လက္ခဏာများမှာ-

  • အရေပြားဆွဲဆန့်ထားသလိုတင်းတင်းကြီးခံစားရခြင်း (အထူးသဖြင့် ရေချိုးခြင်း ရေကူးခြင်းတို့ပြုလုပ်ပြီးနောက်)
  • အရေပြားကြမ်းသည်ဟုခံစားရခြင်း
  • ယားယံခြင်း
  • အသားပတ်ခြင်း၊ပိုမိုဆိုးရွားစွာအဖတ်ဖတ်ကွာကျခြင်း
  • အရေပြားအက်ကွဲခြင်း၊တွန့်ခါက်ခြင်း
  • အသားညိုသူများတွင် အဖြူဖတ်ဖတ်များပေါ်လာခြင်း
  • နီရဲလာခြင်း
  • အက်ကွဲရာမှသွေးထွက်ခြင်း

ထိုလက္ခဏာများသည်သေချာမထိန်းသိမ်းပါကအရေပြားရောင်ရမ်းခြင်းထိဖြစ်သွားနိုင်သည်။ အလွန်အမင်းအသားခြောက်ခြင်းသည် အက်ကွဲကြောင်းများပေါ်လာပြီးသွေးထွက်နိုင်ပြီး ပိုးမွှားများဝင်ရောက်နိုင်သည်။

ထိုသို့အရေပြား၏နောက်ဆက်တွဲဆိုးကျိုးများဖြစ်မလာအောင် နီးစပ်ရာဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါလက္ခဏာတစ်ခုခုရှိခဲ့သည်ဖြစ်စေ သို့ အသားခြောက်ခြင်းနှင့်ပတ်သတ်ပြီး တစ်ခုခုခံစားရလျှင် နီးစပ်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

အကြောင်းရင်းများ

Dry Skin (အသားခြောက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အချို့သောကျန်းမာရေးပြသနာများသည်လည်းအသားခြောက်ကိုဖြစ်စေနိုင်သည်။ သို့သော်အများစုအသားခြောက်ခြင်းကိုဖြစ်ပေါ်စေသောအကြောင်းအရာများမှာ-

ရာသီဥတု- ဆောင်းရာသီကဲ့သို့အအေးဓါတ်လွန်ကဲခြင်းနှင့်အစိုဓါတ်ကျဆင်းခြင်းတို့သည်အသားခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ အပူပိုင်းဒေသများ၏အပူ လွန်ကဲခြင်းကလည်း အသားခြောက်ခြင်းကိုဖြစ်ပေါ်စေနိုင်သည်။

အပူလွန်ကဲခြင်း- အပူ ဓါတ်ရရှိအောင်သုံးလေ့ရှိသောအပူပေးစနစ်များ၊ထင်းမီးဖို၊မီးဖိုတို့သည် စိုထိုင်းမှုကို လျော့ကျစေခြင်းကြောင့် အရေပြားကိုခြောက်သွေ့စေသည်။

ရေနွေးဖြင့်အချိန်ကြာရေချိုးခြင်း၊ ကလိုရင်းခတ်ထားသောရေကူးကန်များတွင်ရေကူးခြင်းတို့သည်လည်း အရေပြးကိုခြောက်သွေ့စေသည်။

ဆပ်ပြာနှင့်အဝတ်လျှော်ဆပ်ပြာမှုန့် -အချို့ဆပ်ပြာနှင့်ဆပ်ပြာမှုန့်များတွင်ပါဝင်သောပစ္စည်းအချို့က အရေပြား၏အစို ဓါတ်ကိုပျက်စီးစေသည်။ ချွေးနံ့နှင့်ပိုးမွှားကင်းစင်စေသောဆပ်ပြာများသည် အဆိုးဆုံးဖြစ်သည်။ ခေါင်းလျှော်ရည်အချို့မှာလည်းထိုကဲ့သို့ပင်ဖြစ်သည်။

နေရောင်ခြည်နှင့်ထိတွေ့ခြင်း -နေရောင်ခြည်တွင်ပါသောခရမ်းလွန်ရောင်ခြည်သည်အရေပြားအတွင်းပိုင်းထိ ဝင်ရောက်နိုင်သည်။ ထိုအခါ အရေပြားပျက်စီးလာပြီး အရေးအကြောင်းများ၊အရေပြားတွဲကျခြင်းများဖြစ်ပေါ်လာနိုင်သည်။

အချို့ရောဂါ eczemaနှင့် psoriasis ရောဂါရှိသူများသည်လည်း အရေပြားခြောက်သွေ့ခြင်းကိုခံစားရနိုင်သည်။

ဘယ်သူတွေအရေပြားပိုမိုခြောက်သွေ့နိုင်သလဲ?

  • အသက်၄၀နှင့်အထက်လူကြီးများ
  • ခြောက်သွေ့အေးမြသောဒေသတွင်နေထိုင်သူများ
  • နေရကိုင်ရသောအလုပ်များ
  • ကလိုရင်းခတ်ထားသောရေကူးကန်တွင်မကြာခဏရေကူးခြင်း

ဖြစ်နိုင်ခြေများ

Dry Skin (အသားခြောက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဘယ်သူတွေအရေပြားပိုမိုခြောက်သွေ့နိုင်သလဲ?

  • အသက်၄၀နှင့်အထက်လူကြီးများ
  • ခြောက်သွေ့အေးမြသောဒေသတွင်နေထိုင်သူများ
  • ရေကိုင်ရသောအလုပ်များ
  • ကလိုရင်းခတ်ထားသောရေကူးကန်တွင်မကြာခဏရေကူးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dry Skin (အသားခြောက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အသားခြောက်မှန်းဘယ်လိုသိနိုင်သလဲ

သင့်ဆရာဝန်မှကျန်းမာရေးရာဇဝင်နှင့် စမ်းသပ်မှုများပြုလုပ်ပါလိမ့မည်။ဥပမာ ဘယ်အချိန်အသားခြောက်သလဲ၊ဘယ်လိုအရာတွေကအသားခြောက်ခြင်းကိုပိုဆိုးစေသလဲ၊သင့်ရေချိုးခြင်းအလေ့အထများ၊အစားအသောက်၊အရေပြားထိန်းသိမ်းမှုများပါဝင်သည်။ ထိုမှတဆင့်ရောဂါတစ်ခုခုနှင့်ဆက်နွှယ်သည်ဟုသံသယရှိပါကသွေးဖောက်စစ်ခြင်းကိုပြုလုပ်ပါလိမ့်မည်။

Dry Skin (အသားခြောက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အသားခြောက်ခြင်းကိုဘယ်လိုကုသမလဲ

အများစုအသားခြောက်သူများသည် ရောဂါ၁ခုခုနှင့်မဆက်နွှယ်ပါက ကုသရလွယ်ကူသည်။ အစို ဓါတ်ထိန်းပစ္စည်းများလိမ်းခြင်း၊ရေအချိန်ကြာချိုးခြင်းမှရှောင်ခြင်းတို့လိုက်နာဖို့လိုအပ်သည်။ အသားရေခြောက်သွေ့ကြမ်းတမ်းပြီး အဖတ်ဖတ်များကွာနေပါက ဆရာဝန်ညွှန်ကြားချက်ပါ lactic acid နှင့် urea ပါသောခရမ်လိမ်းရန်ညွှန်ကြားနိုင်သည်။

ဒီထက်ပိုရောင်ရမ်းပြီးယားယံခြင်းများဖြစ်လာပါကhydroxyurea ပါသောခရမ်များလိမ်းရတတ်ပြီး အက်ကွဲပြီးအနာဖြစ်လာပါ အနာဆေးထည့်ရန်လိုအပ်သည်။

လူမှုဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်း

  • တစ်ရက်ခြားတစ်ခါရေချိုးပေးခြင်း
  • ငါးမိနစ်မှဆယ်မိနစ်ခန့်သာရေချိုးခြင်း
  • အစို ဓါတ်ပါသောဆပ်ပြာသုံးခြင်း
  • ချေးချွတ်ခြင်းမှရှောင်ခြင်း
  • နူးညံ့သောတဘတ်ဖြင့်ဖိသုတ်ခြင်း ပွတ်မသုတ်ရ
  • ရေချိုးပြီးသည်နှင့် အစို ဓါတ်ခရမ်လိမ်းခြင်း
  • ရေငွေ့ထုတ်စက်အသုံးပြုခြင်း
  • ရေများများသောက်ခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.healthline.com/symptom/dry-skin. Accessed September 4th, 2016.
Fighting Back Against Dry Skin.

http://www.webmd.com/beauty/dry-skin-13/dry-skin-causes. Accessed September 4th, 2016.
7 Tips to Soothe Your Dry, Itchy Skin.

http://www.webmd.com/skin-problems-and-treatments/dry-skin#1. Accessed September 4th, 2016.

Dry skin.

http://www.mayoclinic.org/diseases-conditions/dry-skin/basics/lifestyle-home-remedies/con-20030009. Accessed September 4th, 2016.

ယခုပုံစံ

04/03/2020

Dr. Sandar Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Wilson Chan မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Sandar Lin မှ ရေးသားသည်။ · 04/03/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement