backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမျိုးသားတွေအသားအရေထိန်းသိမ်းဖို့ဆိုရင် မျက်နှာသစ်ရုံနဲ့ လုံလောက်ပြီလား


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမျိုးသားတွေအသားအရေထိန်းသိမ်းဖို့ဆိုရင် မျက်နှာသစ်ရုံနဲ့ လုံလောက်ပြီလား

အလှအပဆိုတာယောကျာ်းလေးတွေနဲ့မဆိုင်ဘူးလို့ မှတ်ထင်လေ့ရှိကြတယ်။ အသားအရေကိုဂရုစိုက်ထိန်းသိမ်းနေရင်ယောက်ျားမပီသဘူးလို့တောင်ပြောတတ်ကြပါတယ်။တော်တော်များများကလည်း ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲနေတတ်ကြသလိုယောကျာ်းပဲကွာပြင်နေစရာ မလိုပါဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အသားအရေဆိုတာ လူတစ်ကိုယ်လုံးမှာ ထင်သာမြင်သာဆုံး အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဲဒီလူရဲ့သွင်ပြင်လက္ခဏာအတွက် အရမ်းအရေးကြီးပါတယ်။ လှဖို့ဆိုတာထက် ကြည့်ကောင်းတဲ့ မျက်နှာအသားအရေကိုပိုင်ဆိုင်ဖို့ကို ဆန္ဒမရှိတဲ့ ယောကျာ်းလေးတွေ မရှိလောက်ပါဘူး။ အသားအရေထိန်းသိမ်းတာဟာ အလှပြင်တာ မဟုတ်လို့ ဆွဲဆောင်မှုရှိတဲ့ ခန့်ညားတဲ့မျက်နှာအသားအရေပိုင်ဆိုင်ချင်တဲ့ အမျိုးသားတွေ မလုပ်မဖြစ် လုပ်ဆောင်သင့်တာလေးတွေပြောပြချင်ပါတယ်။

မျက်နှာအသားအရေထိန်းသိမ်းဖို့ ဘာတွေလုပ်သင့်လဲ

မျက်နှာအသားအရေအတွက်ဆို အမျိုးသားတွေက facial foam ပဲသုံးလိုက်ကြတာများပါတယ်။ မျက်နှာသစ်သေချာသစ်လိုက်ရင် ဒါမှမဟုတ် facial wipesတွေ သုံးလိုက်ရင် သန့်စင်သွားမယ်၊မျက်နှာအသားဖြူ ကြည်လင်သွားမယ်လို့ ယူဆထားတာဖြစ်ပါလိမ့်မယ်။ တကယ်တော့ မျက်နှာသစ်ရုံနဲ့ မလုံလောက်ပါဘူးနော်။ မျက်နှာသစ်ပြီးရင် အသားအရေကိုပြည်လည်အားဖြည့်ပေးဖို့ လိုပါသေးတယ်။ အရင်ဆုံးမျက်နှာသစ်တဲ့အကြောင်းကိုပြောရအောင်။

ဆပ်ပြာလား cleanser လား

အမျိုးသားတွေ လွယ်လွယ်နဲ့မျက်နှာသစ်တတ်တဲ့ ကိုယ်တိုက်ဆပ်ပြာတွေဟာalkaline အခြေခံပြီးထုတ်လုပ်ထားတာဖြစ်လို့ အသားအရေမှာရှိတဲ့ သဘာဝအဆီတွေကုန်ခန်းသွားစေနိုင်သလို မျက်နှာအသားအရေမှာ ရေဓါတ်ခန်းခြောက်တာ၊ ခြောက်သွေ့လာတာ၊ ယားလာတာတွေဖြစ်လာတတ်ပါတယ်။ ဝက်ခြံလည်းပိုထွက်လာစေတတ်ပါတယ်။ ဒါ့ကြောင့် ဆပ်ပြာအစား မျက်နှာအတွက်သီးသန့်ထုတ်တဲ့မျက်နှာသစ်ဆေးကောင်းကောင်းဝယ်သုံးပါ။

တစ်နေ့နှစ်ကြိမ်မျက်နှာသစ်ပါ

အမျိုးသားတွေရဲ့အသားအရေက testosterone ဟော်မုန်းပမာဏမြင့်မားလို့ အမျိုးသမီးတွေထက် အဆီပိုပြန်တတ်ပါတယ်။ ဒါ့ကြောင့် အဆီနဲ့အညစ်အကြေးတွေကို ထိရောက်စွာဖယ်ရှားနိုင်ဖို့ အရည်အသွေးကောင်းတဲ့ facial cleanser နဲ့ တစ်နေ့နှစ်ကြိမ်မျက်နှာသစ်ပါ။

အစိုဓါတ်ထိန်းမယ့် Serum ကိုသုံးပါ

မျက်နှာသန့်စင်ပြီးတဲ့ အသားအရေကို မခြောက်သွေ့ရအောင် ကာကွယ်နိုင်ဖို့moisturizerတွေကို သုံးရပါတယ်။ moisturizing serum က အသားအရေကိုချောမွေ့စေပြီး အကောင်းဆုံးကာကွယ်ပေးမှာဖြစ်ပါတယ်။

Serum အမျိုးအစားတွေဟာရေဓါတ်ကိုအခြေခံထားတာကြောင့်စေးကပ်ခြင်းမရှိ၊ အရေပြားထဲကိုစိမ့်ဝင်လွယ်တဲ့အပြင် အဆီပြန်ခြင်းကို အချိန်ကြာကြာထိန်းချုပ်ပေးနိုင်ပါတယ်။ မိန်းကလေးတွေထက် အဆီပိုပြန်တတ်တဲ့ အမျိုးသားတွေအတွက်moisturizing cream type က သိပ်မသင့်တော်တာကြောင့် အခုလို serum ပါပြီးသား serum cream က ပိုအဆင်ပြေလို့ပါ။

Exfoliate လုပ်ပေးပါ

Exfoliate လုပ်တယ်ဆိုတာ အသားအရေမှာရှိနေတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးတာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးမှ အရေးအကြောင်းတွေမဖြစ်အောင်တားဆီးနိုင်ပြီး အသားအရေချောမွေ့စေနိုင်ပါတယ်။ ညအိပ်ကာနီး မျက်နှာသစ်ပြီးရင်Exfoliate လုပ်ပေးတာမျိုး တစ်ပတ် နှစ်ကြိမ်လောက်လုပ်ပါ။ ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေ၊ ရင့်ရော်မှုလက္ခဏာတွေ၊နေလောင်ဒဏ်၊ချွေးပေါက်ကျယ်ခြင်း၊ အသားအရေနဲ့အရောင် မညီခြင်းတို့ကို သက်သာလျော့ပါးစေနိုင်ပါတယ်။

After-shave အမြဲသုံးပါ

After-shave gel ကရေဓါတ်ပြန်ဖြည့်ပေးပြီး အသားအရေကိုချောမွေ့စေပါတယ်။ မုတ်ဆိတ်ရိတ်ပြီး အသားအရေကို အစိုဓါတ်ပြန်ထန်းပေးနိုင်လို့ အသားအရေထိန်းသိမ်းဖို့ လိုအပ်တဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။alcohol ဓါတ်က အသားခြောက်စေနိုင်တာကြောင့်alcohol-freeဖြစ်တဲ့အမျိုးအစားကိုရွေးချယ်သင့်ပါတယ်။

Sunscreen မလိမ်းဘဲ အပြင်မထွက်ပါနဲ့

ကိုယ်သုံးတဲ့moisturizer မှာSPF 30 နဲ့အထက် ပါတယ်ဆိုရင် နေလောင်ဒဏ်ကာကွယ်နိုင်ဖို့ တကယ်ကောင်းပါတယ်။ ဒါပေမယ့်sunscreen ထပ်လိမ်းလို့လည်းဘေးမရှိပါဘူး။ အသားအရေအတွက် ပိုတောင်ကောင်းပါသေးတယ်။

sunscreen မသုံးတဲ့ အမျိုးသားတွေဆိုနေလောင်ခြင်းကြောင့် အသားအရေထိခိုက်ပျက်စီးရနိုင်ခြေပိုများပါတယ်။ အသားအရေ နီရဲခြင်း၊ရောင်ရမ်းခြင်း၊နေလောင်အမဲစက်တွေဖြစ်ပေါ်ခြင်းတို့ကနေ အရေပြားကင်ဆာအထိဖြစ်စေနိုင်ပါတယ်။

သင့်ရဲ့နေ့စဉ်ပုံမှန်အသားအရေထိန်းသိမ်းမှုမှာ ဒါတွေပါရဲ့လား။ သင့်အသားအရေကိုရော ထိန်းသိမ်းနေရဲ့လား။ ဒီဆောင်းပါးလေးဖတ်ပြီးပြန်စဉ်းစားပါ။ ကြည်လင်ရှင်းသန့်ပြီး ခန့်ညားတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement