Retinol ဟာ ကော်လာဂျင်ထုတ်ခြင်းကို တိုးတက်စေပါတယ်။ မျက်လုံးအောက်မှ အရေပြားကို တင်းရင်းစေတာကြောင့် မျက်ကွင်းညိုခြင်းသက်သာစေနိုင်ပါတယ်။ မျက်လုံးပတ်လည်ကို Retinolပါတဲ့ eyecream လိမ်းပေးနိုင်ပါတယ်။
သဘာဝနည်းတွေ၊ နေထိုင်မှု ပုံစံပြောင်းလဲတာတွေနဲ့ မသက်သာရင် အရေပြားဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ကုသနည်းတွေကတော့
လေဆာနည်း– မျက်လုံးအောက်အရေပြားကို ချောမွေ့စေတဲ့ လေဆာနည်းကို သုံးနိုင်ပါတယ်။ များသောအားဖြင့် အရေပြားအထူးကုများ ပြုလုပ်ပေးပါတယ်။
အရေပြားpeeling လုပ်ခြင်း– Peeling solutionများ သုံးပြီး အရေပြားအပေါ်ဆုံးလွှာကို သန့်စင်ကာ ပိုကျန်းမာတဲ့ အရေပြားလွှာဖြစ်လာစေပါတယ်။ မျက်လုံးအောက်မှ အရေပြားဟာ ပါးလွှာပြီး အထိမခံတာကြောင့် အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်။
အလင်းလှိုင်းသုံးခြင်း– အလင်းလှိုင်းတစ်မျိုးဖြင့် မျက်လုံးအောက်အရေပြားကို နူးညံ့စေသော နည်းတစ်မျိုးဖြစ်ပါတယ်။
ခွဲစိတ်ခြင်း– ခွဲစိတ်ခြင်းကတော့ နောက်ဆုံးနည်းလမ်းပါ။ ပလတ်စတစ်ဆာဂျရီနည်းဖြင့် မျက်လုံးအောက်မှ အရေပြားကို ပိုမိုချော့မွေ့စေပြီး မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေပါတယ်။
ရေးသားသူ- Dr Aye Myat Myat Noe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။