brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အသားအရေအတွက် ပြုလုပ်တဲ့ လေဆာကုထုံးနဲ့ပတ်သက်ပြီး သင်ဘာတွေသိထားသင့်သလဲ

လေဆာအရေပြားကုထုံးဆိုတာဘာလဲ

နည်းပညာတိုးတက်မှုတွေကြောင့် အသားအရေအရွယ်တင်နုပျိုစေမယ့်နည်းလမ်းတွေများစွာရှိလာတဲ့အထဲမှာlaser skin resurfacing ကို လူကြိုက်များပါတယ်။Laser resurfacing ကအရေးအကြောင်းတွေ၊ အသားအရေ မညီခြင်းတွေ၊ အမာရွတ်တွေ၊ အခြားအသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ အစက်အပြောက်တွေကို ပြန်လည်ကောင်းမွန်စေဖို့ အလင်းတန်းကို အသုံးပြုပြီး အရေပြားအလွှာမျိုးစုံကို ကုသပေးတာဖြစ်ပါတယ်။

အသားအရေအတွက် ပြုလုပ်တဲ့ လေဆာကုထုံးနဲ့ပတ်သက်ပြီး သင်ဘာတွေသိထားသင့်သလဲ

ဒီနည်းက အလင်းတန်းတွေသုံးပြီး ထိခိုက်ပျက်စီးနေတဲ့အရေပြားအလွှာတွေကို ဖျက်ဆီးပေးပါတယ်။ အနာပြန်ကျက်တာနဲ့ လေဆာကုထုံးလုပ်ဆောင်နေစဉ်က ဖယ်ရှားပစ်လိုက်တဲ့ မကောင်းတဲ့အရေပြားနေရာမှာ အရေပြားအသစ်ပြန်လည်ဖြစ်ပေါ်လာပါတယ်။ တချို့လေဆာကုထုံးတွေကတော့ အရေပြားကို မဖျက်ဆီးပစ်ဘဲအပူဓါတ်နဲ့တင်းရင်းအောင်သာလုပ်ပေးတာဖြစ်ပါတယ်။

Laser skin resurfacing နည်းလမ်းနှစ်မျိုးရှိပါတယ်။

  • Ablative laser ဟာ ဝက်ခြံတွေနဲ့ အခြားအမာရွတ်တွေ၊ အသက်ကြီးခြင်းကြောင့် ဖြစ်တဲ့ အရေးအကြောင်းတွေကို လျော့နည်းစေဖို့အတွက် အရေပြား အလွှာပါးကို ဖယ်ထုတ်လိုက်ပါတယ်။
  • Non-ablative laser ကတော့ collagen ထုတ်လုပ်မှုကို အားပေးပြီး အောက်ခံအရေပြားကို တင်းရင်းစေပါတယ်။ ဒီနည်းလမ်းဟာ ablative laser resurfacing နည်းထက် ထိရောက်မှု အာနိသင် နည်းပါးပါတယ်။

ဘာကြောင့်အသုံးပြုကြတာလဲ

လေဆာအရေပြားတင်းရင်းစေခြင်း ကုထုံးကို အရေးအကြောင်းရှိသူတွေ၊ဝက်ခြံနဲ့အမာရွတ်ရှိသူတွေ၊တင်းတိတ်မှဲ့ခြောက်ရှိသူတွေ၊ အသားအရောင်မညီသူတွေ၊အသက်အရွယ်ကြောင့်ဖြစ်လာတဲ့အစက်အပြောက်ရှိသူတွေ၊ ခွဲစိတ်မှု၊ထိခိုက်မှုတွေကြောင့်မပျောက်နိုင်တဲ့အမာရွတ်ရှိသူတွေမှာအသားအရေ ပိုကြည့်ကောင်းစေဖို့၊ နုပျိုတင်းရင်းလှပစေဖို့ ကုသမှုခံယူကြတာများပါတယ်။

ဘာဘေးထွက်ဆိုးကျိုးတွေရှိသလဲ

skin resurfacing က အသားအရေမှာပြစ်ချက်နည်းစေဖို့၊ တင်းရင်းလှပစေဖို့မြန်ဆန်တဲ့ထိရောက်မှုရှိတယ်ဆိုပေမယ့် ကုထုံးကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့နောက်ဆက်တွဲပြဿနာတွေကိုလည်း သိထားသင့်ပါတယ် –

  • လေဆာအပူကြောင့်လောင်ခြင်း သို့မဟုတ် ထိခိုက်ခြင်း
  • အမာရွတ်ဖြစ်ခြင်း
  • အသားအရောင်ပြောင်းလဲခြင်း( ကုသမှုခံယူလိုက်တဲ့အရေပြားဧရိယာကဘေးတဝိုက်ဧရိယာထက်ပိုမည်းလာတာ၊ပိုဖြူသွားတာမျိုး)
  • ရေယုန်ပြန်ဖြစ်ခြင်း
  • မပြင်းထန်သောရောင်ရမ်းခြင်း၊ ယားယံခြင်း၊ အသားအရေအပေါ်ယံမာတင်းခြင်း၊ နာကျင်ခြင်းတို့ဖြစ်နိုင်ပါတယ်။
  • အရေပြားနီရဲခြင်း။ ပုံမှန်အားဖြင့် ၆ ပတ်ကနေ ၁၂ ပတ်အထိကြာတတ်ပေမယ့် ၆လအထိလည်းဖြစ်နိုင်ပါတယ်။ တချို့တွေမှာ စိတ်ဖိစီးနေချိန် ဒါမှမဟုတ် ပင်ပန်းနေချိန်တွေမှာ ပုံမှန်ထက်ပိုပြီး အသားနီရဲနေတတ်ပါတယ်။
  • အရေပြားပြဿနာဖြစ်ခြင်း( အရင်ကဝက်ခြံထွက်တတ်သူတွေမှာ ဝက်ခြံတွေပေါ်လာတာမျိုး)
  • အရေပြားမှာ ဘက်တီးရီးယား သို့မဟုတ် မှိုပိုးဝင်ခြင်း။ ပိုးဝင်တဲ့အခါ ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေကိုပါ ကူးစက်နိုင်ပါတယ်။
  • အောက်မျက်ခမ်းလန်ခြင်း (ectropion)။ ဒီအခြေအနေက ဖြစ်ခဲပါတယ်။အောက်မျက်ခမ်းနားမှာablative laser resurfacing လုပ်ခြင်းက မျက်ခမ်းလန်ပြီး အတွင်းမျက်သားပေါ်လာခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ ခွဲစိတ်ကုသဖို့လိုလာပါလိမ့်မယ်။

ကိုယ့်မှာ အရေပြားပြဿနာရှိနေရင်၊ အသားအရမ်းညိုသူဖြစ်ရင်၊ မျက်နှာမှာလတ်တလောဝက်ခြံတွေရှိနေရင်၊autoimmune သို့မဟုတ် ကိုယ်ခံအားနည်းစေတဲ့ရောဂါတစ်ခုခုရှိနေရင်၊ အမာရွတ်ဖြစ်ကျန်တတ်တဲ့အသားအရေပိုင်ရှင်ဖြစ်ရင် လေဆာကုထုံးကို ခံယူလို့မရနိုင်ပါဘူး။ လေဆာပစ်ချိန်မှာလည်း ကိုယ်ပြုပြင်မယ့်အမျိုးအစားကိုလိုက်ပြီး နာကျင်မှုရှိတတ်တာတွေရှိပါတယ်။ လေဆာကုထုံးနဲ့ပတ်သက်ပြီး ဒီလို သတိထားစရာတွေ၊ နောက်ဆက်တွဲဆိုးကျိုးတွေအပြင် ကုထုံးတစ်ကြိမ်ကို သိန်းနဲ့ချီ ကုန်ကျနိုင်တာကြောင့် စဉ်းစားနေရသူတွေရှိပါတယ်။ နာရကျင်ရမှာကြောက်သူတွေ၊လေဆာကိုကြောက်သူတွေ၊ ကုန်ကျစရိတ်များမှာစိုးရိမ်နေသူတွေအတွက်တော့ အဆင်မပြေလောက်ပါဘူး။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။