backup og meta

အသားအရေ လှပဖို့ စားသင့်တဲ့ အစားအစာများ

အသားအရေ လှပဖို့ စားသင့်တဲ့ အစားအစာများ

သင်စားလိုက်တဲ့ အစားအစာတွေဟာ သင့်အပေါ် အကျိုးသက်ရောက်မှုတွေ အများကြီးရှိတာမို့ အသားအရေ ကျန်းမာလှပဖို့အတွက် အစားအသောက်တွေကို မှန်မှန်ကန်ကန် ရွေးချယ်စားသောက်ဖို့ အထူးပဲ အရေးကြီးလှပါတယ်။ တခါတရံမှာ အသားအရေလှဖို့အတွက် အလှကုန်ပစ္စည်းတွေအသုံးပြုတာထက်စာရင် အစားအသောက် မှန်ကန်စွာ စားသောက်တာက ပိုပြီး အကျိုးဖြစ်ထွန်းစေတာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မေးစရာ ရှိလာတာက အသားအရေ လှဖို့အတွက် ဘယ်လိုအစားအသောက်မျိုးတွေကို စားရမှာလဲ။

သင့်အသားအရေဟာ အလှတရားရဲ့ အရေးပါတဲ့ မျက်နှာစာပါ။ လူတိုင်းဟာ သင့်ကိုတွေ့တာနဲ့ အသားအရေကို လှမ်းကြည့်လေ့ရှိတာမို့ အသားအရေ လှပအောင် ထိန်းသိမ်းဖို့ အရမ်း အရေးကြီးပါတယ်။ အစားအစာတွေကို မှန်ကန်သင့်တော်စွာ ရွေးချယ်စားသုံးမယ်ဆိုရင် သင်မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေလှပဖို့အတွက် အောက်ပါ အစားအသောက်တွေကို နေ့စဉ်စားသင့်ပါတယ်။

အဆီလျှော့ထားသော/အဆီမပါဝင်သော နို့နဲ့ နို့ထွက်ပစ္စည်းများ

ဒီပစ္စည်းတွေမှာ ဝက်ခြံကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။ အချို့သော လူတွေဟာ (ရောဂါတခုခုရှိတာကြောင့်) အစားအစာမှာ ပါဝင်လာတဲ့ beta-carotene ဓါတ်ကို ခန္ဓါကိုယ်အတွက် အသုံးဝင်မယ့် ဗီတာမင် အေအဖြစ် မပြောင်းလဲနိုင်ပါဘူး။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင်အေစစ်စစ် ပါဝင်တာမို့ လူတိုင်းရဲ့ အသားအရေအတွက် အကျိုးရှိပါတယ်။ အဆီနည်းတဲ့ ဒိန်ချဉ်ဟာ လူ့ခန္ဓါကိုယ်အတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ ပါဝင်တာမို့ အထူးအကျိုးရှိပြီး အသားအရေအတွက်လည်း ကောင်းပါတယ်။

ဒါပေမယ့် ဘယ်အရာမဆို တန်ဆေးလွန်ဘေးဖြစ်ပြီး ဗီတာမင် အေ ပမာဏအရမ်းများရင် အဆိပ်အတောက်ဖြစ်စေတာမို့ ဗီတာမင်အေ ပါဝင်တဲ့ အစားအစာတွေကို အလွန်အကျွံတော့ မစားသင့်ပါဘူး။

ဘယ်ရီသီးများ

ဘယ်ရီသီးတွေ ဖြစ်တဲ့ ဘလူးဘယ်ရီသီး ဒါမှမဟုတ် စတော်ဘယ်ရီသီးတွေဟာ အရသာရှိရုံသာမက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အမြောက်အမြား ပါဝင်တာမို့ သင့်အသားအရေနဲ့ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ အဆိုပါ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ အရေပြားဆဲလ်တွေကို နေရောင်ခြည်ဒါဏ်ကနေ ကာကွယ်ပေးနိုင်တဲ့အတွက် နေရောင်ကြောင့် အသားအရေထိခိုက်မှုကို လျော့နည်းစေပါတယ်။ ဒါတင်မကသေးပါဘူး၊ဘယ်ရီသီးတွေဟာ သင့်အရေပြား အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဆယ်လမွန်၊ အခွံမာသီး၊ ဖလက်ရှ်စေ့ နဲ့ ကန်နိုလာ အဆီများ

ဒီအစားအသောက်တွေဟာ ဖက်တီးအက်ဆစ် (fatty acid) ကို အဓိက ပေးစွမ်းတာ ဖြစ်ပြီး fatty acids ဟာ အရေပြား နဲ့ အသားအရေကို ကျန်းမာလှပစေတာမို့ သင့်အသားအရေကို အစိုဓါတ်ပိုမို ရရှိစေကာ အမာရွတ်တွေ ဖယ်ရှားရာမှာလည်း သုံးနိုင်ပါတယ်။ သင့်အသားအရေပိုမို နုပျိုလာမယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းဖြစ်စဉ်တွေဟာ နှလုံးရောဂါကို ဦးတည်စေပြီး နှလုံးရောဂါဟာ အရေပြားဆဲလ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် fatty acids ဟာ အရေပြားနဲ့ နှလုံးကျန်းမာရေးအတွက် အလွန်ပဲ အရေးကြီးလှပါတယ်။

အိုမီဂါ ၃ နဲ့ အိုမီဂါ ၆ တို့ဟာ ခန္ဓါကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ fatty acids တွေဖြစ်ပြီး သင့်တင့်လျောက်ပတ်သလို စားသုံးနိုင်ပါတယ်။ အဆိုပါ အဆီတွေကို ငါးအမျိုးအစားအချို့နဲ့ ဖလက်ရှ်စေ့အဆီတို့ကနေတဆင့် ရရှိနိုင်ပါတယ်။

အစေ့အဆံများ

ပေါင်မုန့်၊ဂျုံတို့လို အစေ့အဆံတွေကတဆင့် ပြုလုပ်ထားတဲ့ အစားအစာတွေမှာ ဆယ်လီနီယန် (selenium) လို့ခေါ်တဲ့ သတ္တုဓါတ်တမျိုး ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေရောင်ခြည်ဒါဏ်ဟာ အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ အသားအရေ ခြောက်သွေ့ခြင်း နဲ့ အရေတွန့်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့အတွက် အန္တရာယ်ရှိပြီး selenium ဟာ သင့်အရေပြားကို အဆိုပါ နေရောင်ခြည်ဒါဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် selenium ဟာ အရေပြားကင်ဆာဖြစ်ပွားနိုင်ချေကိုလည်း လျော့နည်းစေပါတယ်။

ရေ

လူ့ခန္ဓါကိုယ်မှာ ရေဓါတ် ၇၀ ရာခိုင်နှုန်းလောက် ပါဝင်ဖွဲ့စည်းထားတာမို့ ရေဟာ ခန္ဓါကိုယ်အတွက် အကျိုးရှိကောင်းမွန်ကြောင်းကို လူတိုင်းသိရှိပြီး ဖြစ်ပါတယ်။ ရေဟာ သင့်ခန္ဓါကိုယ်ကို သွယ်လျလှပစေတဲ့အပြင် အရေပြားအစိုဓါတ်ကိုလည်း ထိန်းသိမ်းပေးနိုင်တဲ့အတွက် အရေးအကြောင်းတွေကိုလည်း လျော့နည်းစေပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားပစ်ရာမှာလည်း ပါဝင်ကူညီပေးနိုင်တာမို့ သင့်အသားအရေကို ပိုမိုကျန်းမာလှပစေမှာပဲ ဖြစ်ပါတယ်။

လက်ဖက်စိမ်း

လက်ဖက်စိမ်းမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ လက်ဖက်စိမ်းကို ပါးစပ်က သောက်နိုင်သလို အရေပြားပေါ်လည်း လိမ်းနိုင်ပြီး ခရမ်းလွန်ရောင်ခြည်တွေဒါဏ်ကနေ ကာကွယ်ပေးပါတယ်။

အသားအရေလှဖို့အတွက် အလှကုန်ပစ္စည်းတွေကို အသားပေါ်လိမ်းတဲ့နည်းတူ အစားအသောက်မှန်မှန်ကန်ကန် စားဖို့ကလည်း အရေးကြီးလှပါတယ်။ ဘာလို့လဲဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်သင့်တော်တဲ့ အစားအစာတွေဟာ သင့်အသားအရေကို လှပကျန်းမာစေလို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်မှာဖော်ပြခဲ့တဲ့ အာဟာရဓါတ်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ အစားအစာတွေ စားသုံးခြင်းဟာလည်း အသားအရေထိန်းသိမ်းရာမှာ ထည့်သွင်းဆောင်ရွက်သင့်တဲ့ အရေးကြီး အချက်တချက်ပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. The ABCs of a Healthy Skin Diet. http://www.webmd.com/beauty/features/abcs-of-healthy-skin-diet#1. Accessed November 14, 2016.

2. Slideshow: Foods for Healthy, Supple Skin. http://www.webmd.com/beauty/ss/slideshow-skin-foods. Accessed November 14, 2016.

3. Foods to Help Keep Your Skin Healthy. http://www.webmd.com/skin-problems-and-treatments/acne/features/skin-foods#1. Accessed November 14, 2016.

4. Nutrients for Healthy Skin. http://www.webmd.com/beauty/features/skin-nutrition#1.
Accessed November 14, 2016.

5. Healthy Diet, Healthy Skin. http://www.webmd.com/skin-problems-and-treatments/acne/features/diet-and-skin#1. Accessed November 14, 2016.

6. 7 Anti-Aging Foods for Your Skin. http://www.webmd.com/beauty/skin-glow-13/anti-aging-skin-foods. Accessed November 14, 2016.

ယခုပုံစံ

12/05/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement