brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အသားအရေဖြူဝင်းစေဖို့ အပ်မလိုတဲ့ မီဆိုကုထုံး

အသားအရေဖြူဝင်းစေဖို့ အပ်မလိုတဲ့ မီဆိုကုထုံး

အသားအရေဖြူဝင်းစေဖို့ အပ်မလိုတဲ့ မီဆိုကုထုံး

အခုခေတ် အလှအပ ဆိုင်ရာလုပ်ငန်းတွေမှာ လူတွေဟာ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ ဖျားနာမှုတွေ၊ ရောဂါတွေအတွက်သာမက အလှအပရေးရာ ရည်ရွယ်ချက်တွေ အတွက်လည်း အသုံးပြုကြပါတယ်။ အခုအချိန်မှာ အရေပြားရောဂါတွေကို mesotherapy နဲ့ အောင်မြင်စွာကုသနိုင်ပြီး အသားဖြူစေခြင်းအတွက် အသုံးပြုနိုင်ပါတယ်။

Needle free mesotherapy ဆိုတာဘာလဲ။

Needle free mesotherapy ဟာ နောက်ဆုံးပေါ်နည်းလမ်းတစ်ခုဖြစ်ပြီး သူဟာ နာကျင်မှု၊ အညိုအမဲစွဲမှုမရှိပဲ သဘာဝ ပစ္စည်းတွေ၊ ဗီတာမင်တွေ၊ homeopathic agens တွေ၊ ဆေးတွေကို အရေပြားအောက်က အဆီနဲ့ connective tissue အလွှာထဲ ထည့်ခြင်း ဖြစ်ပါတယ်။

Needle free mesotherapy ကို ရည်ရွယ်ချက် အတော်များများအတွက် အသုံးပြုကြပြီး အထူးသဖြင့် အသက်ကြီးခြင်း လက္ခဏာတွေကို သက်သာစေဖို့အတွက် multivitamin solution နဲ့ သဘာဝ အပင် extracts တွေကို အရေပြားအောက်မှ transdermal layer ထဲကို ထည့်ပေးပြီး အရေပြားကို နုပျိုအောင်လုပ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။

Needle free mesotherapy ဟာ ခွဲစိတ်မှု တစ်ခုမဟုတ်ပဲ အရင်က mesotherapy ထိုးဆေးတွေနေရာမှာ အစားထိုးနိုင်တဲ့ ထိရောက်ပြီး သက်တောင့်သက်သာရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Needle free mesotherapy က အသားကို ဘယ်လိုဖြူစေပါသလဲ။

ဗီတာမင်၊ အသားဖြူစေ၊ ဝင်းလက်စေတဲ့အရာတွေကို Needle free mesotherapy ကို အသုံးပြုပြီး အရေပြားအောက်ကို ထည့်မှာဖြစ်ပါတယ်။ ဒီကုသမှုကို အရေပြား တောက်ပခြင်းနဲ့ အမဲရောင်ဖြစ်ခြင်းတွေကို လင်းလက်စေဖို့အတွက် အကြံပြုကြပါတယ်။ Hyaluronic acid ကို အသားအရည် နုပျိုဖို့အတွက် အသုံးပြုကြပါတယ်။

သင့်လျော်တဲ့ ရလဒ်တွေရစေဖို့အတွက် ဒီနည်းလမ်းကို အဆင့်နှစ်ဆင့်မှာ လုပ်မှာဖြစ်ပါတယ်။ melanocytes အဆင့်မှာတော့ melanin ထုတ်လုပ်မှုကို ကျဆင်းစေဖို့နဲ့ အမဲရောင်ဖြစ်နေတဲ့ အပေါ်ယံအရေပြားကို ကွာကျစေပြီး အရေပြားနူးညံ့စေဖို့အတွက် ရည်ရွယ်ပါတယ်။ အကြိမ် အနည်းငယ် အသုံးပြုပြီးရင် အသားအရေဟာ ဖြူလာပြီး ကြာရှည်သုံးရင်တော့ သိသာတဲ့ ရလဒ်တွေ ရှရှိနိုင်မှာ ဖြစ်ပါတယ်။

Needle free mesotherapy ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။

  • ဆေးတွေဟာ စိတ်ချရပြီး စုပ်ယူမှုအားကောင်းပါတယ်။
  • အရေပြားကို နူးညံ့စေပါတယ်။
  • အမဲရောင်အကွက်တွေကို သက်သာစေပါတယ်။
  • အရေပြားကို နုပျိုစေပါတယ်။
  • ကုသမှုရဲ့ ရလဒ်ဟာ ကြာရှည်ခံပါတယ်။
  • ဒီနည်းကို အခြားဆေးတွေ၊ ကုသနည်းတွေနဲ့ ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။
  • ထုံဆေးမလိုအပ်ပါဘူး။
  • အမာရွတ် မကျန်နိုင်ပါဘူး။
  • အရေပြား တောက်ပမှုကို တိုးတက်စေပါတယ်။
  • စွဲခြင်း၊ အကျင့်ဖြစ်ခြင်းတွေ မဖြစ်နိုင်ပါဘူး။
  • Homeopathic ageins တွေ ပမာဏအတိအကျ သုံးခြင်းဟာ အနာကျက်ခြင်းကို မြင့်တက်စေပါတယ်။
  • Free radicals တွေကို လျော့ကျစေပါတယ်။
  • Needle free mesotherapy ဟာ ရောဂါတစ်ခုခုရဲ့ လက္ခဏာတွေကို ဖုံးထားပေးခြင်းမရှိသလို အဆိပ်အတောက်တွေ ထုတ်ပေးခြင်းလည်း မရှိပါဘူး။

အရေပြားဟာ ကိုယ်ခန္ဓါရဲ့ အကြီးဆုံးကိုယ်အင်္ဂါဖြစ်ပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားပါတယ်။ လူတိုင်းဟာ ကျန်းမာပြီး လှပတဲ့ အသားအရည်ကို ရလိုကြပါတယ်။ ဒါကြောင့် ဖြူဖွေးပြီး သန့်ရှင်းတဲ့ အသားအရေဟာ လှပမှုရဲ့ ပြယုဒ်ဖြစ်တာမို့ သင့်ရဲ့ လှပမှုကို ပိုမိုတိုးတက်စေလိုရင် ဒီနောက်ဆုံးပေါ်နည်းလမ်းက သင့်ကို ကူညီပေးနိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။