backup og meta

အတွင်းဘက်သို့ပေါက်နေသော အမွေး ingrown hair ကုသဖို့ နည်းလမ်း ၆သွယ်

အတွင်းဘက်သို့ပေါက်နေသော အမွေး ingrown hair ကုသဖို့ နည်းလမ်း ၆သွယ်

အတွင်းဘက်ကို ပေါက်နေတဲ့အမွေး (ingrown hair)တွေဟာ အရေပြားပေါ်မှာ နာကျင်ရောင်ရမ်းနေတဲ့ အဖုတွေအဖြစ်ပေါ်လာလေ့ရှိပါတယ်။ ဒီအဖုတွေဟာ ဝက်ခြံတွေနဲ့တူနိုင်ပြီး အတွင်းမှာ ပြည်တွေလည်းရှိတတ်ပါတယ်။ ဒီအဖုတွေဟာ ကောက်ကွေးနေတဲ့အမွေးတွေဖြစ်ပြီး အရေပြားအပြင်ကိုထွက်လာရမယ့်အစား အမြစ်ရှိရာအရေပြားအလွှာထဲ တိုးဝင်သွားပါတယ်။

လိမ်ကောက်နေတဲ့ အမွေးတွေ ဆံပင်တွေရှိတဲ့သူတွေဆီမှာ အဖြစ်များပါတယ်။ အတွင်းဘက်ကိုပေါက်နေတဲ့အမွေး (ingrown hair)တွေဟာ နေရာမရွေးဖြစ်ပေါ်နိုင်ပြီး အများအားဖြင့်တော့ အင်္ဂါဇာတ်တွေမှာဖြစ်လေ့ရှိပါတယ်။

အတွင်းဘက်ကိုပေါက်နေတဲ့ အမွေး (ingrown hair)တွေကို ဘာတွေကဖြစ်စေတာလဲ။

သင်က အများအားဖြင့် ဖယောင်းနဲ့အမွေးနှုတ်ခြင်း၊ ရိတ်ခြင်း၊ နှုတ်ခြင်းတွေလုပ်လေ့ရှိတယ်ဆိုရင် အမွေးမြုံ တွေဖြစ်လာနိုင်ချေပိုများပါတယ်။ အမွေးအမျှင်ဖယ်ရှားခြင်းနည်းလမ်းထဲက ဘယ်နည်းလမ်းကိုပဲသုံးသည်ဖြစ်စေ အမွေးကတော့ဖြည်းဖြည်းချင်းပြန်ပေါက်လာမှာပါပဲ။

အမွေးအများစုပြန်ထွက်လာတဲ့အခါ ပြဿနာမရှိနိုင်ပေမယ့် အမွေးတိုတာတွေ သို့မဟုတ် ကောက်နေတဲ့အမွေးတွေအတွက်ကတော့ အမွေးတွေဟာ အတွင်းဘက်ကိုပြန်ပြီးကောက်ဝင်ကာ အသားထဲပြန်ဝင်သွားနိုင်ပါတယ်။ ဒါကို ingrown hair လို့ခေါ်ပါတယ်။

အမွေးဟာ အတွင်းဘက်ကိုပြန်ဝင်ပြီးရှည်လာတဲ့အခါမှာ ခန္ဓါကိုယ်ကသူ့ကို ပြင်ပအရာဝတ္ထု တစ်ခုအဖြစ်သတ်မှတ်လိုက်ပြီး တိုက်ခိုက်ဖို့ခုခံအား စနစ်ကိုစပြီးအသက်သွင်းပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ အတွင်းဘက်ကိုပေါက်တဲ့ အမွေး တွေဟာ ယားယံရောင်ရမ်းပြီးနီရဲနေတာမျိုးဖြစ်တတ်ပါတယ်။

Ingrown hair တွေအားလုံးဟာ ရောင်ရမ်းပြီးနာကျင်နေတာမျိုးမဟုတ်ပါဘူး။ တစ်ခါတလေမှာ ကုသစရာမလိုဘဲ သူတို့တွေ အလျားတစ်ခုရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ပုံမှန်ကြီးထွားမှုအတိုင်းပြန်ပြီး ကြီးထွားသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီအဖုတွေက ယားယံလာမယ် သို့မဟုတ် ကြည့်ရဆိုးနေမယ်ဆိုရင် သင်ကိုယ်တိုင်နှုတ်ပေးနိုင်ပါတယ်။

Ingrown hair တွေကို အိမ်မှာပဲပျောက်အောင်လုပ်မယ်ဆိုရင် ပြည်တည်တာနဲ့သွေးထွက်တာစတဲ့ ပိုးဝင်တဲ့ လက္ခဏာတွေရှိမရှိ သတိထားကြည့်ဖို့လိုပါတယ်။ ရှိခဲ့ရင်တော့ ဆေးကုသမှုခံယူပါ။

ရောင်ရမ်းခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းအနည်းငယ်ကို ဖော်ပြပေးထားပါတယ်။

ဖြစ်တဲ့နေရာတစ်ဝိုက်က အမွေးအမျှင်တွေဖယ်ရှားခြင်းကိုရပ်လိုက်ပါ။

အတွင်းဘက်ကိုပေါက်နေတဲ့ အမွေး (ingrown hair) တွေမပျောက်သွားမချင်း အဲဒီနေရာတစ်ဝိုက်မှာ အမွေးအမျှင်ဖယ်ရှားခြင်းတွေမလုပ်ပါနဲ့။ သင်က ဆက်ပြီး ရိတ်နေမယ်၊နှုတ်နေမယ်၊ ဖယောင်းနဲ့အမွေးချွတ်တာတွေ လုပ်နေမယ်ဆိုရင် အဆိုပါနေရာရဲ့အခြေအနေပိုဆိုးနိုင်ပြီး ingrown hair တွေလည်း ပိုပြီးရောင်ရမ်းလာနိုင်ပါတယ်။

အဖုတွေကိုကုတ်ခြင်းဖဲ့ခြင်းတွေကလည်း အလုပ်မဖြစ်ပါဘူး။ ဒီလိုလုပ်တာတွေက အမာရွတ်တွေ ဒါမှမဟုတ် ပိုးဝင်တာတွေဖြစ်စေနိုင်ပါတယ်။

အနွေးဓါတ်ပေးပါ။

အဝတ်စကို ရေနွေးထဲစိမ်ပြီး ဖြစ်တဲ့နေရာပေါ်မှာ ၁၀မိနစ်မှ ၁၅မိနစ်ထိတင်ထားပါ။ အဖုပေါ်ကို အဝတ်စနဲ့ ညင်သာစွာပွတ်တိုက်ပေးတာက ingrown hair တွေပေါ်က အရေပြားကို နူးညံ့စေပါတယ်။

အမွေးကို ညင်သာစွာဆွဲနှုတ်ပါ။

အရေပြားက နူးညံ့လာပြီး အမွေးလည်းအပြင်ထွက်လာပြီဆိုရင် သန့်ရှင်းတဲ့ဇာဂနာကိုယူပြီး ဖြည်းဖြည်းချင်းဆွဲနှုတ်ပါ။ အမြစ်က အရေပြားအောက်မှာ တွယ်ထားတာကြောင် အမွေးတစ်ခုလုံးပါလာအောင် နှုတ်ပေးဖို့လိုပါတယ်။ အမွေးပေါ်လာတဲ့ထိ အရေပြားကိုထိုးဖောက်ဖို့ ဘယ်အရာကိုမှမသုံးပါနဲ့။ ပိုးဝင်နိုင်ပါတယ်။

ဆဲလ်သေတွေကိုဖယ်ရှားပါ။

ဆဲလ်သေတွေကိုဖယ်ရှားလိုက်တာဟာ အမွေးကို အရေပြားမျက်နှာပြင်ပေါ်ပြန်ရောက်လာစေပါတယ်။ တကယ်လု့ိသင့်ရဲ့ အသားအရည်ထိန်းသိမ်းမှုလုပ်ငန်းစဉ်တွေက မထိရောက်ဘူးဆိုရင် ဆရာဝန်ကိုပြောနိုင်ပါတယ်။

သူတို့တွေက ဆဲလ်သေတွေအလွယ်တကူကွာကျဖို့အတွက် ဆေးတွေပေးနိုင်ပါတယ်။ အသုံးများတဲ့ အိမ်သုံးချေးချွတ်ဆေးတွေကတော့ သကြား ၊မုန့်ဖုတ်ဆိုဒါ၊ ဆားနဲ့ လက်ဖက်ခြောက်အိတ် တွေဖြစ်ပါတယ်။

ရောင်ရမ်းခြင်းကိုလျော့စေဖို့ ခရင်မ်တွေသုံးပါ။

တကယ်လို့ အတွင်းဘက်ပေါက်နေတဲ့ အင်္ဂါမွေး (ingrown pubic hair)တွေဟာ အတော်ကြီးနီရဲရောင်ရမ်းနေမယ်ဆိုရင် ဆရာဝန်က စတီးရွိုက်ခရင်မ်ကိုညွှန်းပေးပါလိမ့်မယ်။ ဒီဆေးနဲ့ကုသခြင်းက အမွေးတစ်ဝိုက်မှာဖြစ်နေတဲ့ ရောင်ရမ်းခြင်းနဲ့နာကျင်ခြင်းကို လျှော့ချပေးနိုင်ပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ingrown Hair. http://www.webmd.com/skin-problems- and-treatments/guide/ingrown- hair-causes- symptoms-
treatment#1.

Treating And Preventing Ingrown Pubic Hair. http://www.healthline.com/health/treating-preventing- ingrown-vaginal-hair#overview1.

Home Remedies for Ingrown Hair. http://www.top10homeremedies.com/home-remedies/home- remedies-ingrown-hair.html.

How to Treat Ingrown Hairs in the Pubic Area. http://www.livestrong.com/article/180781-how- to-treat-
ingrown-hairs- on-the- pubic-area/.Ingrown Hair. http://www.webmd.com/skin-problems- and-treatments/guide/ingrown- hair-causes- symptoms-
treatment#1.

 

ယခုပုံစံ

15/02/2022

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မလိုလားတဲ့အမွေးအမျှင်များကို မီးဖိုချောင်သုံးပစ္စည်းများနှင့်ဖယ်ရှားခြင်း

မျက်နှာပေါ်မှ မလိုလားတဲ့ အမွေးအမျှင်များကိုဖယ်ရှားနိုင်မယ့် နည်းလမ်း



Wathun Myat Chal မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement