backup og meta

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိတ်ကပ်လိမ်းတဲ့အခါ သတိပြုရမယ့်အချက်များ

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိတ်ကပ်လိမ်းတဲ့အခါ သတိပြုရမယ့်အချက်များ

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိတ်ကပ်လိမ်းတဲ့အခါ သတိပြုရမယ့်အချက်များ

လှသထက် လှနိုင်ဖို့အတွက် အလှကုန်ပစ္စည်းတွေလည်း အပြိုင်အဆိုင် ထုတ်ကြသလို ပျိုပျိုမေလေးတွေလည်း ပြင်ကြတယ်မလား။ ဒီလိုမျိုး လှအောင်လို့ မိတ်ကပ်ပြင်တဲ့အခါမှာ အလှအပကို အနှောင့်အယှက် ပေးနိုင်တဲ့ အရာလေးတွေကိုလည်း ကျော်လွှားနိုင်ဖို့ လိုပါတယ်။ ဒါမှ လူတကာ အားကျ ငေးမောယူရတဲ့ မျက်နှာလှ ပိုင်ရှင်လေး ဖြစ်မှာနော်။ မိတ်ကပ်လိမ်းတဲ့အခါမှာ လုပ်ရမယ့် အချက်တွေနဲ့ ရှောင်ရမယ့် အချက်လေးတွေ ပြောပြမယ်နော်။

အောက်ခံမိတ်ကပ်(foundation) ဟာ မျက်နှာတစ်ခုလုံးရဲ့ အရေးအကြီးဆုံး အလှပြင်ပစ္စည်းပါနော်။ မဟုတ်ရင် မျက်နှာမှာ အဆီတွေ ပြန်ပြီး ကွက်တာ၊ မိတ်ကပ်သား မတက်တာနဲ့ မျက်နှာမှာ မညီမညာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေကို မဖြစ်ရလေအောင် မျက်နှာမှာ အောက်ခံမိတ်ကပ် မလိမ်းခင် အစိုဓါတ်ဖြည့်ခရင်မ်နဲ့ Primerလေး အရင် လိမ်းပေးနော်။ အောက်ခံမိတ်ကပ်ရွေးတဲ့အခါမှာ ခန္ဓါကိုယ်အရေပြားက အသားအရေအရောင်လေးနဲ့ အရမ်းမကွာတာကို ရွေးနော်။ မျက်နှာမှာ ဘာမှမလိမ်းရသေးဘဲ အောက်ခံမိတ်ကပ် တန်းမလိမ်းနဲ့နော်။

Concealer ကတော့ ခုနောက်ပိုင်း မိတ်ကပ်လိမ်းတဲ့အခါမှာ မရှိမဖြစ် ပစ္စည်းလို့တောင် ပြောလို့ ရပါတယ်နော်။ သူက မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးပေးတဲ့အပြင် မျက်နှာလေး တမူထူးခြားအောင်လည်း စွမ်းဆောင်ပါတယ်။ Concealer အရောင်ရွေးတဲ့အခါမှာ အောက်ခံမိတ်ကပ်ထက် (၁) ဆ (၂) ဆ လင်းတာလေး ရွေးပါ။ အရောင် အရမ်းကွာနေတာမျိုး မလုပ်နဲ့နော်။ Contour လုပ်တဲ့အခါမှာလည်း အလက်လက်တွေ မပါတဲ့ Bronzer ကို သုံးပေးရင် အဆင်ပြေပါတယ်။

Highlight လုပ်တဲ့အခါမှာလည်း ပါးအို့နေရာ၊ နှာခေါင်းနဲ့ မျက်ခုံးရိုးနှစ်ခုကြားနေရာတွေမှာ လုပ်ပါ။ ပါးမို့ထိပ်နေရာမှာတော့ Hightlight မလုပ်မိဖို့ သတိပြုနော်။ ပါးနီလေးထည့်လိမ်းချင်တယ်ဆိုရင်လည်း ပါးမို့ထိပ်နားလေးမှာပဲ လိမ်းပေးဖို့ သတိပြုပါ။

မျက်ခုံးမွှေးဆိုးဖို့အရောင်ရွေးနေတယ်ဆိုရင်တော့ ဆံပင်အရောင်ထက် (၁) ဆ (၂) ဆ လောက် ပိုနက်တဲ့အရောင်ကို ရွေးချယ်နိုင်ပါတယ်။ လုံးဝအမည်းချည်းပဲဆိုရင်တော့ အသက်အရွယ် ရင့်သယောင်ဖြစ်သွားနိုင်ပါတယ်။ အောက်ခံမလိမ်းဘဲ Eye shadow တွေချည်း သက်သက် မခြယ်နဲ့နော်။ မျက်လုံးတွေကို အရောင်တောက်တောက်ကြီး မခြယ်ခင်မှာလည်း အောက်ခံအနုလေးတွေ အရင်ခံပေးလိုက်ပါ။ မျက်တောင်ဆိုးဆေး မသုံးခင်မှာ မျက်တောင်ကော့ပါ။ ပေါ့ပေါ့ပါးပါးလေး ဖြစ်ချင်ရင်တော့ မျက်တောင်တုကို ပါးတာလေး ရှာတတ်ပါ။

နှုတ်ခမ်းနီဆိုးတဲ့အခါမှာလည်း အပြင်နှုတ်ခမ်းအနားသတ်နေရာလေးကို သေးတဲ့ lip liner လေးနဲ့ အရင်ဆွဲပြီးမှ နှုတ်ခမ်းနီ အပြည့်ဆိုးတာမျိုးဆိုရင် ပိုကောင်းပါတယ်။ lip balm လေးဆိုးရင်လည်း ရပါတယ်။ နှုတ်ခမ်းခြောက်နေတာကို matte လိုမျိုးနှုတ်ခမ်းနီတွေ တိုက်ရိုက်မဆိုးနဲ့နော်။

မိတ်ကပ်လိမ်းတဲ့အခါမှာ နောက်ဆုံးသတိပြုရမယ့် အချက်ကတော့ ဘရက်ရှ်တွေပါ။ ကိုယ်ရဲ့ မျက်နှာနဲ့တိုက်ရိုက်ထိတွေ့နေမယ့် ပစ္စည်းတွေဟာ သန့်ရှင်းနေဖို့လိုပါတယ်။ ဒါမှပဲ သုံးသမျှ skin care တွေရဲ့ အကျိုးအာနိသင်ကို ရရှိနိုင်မှာပါ။ ဒီလို မဟုတ်ရင် မျက်နှာမှာ အညစ်အကြေးတွေရှိနေပြီး ဝက်ခြံထွက်တာတွေတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းတဲ့အခါမှာ အသုံးပြုတဲ့ ဘရက်ရှ်တွေကို မကြာခဏ ဆေးကြော သန့်စင်ပေးဖို့ မမေ့ပါနဲ့နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://simplysona.com/2016/07/common-makeup-mistakes/

ယခုပုံစံ

12/05/2020

Eaindray Kha မှ ရေးသားသည်။

Hnin Oo Thazin မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အလှအပအတွက်တင်မက ကျန်းမာရေးအတွက်ပါ အသုံးဝင်တဲ့ မြန်မာ့ သနပ်ခါး

ပျိုပျိုမေလေးရဲ့ ဆံပင်ကို Hair Rebonding လုပ်မယ်လို့ စဉ်းစားထားရင်



Eaindray Kha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement