brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Rhinophyma(ရိုင်နိုဖိုင်မာ)နှာခေါင်းပုံပျက်ရောဂါ : အခြေခံအချက်များ

Rhinophyma ခေါ် Bulbous Nose ခေါ် Phymatous rosacea ဟာ ရှားပါးသောအရေပြားရောဂါတစ်မျိုးပါ။ နှာခေါင်းမှာ နီရဲကြီးမားပြီး အဖုအထစ်တွေဖြစ်လာခြင်းဖြစ်တယ်။ တိကျတဲ့အကြောင်းအရင်းမသိရသေးဘဲ ပြင်းထန်တဲ့ rosacea(ရိုစာစီရာ) တွေရဲ့ နောက်ဆုံးအဆင့်မှာဖြစ်ပေါ်လေ့ရှိပါတယ်။ Rosacea ဆိုတာ တွေ့ရတတ်တဲ့ နာတာရှည် အရေပြားရောင်ရမ်းတတ်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး မျက်နှာမှာမညီမညာအနီရောင်အကွက်တွေပေါ်တတ်တဲ့ အခြေအနေဖြစ်တယ်။

Rhinophyma(ရိုင်နိုဖိုင်မာ)နှာခေါင်းပုံပျက်ရောဂါ : အခြေခံအချက်များ

လက္ခဏာများ

Rhinophyma ကနှာခေါင်းပုံစံ၊ အရွယ်ကို ပြောင်းလဲစေပါတယ်။ နှာခေါင်းရောင်လာ၊ နီရဲလာပြီး မညီမညာအဖုတွေပေါ်လာတာ သတိထားမိမှာပါ။ အရေပြားအပြင်လွှာကိုထူလာစေပြီး အလွယ်တကူနီရဲစေပါတယ်။ နှာခေါင်းနဲ့ ပါးပြင်မှ သွေးကြောငယ်လေးများရောင်ရမ်းခြင်းကြောင့်ဖြစ်ပြီး အဆီဂလင်းများ၊ ချွေးပေါက်များလည်း များပြားလာပါတယ်။

Rosacea ဆိုးလာတဲ့အဆင့်တွေမှာဖြစ်တတ်ပြီး မကုသဘဲထားပါက ပိုဆိုးတတ်ပါတယ်။ လက္ခဏာတွေ ပျောက်လိုက်၊ ပြန်ပေါ်လိုက်ဖြင့် လှည့်ပတ်နေတတ်တယ်။

ဖြစ်စေသောအကြောင်းများ

ဖြစ်စေသောအကြောင်းတွေကို သေချာနားမလည်ထားပါဘူး။ အရင်က အမျိုးသားတွေမျာပိုဖြစ်တာကြောင့် အရက်ကြောင့်လိုထင်ခဲ့ကြပါတယ်။ သို့ပေမယ့် လတ်တလောလေ့လာချက်တွေကတော့ ထိုဆက်သွယ်ချက်ကို မထောက်ခံထားပါဘူး။ အရက်သောက်သူရော၊ မသောက်သူမှာပါ ဖြစ်နိုင်ပါတယ်။ တခြားတစ်ဖက်ကကြည့်ရရင် အချိန်ကြာဖြစ်ပြီးတဲ့အခါ ဖြစ်ပေါ်လေ့ရှိပါတယ်။

ဖြစ်နိုင်ချေများစေသောအချက်များ

ဖြစ်နိုင်ချေတက်စေတဲ့အချက်တွေကတော့ အသက် နဲ့ ကျားမဖြစ်မှုပေါ်မူတည်ပါတယ်။ အမျိုးသားတွေမှာပိုဖြစ်တတ်ပြီး rosacea ဖြစ်ပြီးတဲ့အဆင့်မှာဖြစ်တတ်တယ်။ ဒါကြောင့် အသက် ၂၅ နဲ့ ၅၀ ကြားမှာ ဖြစ်တတ်ပါတယ်။ အသားဖြူသူ၊ ဆံပင်အရောင်ဖျော့သူ ဒါမှမဟုတ် ဆွေမျိုးသားချင်းထဲမှာ ခံစားဖူးသူတွေမှာလည်း ဖြစ်နိုင်ချေများပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။