အထက်ပါ အခြေအနေမျိုးတွေရှိရင် ဆေးဝါးကုသမှုခံယူဖို့ လိုပါတယ်။
ပြဿနာ နှင့် ရှာဖွေမှု
နှင်းခူရဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘာတွေလဲ။
ပန်းနာရင်ကျပ်၊ ဓါတ်မတည့်ရောဂါ၊ ကာလရှည် ယားယံတာ၊ အရေပြားမှာ အကြေးခွံလို အကွက်တွေဖြစ်တာ၊အရေပြားမှာ ပိုးဝင်ပြီး အနာတွေလို ဖြစ်တာ၊မျက်စိပြဿနာတွေ ခံစားရတာ၊လက်ချောင်းလေးတွေနဲ့ လက်ချောင်းကြားတွေထဲမှာ အနာလေးတွေ ဖြစ်တာ၊အိပ်မပျော်တာ၊အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာတွေ ပေါ်လာတာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
နှင်းခူရောဂါကို ဘယ်လိုရှာဖွေဖော်ထုတ်နိုင်မလဲ။
သင့်အရေပြားကိုစမ်းသပ်စစ်ဆေးတာ၊ရောဂါလက္ခဏာတွေကို မေးမြန်းစူးစမ်းတာတွေကတဆင့် နှင်းခူရောဂါကို ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ တခြား အရေပြားရောဂါတွေ ဒါမှမဟုတ် နှင်းခူနဲ့ တွဲပြီးဖြစ်တတ်တဲ့ အရေပြားပြဿနာတွေ ရှိမရှိ သိနိုင်ဖို့အတွက် တခြားလိုအပ်တဲ့ စစ်ဆေးမှုတွေကိုလည်း သင့်ဆရာဝန်က ပြုလုပ်ပါလိမ့်မယ်။
ကုသမှုများ
နှင်းခူကို ဘယ်လိုကုသမလဲ။
နှင်းခူကို ကုသရာမှာ အသုံးပြုလေ့ရှိတဲ့ ဆေးတွေက
- ကော်တီဆုန်း ဆေး
- Antihistamine ဆေး
- စတီးရွိုက် ဆေးတွေ စတာတွေပဲ ဖြစ်ပါတယ်။
အခြားကုသမှု ပုံစံတွေ
- ပတ်တီးအစို စည်းပေးခြင်း ။ ဒါဟာ ပြင်းထန်စွာ အရေပြားရောင်ရမ်းမှုအတွက် အကျိုးရှိထိရောက်တဲ့ ကုသမှုနည်းလမ်းတခု ဖြစ်ပြီး ရောဂါဖြစ်ပွားနေတဲ့ အရေပြားနေရာကို စတီးရွိုက်လိမ်းဆေးတွေ၊ ပတ်တီးအစိုတွေနဲ့ ပတ်ပြီးထုတ်ထားတာပဲ ဖြစ်ပါတယ်။
- အလင်းနဲ့ကုသခြင်း ။ အရိုးရှင်းဆုံးနည်းကတော့ နေရောင်ပြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အလင်းပြတဲ့ နည်းလမ်းဟာ အရေပြားကင်ဆာဖြစ်ပွားနှုန်းကို မြင့်မားစေနိုင်တာမို့ မွေးကင်းစတွေနဲ့ ငယ်ရွယ်တဲ့ ကလေးတွေမှာ အသုံးမပြုပါဘူး။
- စိတ်ဖိစီးမှုတွေအတွက် ကုသပေးခြင်း ။ နှစ်သိမ့်ဆွေးနွေးပညာပေးတာကို ပြုလုပ်ပေးခြင်းအားဖြင့် နှင်းခူဖြစ်လို့ အရမ်းရှက်နေ၊မချင့်မရဲ ဖြစ်နေတဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်လေးတွေကို စိတ်သက်သာရာရစေမှာပဲ ဖြစ်ပါတယ်။
- စိတ်ကိုဖြေလျှော့ထားဖို့၊အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲပေခြင်း ။ တချိန်လုံးကုတ်နေတတ်တဲ့ အကျင့်ဆိုးကို ဖျောက်ပေးနိုင်ပါတယ်။
ကာကွယ်ခြင်း
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
နှင်းခူကို ဘယ်လိုကာကွယ်မလဲ။
အောက်ပါအချက်လေးတွေကို လိုက်နာရင် နှင်းခူဖြစ်နိုင်ချေကို လျော့နည်းသွားစေနိုင်ပါတယ်။
- ဓါတ်မတည့်တာ ဒါမှမဟုတ် ယားယံတာ ပျောက်ကင်းစေနိုင်တဲ့ သောက်ဆေးတွေကို သောက်ပါ။
- အရေပြားအတွက် အကျိုးရှိစေတဲ့ ဓါတုဗေဒဆေးရည်တွေနဲ့ ရေချိုးပါ။
- နှင်းခူဖြစ်နေတဲ့နေရာကို ယားယံတာသက်သာစေတဲ့ ခရင်မ် ဒါမှမဟုတ် ကလမင်း လိမ်းဆေး (calamine) ကို လိမ်းပါ။
- သင့်ရဲ့ အရေပြားကို အနည်းဆုံး တနေ့နှစ်ကြိမ်လောက် အစိုဓါတ်ရအောင် ပြုလုပ်ပေးပါ။
- မကုတ်ပါနဲ့။
- အေးမြစိုစွတ်တဲ့ အဝတ်လေးတွေနဲ့ ဖိကပ်ထားပါ။
- ရေနွေးစိမ်ပါ။
- ဆိုးဆေးတွေ၊အနံ့တွေ မပါတဲ့ ဆပ်ပြာအပျော့စားတွေကို ရွေးချယ်အသုံးပြုပါ။
- ရေငွေ့စက် လို့ခေါ်တဲ့ လေထုကို အစိုဓါတ်ရအောင် လုပ်ပေးနိုင်တဲ့ စက်ကလေးတွေကို အသုံးပြုပါ။
- အေးမြ၊နူးညံ့တဲ့ ချည်ထည်လေးတွေကိုပဲ ဝတ်ဆင်ပါ။
စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်ကြောင့်ကြများတာတွေကို ဖြေလျော့ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။