backup og meta

Diaper Rash (အရေပြား အနီကွက်ထခြင်း)

Diaper Rash (အရေပြား အနီကွက်ထခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Diaper Rash (အရေပြား အနီကွက်ထခြင်း) ကဘာလဲ။

Skin rash (အရေပြား အနီကွက်ထခြင်း)ဆိုတာ အရေပြားအရောင် သို့ အရေပြားမျက်နှာပြင်တွေ ပုံမှန်မဟုတ်ပဲ အပြောင်းအလဲ ဖြစ်တာကို ပြခြင်းဖြစ်ပါတယ်။

Skin rash အမျိုးအစား အများအပြားရှိပါတယ်။ ၎င်းတို့မှာ

  • နှင်းခူ
  • ရေကျောက်
  • ရေယုန်
  • အပူဘု
  • သေးခံလောင်၍ဖြစ်သော အနီကွက်
  • ဘတ်တီးရီးယားပိုးကြောင့်ဖြစ်သော အဖျားတက်၊ အနီကွက်ထွက်၊ အဆစ်ရောင်သော ကူးစက်ရောဂါ
  • အင်ပျဉ်

Diaper Rash (အရေပြား အနီကွက်ထခြင်း) က ဘယ်လောက်အဖြစ်များသလဲ

Skin rash ဟာ အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ အရွယ်မရွေးဖြစ်တတ်ပါတယ်။ ဖြစ်ပွားနိုင်ချေတွေကို လျှော့ချခြင်းဖြင့် ကုသလို့ ရပါတယ်။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Diaper Rash (အရေပြား အနီကွက်ထခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Skin rash ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ယားယံခြင်း
  • အရေပြားနီခြင်း
  • ခြောက်သွေ့၊ကြမ်းတမ်း၊ မာနေသော အရေပြားမှ ကုတ်ပါများလာသောအခါ သားရေပြားလို ထူလာခြင်း
  • ကုတ်လျှင် အရည်ထွက်လာနိုင်သော အရည်ကြည်ဖုလေးများ ထွက်လာခြင်း။
  • အရေပြားပျက်စီးပြီး ရောဂါပိုးဝင်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • Skin rash တွေပိုဆိုးလာခြင်း
  • Skin rash အပြင် သွေးထွက်တဲ့ အဖုတွေ၊ ရောင်ရမ်းခြင်း၊ အရေပြားကွာခြင်း၊ ကိုယ်၊လက်နှင့် အဆစ်များကိုက်ခဲခြင်း
  • Skin rash က နာကျင်စေခြင်း
  • Skin rash တစ်ဝိုက် အရေကြည်ဖုကြီးများ ထခြင်း
  • Skin rash က သင့်နေ့စဉ် လုပ်ငန်းဆောင်တာများ နှင့် အိပ်စက်ခြင်းတို့ကို အနှောင့်အယှက်ပေးလာခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Diaper Rash (အရေပြား အနီကွက်ထခြင်း) ကိုဘာတွေကဖြစ်စေသလဲ

  • ဓါတ်မတည့်ခြင်းများ
  • ဘက်တီးရီးယားနှင့် မှိုပိုးများ ကူးစက်ခြင်း
  • ပိုးမွှားကိုက်ခြင်း
  • အပင်နှင့် ဓါတ်မတည့်ခြင်း ( ဥပမာ။ ။ အဆိပ်ရှိတဲ့နွယ်ပင်)
  • စိတ်ဖိစီးခြင်း
  • ပတ်ဝန်းကျင် အဆိပ်အတောက်များနှင့် ထိတွေ့မိခြင်း
  • မှိုရောဂါကူးစက်ခြင်း
  • အပူဒဏ်နှင့် ထိတွေ့မိခြင်း
  • ရေကျောက် သို့ ရေယုန်ကဲ့သို့ ရောဂါများ ဖြစ်ခြင်း
  • ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ

Risk factors

Diaper Rash (အရေပြား အနီကွက်ထခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဓါတ်မတည့်ခြင်း သို့မဟုတ် မျိုးရိုးလိုက်သော ဓါတ်မတည့်ရောဂါရှိခြင်း သို့မဟုတ် ပန်းနာရင်ကျပ်ရောဂါ တို့ဟာ skin rash ကိုဖြစ်ပွားနိုင်ခြေများစေပါတယ်။ အပြင်မှာ အနေများသောသူများတွင် အဆိပ်နွယ်တွေ၊ အဆိပ်ဝက်သစ်ချပင်တွေ၊poison sumac နှင့် ပိုးကိုက်ကိုက်ခံရမှု များနိုင်တာကြောင့် skin rash ဖြစ်နိုင်ချေပိုများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Diaper Rash (အရေပြား အနီကွက်ထခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

Skin rash ကို အပေါ်ယံ အရေပြားကိုကြည့်ရုံနှင့် သိနိုင်ပါတယ်။ အရေပြားအထူးကုတွေက skin rash ရဲ့ သိပ်သည်းမှု၊အရောင်၊အရွယ်အစား နှင့် ခန္ဓါကိုယ်ပေါ်ပျံ့နှံ့ပုံတို့ကို ထည့်သွင်းစဉ်းစားပါလိမ့်မယ်။

Diaper Rash (အရေပြား အနီကွက်ထခြင်း) ကို ဘယ်လိုကုသပါသလဲ

Skin Rash အများစုဟာ အရမ်းအရေးမကြီးပဲ သူ့ဘာသာ ပျောက်ကင်းနိုင်ပါသည်။ ရောဂါလက္ခဏာတွေလောက်သာ သက်သာအောင်အောင်ကုပြီး skin rash သူ့ဘာသာ ရက်အနည်းငယ်အတွင်း ပျောက်မပျောက်စောင့်ကြည့်လို့ရပါတယ်။ skin rash အရမ်းဆိုးလာပြီး တခြားရောဂါလက္ခဏာတွေပါပြလာလျှင် ဆရာဝန်နှင့် ပြသင့်ပါတယ်။ acetaminophen သို့ ibuprofen လို ဆေးတွေကတော့ skin rash ကို သက်သာစေပါတယ်။

အဲ့ဒီဆေးတွေ မသောက်ခင် ဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပြီး ဆရာဝန်ညွှန်ကြားချက် နှင့်သာ သောက်သုံးသင့်ပါတယ်။ မတိုင်ပင်ပဲ ကိုယ့်ဘာသာ ရက်ရှည်သောက်မိတယ် ဆိုလျှင် ဘေးထွက်ဆိုးကျိုး တွေ ဖြစ်လာနိုင်ပါတယ်။ ကျောက်ကပ် သို့မဟုတ် အသည်းမကောင်းတဲ့ လူနာတွေ၊ အစာအိမ်ရောဂါရှိသူ/ ဖြစ်ဖူးသူ တေကတော့ ဒီဆေးတွေကို မသောက်သင့်ပါဘူး။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Skin rash ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Skin rash ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ဓါတ်မတည့်ခြင်း ဖြစ်စေတဲ့ အရာတွေကို ရှောင်ကြဉ်ပါ။
  • Skin rash ကို အေးအောင်လုပ်ပါ။
  • အလှကုန်များတွင် အသုံးပြုလေ့ရှိသော ကွေကာအမျိုးအစားတစ်မျိုးဖြစ်သော colloidal oatmeal ကို ကြက်သီးနွေးရေမှာ ဖျော်ပြီး skin rash ကို ဆေးပေးပါ။
  • Hydrocortisone သို့ calamine လိုးရှင်း တွေကို အယားသက်သာအောင် လိမ်းပါ။
  • ပေါ့ပေါ့ပါးပါး ဝတ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.healthcentral.com/skin-care/c/1443/152206/doctor- rash/

http://www.healthcommunities.com/rash/causes.shtml

http://www.webmd.com/allergies/treating-your- skin-allergies- at-home

http://www.healthline.com/health/rasheshttp://www.healthcentral.com/skin-care/c/1443/152206/doctor- rash/

http://www.healthline.com/health/rashes

ယခုပုံစံ

12/05/2020

Dr. Kaung Thar မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။

ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်

Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement