backup og meta

အသားမာတက်ခြင်းကို ဘယ်လိုကိုင်တွယ်မလဲ

အရေပြားဆဲလ်သေတွေအထပ်ထပ်စုပုံနေခြင်း သို့ အရေပြားထိခိုက်မှုကိုကာကွယ်ဖို့ အရေပြားပိုထူလာတဲ့အခြေအနေဖြစ်ပါတယ်။ မနာပေမဲ့လည်း သင့်ကိုမသက်မသာခံစားရစေနိုင်ပါတယ်။ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့နည်းလမ်းတွေ ရှိပါတယ်။

ဆေးဆိုင်တွေမှာရနိုင်တဲ့ ကပ်ခွာများ

အသားမာနဲ့ပတ်သက်ပြီး ထိရောက်တဲ့နည်းလမ်းကတော့ ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်နိုင်တဲ့အရည်စုပ်ကပ်ခွာတွေ အသုံးပြုခြင်းဖြစ်ပါတယ်။ အသားမာနေရာကိုကာကွယ်ဖို့အတွက် ကပ်ခွာကပ်ပေးဖို့လိုပါတယ်။ salicylic acidက အရေပြားရောင်ခြင်းကို ဖြစ်စေနိုင်တာကြောင့် အရည်ရှိတဲ့အသားမာဖုဖယ်ရှားပေးတဲ့ပစ္စည်းတွေ ၊ ဆေးပါတဲ့အသားမာကပ်ခွာတွေအသုံးပြုရမှာ ဂရုထားသင့်ပါတယ်။

ဆီးချိုရောဂါရှိနေမယ်ဆိုရင် သို့ သွေးစီးဆင်းမှုမကောင်းတဲ့အခြားအခြေအနေတွေရှိမယ်ဆိုရင် ဆေးအသုံးမပြုခင်မှာ သင့်ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။

ဒီလိုမဟုတ်ဘူးဆိုရင် ကပ်ခွာတွေအသုံးပြုခြင်းက သင့်အရေပြားကိုပိုဆိုးသွားစေပြီး အသားမာပိုဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

အရေပြားအစိုဓါတ်ထိန်းထားခြင်း

အသားမာက အရေပြားခြောက်ခြင်းကြောင့် ဖြစ်နိုင်ပြီး အရေပြားအစိုဓါတ်ထိန်းခြင်းက အသားမာကိုကိုင်တွယ်ရာမှာ လိုအပ်တဲ့နည်းလမ်းဖြစ်ပါတယ်။ အသားမာတွေနူးညံသွားစေရန် ပထမဦးစွာ ဆပ်ပြာထည့်ထားတဲ့ရေနွေးနွေးလေးမှာ စိမ်ထားသင့်ပါတယ်။ ဒါမှသာ အသားမာကို အလွယ်တကူဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

ရေအစား အရေပြားပီအိတ်ခ်ျအမှတ်ကို ပြောင်းလဲစေပြီးခြေထောက်ချွေးထွက်ခြင်းကို သက်သာစေတဲ့ကမ်မိုမိုင်းဆေးဖက်ဝင်လက်ဖက်ရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။

အဲ့နောက်မှာတော့ လက်ဖက်ရည်အစွန်းအထင်းတွေကို ရေဆပ်ပြာနဲ့ဖယ်ရှားပေးနိုင်ပါတယ်။ ထို့နောက်မှာော့ ခြေထောက်အရေပြားနူးညံ့အောင် အစိုဓါတ်ထိန်းအလှဆီ လိမ်းပေးနိုင်ပါတယ်။ ရေချိုးပြီးတိုင်း အသားမာနေရာကို လိုရှင်းပြန်ပြန်လိမ်းပေးသင့်ပါတယ်။ ထူထူလိမ်းပေးခြ်င်းက အကောင်းဆုံးရလဒ်ကို ပေးနိုင်မယ်လို့ ယူဆနိုင်ပါတယ်။

အရေပြားထူနေခြင်းကို ပါးစေခြင်း

အသားမာကိုဖြစ်စေတဲ့အရေပြားထူထူကို ပါးစေခြင်းဖြင့် ပိုမိုကောင်းမွန်စွာကျော်လွှားနိုင်ပါလိမ့်မယ်။ ရေချိုးတဲ့အချိန်မှာသို့ ရေချိုးပြီးနောက်မှာ ရေမြုပ်ကျောက်၊ လက်သည်းတိုက်တံစဉ်းနဲ့ အဝတ်စကို အသားမာကိုပွတ်တိုက်ဖို့ အသုံးပြုပေးနိုင်ပါတယ်။

ဒီလိုပြုလုပ်ပေးခြင်းက မာနေတဲ့အရေပြားအလွှာကို ပယ်ရှားသွားစေနိုင်ပါတယ်။ အရေပြားကိုဖယ်ထုတ်ဖို့ ထက်မြတဲ့ပစ္စည်းတွေ မသုံးပါနဲ့။ ဆီးချိုရောဂါရှိမယ်ဆိုရင် ရေမြုပ်ကျောက်သုံးပွတ်တိုက်ခြင်းကကူးစက်ပိုးဝင်နိုင်ချေများစေတာကြောင့် ဒီနည်းလမ်းကိုအသုံးမပြုသင့်ပါဘူး။

Aspirinအသုံးပြုပါ။

အသားမာနဲ့ပတ်သက်ပြီး aspirinကနည်းလမ်းကောင်း ဖြစ်ပါတယ်။ aspirinဆေးပြား၅ပြား၆ပြားကို ကြိတ်ချေပြီး ပန်းသီးရှာလကာရည်၊ ရေနဲ့ ဆတူရောပေးပါ။ အနှစ်ဖြစ်သွားတဲ့အခါမှာ အသားမာဖြစ်နေတဲ့နေရာကို ပွတ်တိုက်ပေးပါ။ အသားမာနေရာမှာ အနှစ်တွေစွဲနေစေဖို့ ရေမြုပ်ကျောက်နဲ့ပွတ်တိုက်မှ

ပြေလျော့သွားနိုင်လောက်တဲ့အထိ ၁၀မိနစ်လောက်ပတ်တီးစီးပေးဖို့ လိုပါတယ်။ aspirinနဲ့ဓါတ်မတည့်ဘူးဆိုရင် ဒီနည ်းလမ်းကိုအသုံးမပြုသင့်ပါဘူး။

အိမ်တွင်းကုထုံးတွေနဲ့တင် ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမဲ့ သင်မကျွမ်းဝင်တဲ့အိမ်တွင်းကုထုံးတွေ ပစ္စည်းတွေ အသုံးပြုခြင်းနဲ့ပတ်သြက်ပီး သင့်ဆရာဝန်နဲ့အမြဲဆွေးနွေးသင့်ပါတယ်။ ခွဲစိတ်ခြင်းမဟုတ်တဲ့နည်းလမ်းတွေနဲ့ အလုပ်မဖြစ်ဘူးဆိုရင် ခွဲစိတ်ဖယ်ရှားပေးဖို့လိုပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Corns and calluses. http://www.mayoclinic.org/diseases-conditions/corns-and-calluses/basics/lifestyle-home-remedies/con-20014462. Accessed January 16, 2017.

Calluses on the Feet – What You Should Do. http://www.footvitals.com/skin/calluses-on-feet.html. Accessed January 16, 2017.

ယခုပုံစံ

15/02/2022

Thin Myat Sandi Cho မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှင်းခူ အမျိုးအစား ဘယ်နှမျိုးရှိသလဲ၊ ဘယ်လိုကုသနိုင်သလဲ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Thin Myat Sandi Cho မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement