backup og meta

ငါးမျက်စိနှင့် အသားမာကုသရန် နည်းလမ်း ၆သွယ်

ငါးမျက်စိနဲ့ အသားမာတွေဟာ သိပ်မဆိုးရွားတဲ့ ပြသနာတွေမို့ သင့်အနေနဲ့ သက်တောင့်သက်သာ မဖြစ်မှု၊ နာကျင်မှုတွေဖြစ်လာမှသာ ကုသမှု ခံယူနိုင်ပါတယ်။ ဘယ်လိုနည်းတွေ သုံးနိုင်လဲသိထားရင် အထောက်အကူဖြစ်ပါတယ်။

ငါးမျက်စိနဲ့ အသားမာများကို နူးညံ့စွာဖယ်ထုတ်ပါ

ငါးမျက်စိနဲ့ အသားမာများကို သင်ကိုယ်တိုင် ရိုးရှင်းတဲ့ ပစ္စည်းတွေသုံးပြီး ဖယ်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်ပြနိုင်ရင် ပိုကောင်းပါတယ်။ ဆရာဝန်ပြတဲ့အခါ သင့်ကို ရောဂါပိုးဝင်နိုင်ခြေ နည်းစေပါတယ်။ သိပ်မထူတဲ့ ငါးမျက်စိနဲ့ အသားမာများကို ရေနွေးနွေးနဲ့ ၁၀ မိနစ်ခန့် စိမ်ထားပေးပါ။ ပြီးရင် ချေးတွန်းကျောက်နဲ့ ပွတ်တိုက်ပေးပါ။ ပတ်ချာလည်ဖြစ်ဖြစ်၊ ဘေးတိုက်ဖြစ်ဖြစ် နူးညံ့စွာ တိုက်ပေးပါ။ အရေပြားတွေ အများကြီး ပါမသွားအောင် သတိပြုပါ။ သွေးထွက်ပြီး ရောဂါပိုးဝင်နိုင်လို့ ဖြစ်ပါတယ်။

ဆေးဖတ်များသုံးပါ

ဆေးဆိုင်တွေမှာ ဆေးဖတ်တွေ ဝယ်နိုင်ပါတယ်။ မုန့်လက်ကောက်ပုံစံရှိတဲ့ ဆေးဖတ်တွေဖြစ်ပြီး အရေပြားပြန်ကောင်းလာအောင် အကာအကွယ်ပေးပါတယ်။ အရေပြားနဲ့ ဖိနပ်ကြားထဲမှာ ထိတွေ့မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပဋိဇီဝသောက်ဆေးများသောက်ပါ

ရာဂါပိုးဝင်တာ မဖြစ်ရအောင် ဆရာဝန်ဟာ သင့်ကို ပဋိဇီဝဆေးတွေ သောက်ခိုင်းနိုင်ပါတယ်။ ဖြစ်ပွားနေတဲ့ အရေပြားကိုလည်း လိမ်းပေးရတာမျိုး ရှိပါတယ်။ ဆေးယဉ်ပါးတာမျိုး ဖြစ်မသွားအောင်တော့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာပေးရပါမယ်။

စိုစွတ်မှုကို ထိန်းသိမ်းပေးပါ

စိုစွတ်မှုကို ထိန်းသိမ်းပေးနိုင်တဲ့ ခရင်မ်တွေ၊ လိမ်းဆေးတွေ နေ့စဉ်လိမ်းပေးရင် ငါးမျက်စိနဲ့ အသားမာများ ပျော့ပြောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် မသုံးခင်မှာတော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

သင့်တော်သော အသုံးအဆောင်များ ဝတ်ဆင်ခြင်း

တော်တဲ့ရှူးဖိနပ်ကိုပဲ စီးပါ။ ဒါမှသာ ခြေထောက်ကို သက်တောင့်သက်သာရှိစေပြီး ပွတ်တိုက်မှုနည်းစေမှာ ဖြစ်ပါတယ်။ ဖိနပ်တွေဝယ်တဲ့အခါ သင့်ရဲ့ခြေဖဝါးတွေ သက်သက်သာသာအရှိဆုံး ညပိုင်းလောက်မှသာ ဝယ်သင့်ပါတယ်။ ဆိုင်ထဲမှာ ဖိနပ်ဝတ်ဆင်ပြီး လမ်းလျှောက်ကြည့်သင့်ပါတယ်။ ဒါ့အပြင် ဘယ်လိုဖိနပ်အမျိုးအစား စီးသင့်တယ်ဆိုတာ ဆရာဝန်ကို တိုင်ပင်နိုင်ပါတယ်။

ငါးမျက်စိနဲ့ အသားမာတွေ လက်မှာမဖြစ်အောင် သစ်ပင်စိုက်ပျိုးချိန်တွေ၊ သန့်ရှင်းရေးလုပ်ချိန်တွေ၊ ပစ္စည်းကိရိယာတမျိုးမျိုးဟာ သင့်လက်နဲ့ပွတ်တိုက်မှု ဖြစ်မယ့်အချိန်တွေမှာ လက်အိတ်ဝတ်သင့်ပါတယ်။

ခွဲစိတ်ခြင်း

တခါတရံမှာ ဆရာဝန်ဟာ ခွဲစိတ်မှုခံယူဖို့ တိုက်တွန်းနိုင်ပါတယ်။ ဥပမာ အရိုးနဲ့ဆိုင်တဲ့ ပြသနာတွေ (ဥပမာ- အရိုးအတက်ထွက်ခြင်း၊ ခြေဖဝါးပြားခြင်း)၊ သွေးလည်ပတ်မှုဆိုင်ရာ ပြသနာတွေ (ဥပမာ-ဆီးချို) ကြုံလာတဲ့အခါ ဖြစ်ပါတယ်။ တခြားကုသမှုနည်းတွေနဲ့ အဆင်မပြေမှသာ ခွဲစိတ်မှုပြုလုပ်တာဖြစ်ပြီး ရှားတော့ရှားပါတယ်။

ငါးမျက်စိနဲ့ အသားမာများဟာ အဖြစ်များတတ်ပြီး အရေပြားဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ပါတယ်။ ထပ်တလဲလဲ ပွတ်တိုက်မှုကြောင့် အရေပြားဟာ ထူထဲ မာကျောလာခြင်းပဲ ဖြစ်ပါတယ်။ စိတ်မသက်မသာ ခံစားရတဲ့အခါ၊ သွေးလည်ပတ်မှုဆိုင်ရာပြသနာ ရှိနေတဲ့အခါ ဖြေရှင်းပေးနိုင်တဲ့ ကုသနည်းလမ်းတွေ ရှိနေပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Calluses and Corns – Topic Overview. http://www.webmd.com/skin-problems-and-treatments/tc/calluses-and-corns-topic-overview#1. Accessed March 16, 2017.
  2. Understanding Corns and Calluses — Diagnosis and Treatment. http://www.webmd.com/skin-problems-and-treatments/understanding-corns-calluses-treatment#1-2. Accessed March 16, 2017.
  3. Corns and calluses. https://medlineplus.gov/ency/article/001232.htm. Accessed March 16, 2017.
  4. Corns and calluses. http://www.mayoclinic.org/diseases-conditions/corns-and-calluses/basics/definition/con-20014462. Accessed March 16, 2017.

ယခုပုံစံ

03/11/2022

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားမာတက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/11/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement