brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Bikini waxing ဆိုတာဘာလဲ

Bikini waxing ဆိုတာ ဘာလဲ

Bikini waxing ဆိုတာ ခုနောက်ပိုင်း spaတော်တော်များများမှာတွေ့ရတဲ့ treatment တစ်မျိုးပါပဲ။ တချို့ မိန်းကလေးတွေမှာ မိန်းမကိုယ်ယားယံခြင်း၊ ဆားဝက်ခြံလို အစေ့တွေ ထွက်နေခြင်း၊ အမွှေးအမျှင်တွေ များလွန်းခြင်းနဲ့ အနံ့ဆိုးထွက်ခြင်းတွေ ရှိတတ်ပါတယ်။ ဒီလိုအခြေအနေတွေကိုကျော်လွှားချင်တဲ့သူတော်တော်များများက Bikini waxingပြုလုပ်ကြပါတယ်။

Bikini waxing ဆိုတာဘာလဲ

အရမ်းနာလား

Bikini waxing လုပ်တဲ့အခါမှာ အနည်းငယ် နာတာတွေတော့ ရှိနိုင်ပါတယ်။ ဒါက waxing လုပ်တဲ့အခါမှာပြုလုပ်ပေးသူရဲ့ငြင်သာမှုနဲ့ ဆိုင်သလို အမွှေးအမျှင်ရဲ့ အရှည်နဲ့လည်း ဆိုင်ပါတယ်။ အရမ်းရှည်ရင်လည်း နာနိုင်သလို အရမ်းတိုနေရင်လည်း နာကျင်နိုင်ပါတယ်။ ဒါကြောင့် Bikini waxing လုပ်မယ်ဆိုရင် ဂျုတ်နဲ့ ရိတ်တာမျိုး မလုပ်သွားဘဲနဲ့ ကတ်ကြေးလေးနဲ့ နည်းနည်းတိတာမျိုးလေး လုပ်သွားပါ။

ပြုလုပ်ပုံအဆင့်ဆင့်

Bikini waxingပြုလုပ်ပုံအဆင့်ဆင့်ကတော့ spaပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ပုံမှန်ဆိုရင် မိန်းမကိုယ်ကို အနံ့အသက် ကင်းစင်စေဖို့ အမွှေးသန့်ရည်တစ်မျိုးဖြန်းပါမယ်။နောက်တော့ အပူနည်းနည်းပေးထားတဲ့ waxလေးနဲ့ အမွှေးအမျှင်ရှိတဲ့ တလျှောက်မှာ သုတ်လိမ်းလိုက်မှာပါ။ နည်းနည်းလေးပူသလို ခံစားရပြီးရင်တော့ wax အပြားဖတ်လေးကို ဆွဲခွာလိုက်မှာပဲဖြစ်ပါတယ်။ ဒီအခါမှာတော့ အမွှေးအမျှင်တွေ အကုန်လုံး ပါလာမှာပါ။နောက်ပြီးရင်တော့ မိန်းမကိုယ်တဝိုက်က အမွှေးအမျှင်တွေ အကုန်လုံး စင်အောင်ပြုလုပ်မှာပါ။

ဘာတွေကို ဂရုစိုက်ရမလဲ

Bikini waxingပြုလုပ်ပြီးတဲ့အခါမှာ မိန်းမကိုယ်တဝိုက် ရေမထိအောင် နာရီပိုင်းလောက်တော့ ဂရုစိုက်ရပါမယ်။ရေထိခဲ့မယ်ဆိုရင်လည်း အဝတ်စ သန့်သန့် ဒါမှမဟုတ် တစ်ရှူးလေးနဲ့ရေစိုတာတွေ မရှိအောင် သုတ်ရပါမယ်။ ဒီလိုမှ မဟုတ်ရင်မွှေးညှင်းပေါက်ထဲကို ပိုးဝင်ပြီး အနာဖြစ်တာတွေ ရှိနိုင်တာကြောင့်ပါ။

ဘယ်နှစ်လ တစ်ကြိမ်ပြုလုပ်ရမလဲ

Bikini waxingပြုလုပ်ပြီးသွားတယ်ဆိုရင် အမွှေးအမျှင်တွေက အမြစ်ကနေပါ ပါသွားတာဖြစ်တဲ့အတွက် အသစ်ပြန်လည်ထွက်ဖို့ အချိန် (၂) လလောက် ကြာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က မိန်းမကိုယ်မွှေးညင်းလေးတွေ အရှည်မြန်တယ်ဆိုရင်တော့ (၃) လလောက်မှ တစ်ကြိမ်ပြုလုပ်ရမှာပါ။

Bikini waxingပြုလုပ်ခြင်းအားဖြင့် မိန်းမကိုယ် ကြည်လင်သန့်ရှင်းလာခြင်း၊ ယားယံမရှိခြင်း၊ အနံ့အသက်ဆိုး မထွက်ခြင်း၊ မိန်းမကိုယ်အသားအရေဖြူဖွေးလာခြင်း အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။Bikini waxingပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိန်းမကိုယ်နေရာကို မသန့်ရှင်းတဲ့ လက်နဲ့ လုံးဝမထိပါနဲ့။ ဆဲလ်သေတွေ ဖယ်ရှားနိုင်ဖို့နဲ့ ချွေးပေါက်တွေ အဆင်ပြေစေဖို့အတွက်ရေနွေးအိတ်လိုမျိုးနွေးနွေးလေး ကပ်ပေးရင် ရပါတယ်။ အကယ်လို့များBikini waxingပြုလုပ်ပြီးနောက်နေ့မှာ အစိုဓါတ်ခမ်းခြောက်နေတယ်လို့ ခံစားရရင် ကဖင်းပါတဲ့ အစားအစာတွေ မစားသေးဘဲရေများများသောက်ပေးပါ။Bikini waxing လုပ်တဲ့အခါမှာ စိတ်လျှော့ထားပါ။ စိတ်တင်းထားမယ်ဆိုရင် နာကျင်တာတွေ ခံစားရနိုင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Eaindray Kha · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။