brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မေးရမှာ ရှက်နေတဲ့ အိပ်ရာပေါ်က ကိစ္စတွေကို လုံလုံခြုံခြုံမေးနိုင်ပါပြီ။

အိပ်ရာပေါ်က ကိစ္စတွေကို စုံတွဲတိုင်းကြုံရနိုင်ပေမယ့် ပွင့်ပွင့်လင်းလင်းမေးတဲ့သူက ရှားပါတယ်။ ဖြစ်နိုင်တာကတော့

မေးရမှာ ရှက်နေတဲ့ အိပ်ရာပေါ်က ကိစ္စတွေကို လုံလုံခြုံခြုံမေးနိုင်ပါပြီ။
  • ဘယ်မှာမေးရမလဲ။
  • ဒီလိုမျိုး မေးတာ စိတ်ချရပါ့မလား။
  • ငါ့များ လှောင်နေမလားဆိုပြီး စိုးရိမ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
  • ဒါပေမယ့် အိပ်ရာပေါ်က ကိစ္စဆိုတာ မျိုသိပ်ထားရုံနဲ့ အလိုလိုဖြေရှင်းသွားတဲ့ ကိစ္စမဟုတ်ပါဘူး။

    • အမျိုးသားတွေ လိင်တံနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အလိုမကျဖြစ်တာ
    • အမျိုးသမီးတွေရဲ့ ပြီးမြောက်ခြင်း ပြဿနာတွေ
    • လိင်ကတဆင့် ကူးစက်ရောဂါနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ရသွားမှာတွေ

    ဒါတွေက စုံတွဲတိုင်း သိချင်နေကြတဲ့ အကြောင်းတွေပါ။

    ပွင့်ပွင့်လင်းလင်း မပြောဖြစ်ကြလို့သာ လူသိပ်မသိတာပါ။ စုံတွဲတွေမှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သိချင်တာတွေ၊ မေးချင်တာတွေ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    ဒါကြောင့် အပေါ်က မေးခွန်းတွေကို ပြန်ဖြေရရင်

    • ဘယ်မှာမေးရမလဲ။

    အောက်က ‘မှတ်ချက်’ဆိုတဲ့နေရာမှာ အခမဲ့ မေးနိုင်ပါတယ်။ အသေးစိတ်ကို ပုံမှာကြည့်ပါ။

    မေးရမှာ ရှက်နေတဲ့ အိပ်ရာပေါ်က ကိစ္စတွေကို လုံလုံခြုံခြုံမေးနိုင်ပါပြီ။

    • ဒီလိုမျိုး မေးတာ စိတ်ချရပါ့မလား။

    ကိုယ်ရဲ့ နာမည်ကို သူများတွေ မမြင်စေချင်ဘူးဆိုရင် ‘အမည်မသိ’ အနေနဲ့ မေးခဲ့နိုင်ပါတယ်။ ‘အမည်မသိသူမှ ပို့စ်တင်ရန်’ ဆိုတာကို အမှန်ခြစ်ခဲ့ရုံပါပဲ။

    • ငါ့များ လှောင်နေမလား

    Helloဆရာဝန်ရဲ့ အယ်ဒီတာချုပ် ဒေါက်တာသူရိန်လှိုင်ဝင်းကနေ ဖြေကြားပေးသွားမှာဖြစ်ပါတယ်။ ဆရာ့အနေနဲ့ ဒီလိုလူနာတွေကို အများကြီး ကြုံဖူးတာဖြစ်တဲ့အတွက် ဒါက လှောင်စရာကိစ္စဘူး။ ကူညီရမယ့်ကိစ္စဆိုတာ သိထားပြီးသား ဖြစ်သလို လူအများကိုလည်း ပညာပေးနေတာ ဖြစ်ပါတယ်။

    မေးရမှာ ရှက်နေတဲ့ အိပ်ရာပေါ်က ကိစ္စတွေကို လုံလုံခြုံခြုံမေးနိုင်ပါပြီ။

    မတ်လ ၂၀ရက်နေ့ အထိ မေးနိုင်ပြီး နောက်ရက်တွေမှာ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/03/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။