backup og meta

ကလေးများကို အတူသိပ်တဲ့အတွက် အတူနေဖို့ ခက်ခဲသော မိဘများအတွက် အကြံပြုချက်များ

ကလေးများကို အတူသိပ်တဲ့အတွက် အတူနေဖို့ ခက်ခဲသော မိဘများအတွက် အကြံပြုချက်များ

အတူသိပ်ခြင်းဆိုတာ မိဘများဟာ ကလေးကို တခြားနေရာမှာ ခွဲမသိပ်ဘဲ မိမိတိုရဲ့ အိပ်ရာမှာပဲ အတူသိပ်ခြင်းကို ဆိုလိုပါတယ်။ အဲဒီအခါမှာ ကလေးကို ဂရုစိုက်ရပြီး မိမိတို့ လိင်မှုကိစ္စမှာလည်း အဆင်မပြေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ကလေးကို အတူသိပ်ပြီး မိမိတို့လိင်မှုကိစ္စအတွက် အားထုတ်ခြင်းဟာ လုံးဝဖြေရှင်းမရတဲ့ ပြသနာတော့ မဟုတ်ပါဘူး။

ကြားနေကြစကားများကို မယုံစားပါနှင့်

ကလေးကို အတူသိပ်ရင် လိင်မှုကိစ္စ အဆင်မပြေတော့ဘူးဆိုတာ ယုံတမ်းစကားပဲ ဖြစ်ပါတယ်။ အားလုံးဟာ အိပ်ရာတခုတည်းမှာတင် ပျော်ရွှင်နေပြီး လိင်မှုအရသာကို ခံစားနိုင်တာ မဟုတ်ပါဘူး။ အများစုပြောနေသလို ကလေးကို ဂရုစိုက်နိုင်ဖို့ ကလေးရဲ့ အမေဟာ အဖေကို အိပ်ရာပေါ်မှာ အလိုမရှိဘူးဆိုတာ မဟုတ်ပါဘူး။ အမှန်တော့ အားလုံး အတူတကွ အိပ်နိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်မျိုးမှာ သာယာတဲ့ လိင်မှုဘဝကို ခံစားနိုင်ဖို့ရာမှာ လုပ်ဆောင်တဲ့အဆင့် မှန်ကန်ဖို့ပဲ လိုပါတယ်။

စိတ်ပျက်နေရတဲ့ မိဘများအတွက် လမ်းညွှန်ချက်များ

ပုန်းလျှိုးကွယ်လျှိုးလုပ်ရတာ ပိုပြီးပျော်ဖို့ ကောင်းပါတယ်

ကလေးများကို မိဘများနဲ့ အတူအိပ်စေခြင်းဟာ မိဘတွေရဲ့ ဆက်ဆံရေးကို ပျက်ပြားစေတယ်လို့ တချို့က ပြောကြပါတယ်။ တကယ်တော့ ဒီအချက်ဟာ မှားပါတယ်။ သာယာရင်ခုန်ခြင်းဟာ သားသမီးများကို အတူသိပ်ခြင်းကြောင့် ထိခိုက်နိုင်ပေမယ့် လိင်မှု သာယာခြင်းဟာ စွန့်စားသလို အတွေ့အကြုံနဲ့ ပြန်၇လာပါလိမ့်မယ်။ အချိန်တွေ နေရာတွေ သိပ်ရွေးမနေပါနဲ့။

သင့်ကလေး အိပ်မောကျတာနဲ့ လုပ်ငန်းစတင်ပါ။ နောက်တမနက်မှာ တယောက်နဲ့ တယောက် ပွေ့ဖက်ဖို့တောင် မသေချာနိုင်တာမို့ အခွင့်အရေးကို အမိအရဆုပ်ကိုင်ပါ။ ကလေး အိပ်ပျော်သွားချိန်ကို စောင့်ဆိုင်းပြီး အတူနေရခြင်းဟာ စိတ်လှုပ်ရှားစရာပိုကောင်းတယ် ဆိုတာတော့ သင်မငြင်းနိုင်ပါဘူး။

အတူနေတဲ့အကြိမ်အရေအတွက်ကို ထိန်းသိမ်းထားပါ

ကလေးကို ကြည့်နေရတာနဲ့ မိမိတို့နှစ်ယောက်ကြားက လိင်မှုဘဝကို မေ့ပျောက်မထားပါနဲ့။ သင့်ကလေးဟာ အရေးကြီးပါတယ်။ ဒါပေမယ့် မိမိတို့နှစ်ဦးကြားက လိင်မှုဘဝကို မေ့ပျောက်ထားခြင်းဟာ မိမိတို့ ဆက်ဆံရေးကို တနည်းတဖုံ ထိခိုက်လာစေပါတယ်။ မိမိတို့ နှစ်သက်တဲ့ တီဗီဇာတ်လမ်းများကိုတောင် မေ့ထားနိုင်အောင် ကြိုးစားပြီး တဦးကိုတဦး အချိန်ပေးပါ။

အတူနေခြင်းဟာ အိပ်ရာပေါ်မှာပဲ လုပ်ဆောင်နိုင်တာ မဟုတ်ပါဘူး။ ယခင်နှုန်းထားအတိုင်းပဲ အဆင်ပြေတဲ့နေရာမှာ အကောင်အထည်ဖော်ပါ။ ကလေးရဲ့ မျက်ကွယ်ရာဖြစ်ဖို့ပဲ ဂရုစိုက်ပါ။

ကလေးများကို အတူသိပ်ခြင်းကို အပြုသဘောပဲမြင်ပါ

လိင်မှုဘဝကို ခံစားသာယာခြင်းနဲ့ မိမိကလေးကို ဂရုစိုက်ခြင်းဟာ တချိန်တည်းမှာပဲ ပြုလုပ်ဖို့ ကြိုးစားရာမှာ အားစိုက်ဖို့တော့ လိုပါတယ်။ ဒီအားစိုက်မှုဟာ အိမ်ထောင်ရေးအတွက် အကျိုး ဖြစ်ထွန်းစေပါတယ်။ မိမိလက်တွဲဖော်နဲ့ ချစ်ခင်ကြင်နာဖို့ အချိန်ပေးပါ။ ဒါဟာ ဝတ္တရားတခုထက် ပိုတဲ့အရာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ သင့်အိမ်ထောင်ရေးကို ငြီးငွေ့စရာ အဖြစ်မှ ရှောင်လွဲနိုင်ပါတယ်။

ကလေးနို့တိုက်ခြင်း၊ ဟော်မုန်းအပြောင်းအလဲ၊ မောပန်းနွမ်းနယ်ခြင်း စတဲ့ လိင်မှုဘဝကို အတားအဆီးဖြစ်စေတဲ့ အရာတွေလည်း ရှိပါသေးတယ်။ အကြံဉာဏ်လိုအပ်ချိန်မှာ တတ်ကျွမ်းနားလည်သူဆီက အကူအညီယူဖို့လည်း မနှောင့်နှေးပါနဲ့။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

HOW TO HAVE A SERIOUSLY AWESOME SEX LIFE WHEN CO-SLEEPING OR BED SHARING. http://www.simplelivingmommy.com/seriously-awesome-sex-life-co-sleeping-be/ Accessed March 20, 2017

How To Still Have Sex If You’re Co-Sleeping, Because It’s Not Impossible. https://www.romper.com/p/how-to-still-have-sex-if-youre-co-sleeping-because-its-not-impossible-27993d-sharing/ Accessed March 20, 2017

On Sex and Cosleeping. http://www.mothering.com/articles/on-sex-and-cosleeping/ Accessed March 20, 2017

ယခုပုံစံ

10/08/2022

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်မှုဘဝ ချောမွေ့စေဖို့ သုံးလေ့ရှိတဲ့ ချောဆီရဲ့ ဘေးထွက်ဆိုးကျိုး အချို့

လိင်ဆက်ဆံရင် ဝိတ်ကျ သလား



Dr. Thant Zin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement