backup og meta

HIV ဆေး၏ နောက်ဆက်တွဲ ဆိုးကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ဆေး၏ နောက်ဆက်တွဲ ဆိုးကျိုးများ

    မည်သည့်ဆေးမဆို ဘေးထွက်ဆိုးကျိုး ရှိသည်။ တချို့ဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဆိုးရွားသော်လည်း တချို့မှာ မသိသာပေ။ HIV လူနာများ သောက်ရသော ART ဆေးများသည်လည်း ရေတို ရေရှည် ဘေးထွက်ဆိုးကျိုးများ ခံစားရစေနိုင်ပါသည်။

    ART ဆေးများသည် ခန္ဓါကိုယ်တွင် HIV ပိုးများကို နှိမ်နင်းနေချိန်တွင် အောက်ပါ လက္ခဏာများ ရတတ်သည်။

    • သွေးအားနည်းခြင်း
    • ဝမ်းလျှောခြင်း
    • ခေါင်းမူး၊ ခေါင်းကိုက်ခြင်း
    • နုံးချိခြင်း
    • ပျို့အန်ခြင်း
    • ကိုယ်လက်နာကျဉ်ခြင်း
    • ထုံကျဉ်ခြင်း
    • အနီကွက် အနီစက်များပေါ်ခြင်း
    • အဆီထုထည် ဆုံးရှုံးမှုဖြစ်ခြင်း၊ အဆီစုလာခြင်း
    • သွေးတွင်းအချိုဓါတ် များပြားလာခြင်း
    • အရိုးပွခြင်း
    • သွေးတွင်း lactic အက်စစ် များပြားလာခြင်း
    • နှုတ်ခမ်းတဝိုက်နှင့် လျှာ ယောင်ယမ်းခြင်း
    • အသည်းကို ထိခိုက်စေခြင်း

    ART ဆေးများသည် ရေရှည်တွင် ဘေးထွက် ဆိုးကျိုးများ ရှိပါသည်။ တချို့မှာ ကုသနိုင်သော်လည်း တချို့မှာ နာတာရှည် ဖြစ်တတ်သည်။ ထိုသို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြီး သင့်လျော်သော ကုသမှုကို ခံယူရမည်။ ဖြစ်လေ့ရှိသော ဘေးထွက် ဆိုးကျိုးများမှာ အောက်ပါအတိုင်း ဖြစ်သည်။

    အဆီထုထည် မညီမျှခြင်း

    သင့်မျက်နှာနှင့် ခြေလက်တို့တွင် အဆီထုထည် လျော့နည်းပြီး ဝမ်းဗိုက်နှင့် ဂုတ်ပိုးတို့တွင် အဆီစုခြင်းများ ဖြစ်နိုင်သည်။ TESAMORELIN ဟော်မုန်းဆေး သောက်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့ဖြင့် ထိုဘေးထွက် ဆိုးကျိုးကို လျှော့ချနိုင်သည်။

    အင်ဆူလင်ဟော်မုန်း အလုပ် မလုပ်တော့ခြင်း

    အင်ဆူလင်ဟော်မုန်း အလုပ် မလုပ်တော့ခြင်းကြောင့် သွေးတွင်း သကြားဓါတ် မြင့်မားကာ ဆီးချို ဖြစ်စေနိုင်သည်။ ၎င်းကို လျှော့ချနိုင်ရန် စားသောက်နေထိုင်မှု မှန်ကန်ရမည်။ ဆီးချိုကျဆေး သောက်ရန်လည်း လိုအပ်သည်။

    သွေးတွင်း အဆီဓါတ် မမျှတခြင်း

    သွေးထဲတွင် ကိုလက်စထရောနှင့် Triglycerides (မကောင်းသော အဆီဓါတ်) များ တက်လာနိင်သည်။ ဆရာဝန် ညွှန်ကြားသော အဆီကျဆေးနှင့် အဆီနည်းသော အစားအစာများကို မှီဝဲပါ။

    လက်တစ်အက်ဆစ်ဓါတ် များခြင်း

    ဆဲလ်များ၏ စွန့်ပစ်ပစ္စည်းများ ဖြစ်သော Lactateinသည် လက်တစ်အက်ဆစ်ကို များစေသည်။

    အစားအသောက် ပျက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်းနှင့် အသည်း အလုပ် မလုပ်တော့ခြင်းတို့ ခံစားရနိုင်သည်။ ထိုသို့ဖြစ်ပေါ်ပါက ဆရာဝန်ထံ ချက်ခြင်းသွားပြပါ။ ဆရာဝန်က လိုအပ်သော စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လိမ့်မည်။

    အသည်းပျက်စီးခြင်း၏ လက္ခဏာများမှာ

    အစာအိမ်အောင့်ခြင်း၊ ဆီးအရောင် မည်းမည်း သွားခြင်း၊ အသားဝါခြင်းနှင့် ဝမ်း အရောင် ဖျော့ဖျော့ သွားခြင်းတို့ ဖြစ်သည်။)

    ART ဆေးများသည် HIV ရောဂါ ကူးစက်မှုကို ပျောက်ကင်းအောင် မကုသနိုင်ပါ။ သို့သော် ဝေဒနာရှင်များ ပိုမို ကျန်းမာစွာ ရှင်သန်နေထိုင် သွားနိုင်ရန် အထောက်အကူ ပေးသကဲ့သို့ လိင်မှတဆင့် HIV ရောဂါ ကူးစက်မှုနှုန်းကိုလည်း လျော့ကျစေသည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement