ရေမြုပ်တုံးလေးနဲ့ တူပါတယ်။ အလုပ်လုပ်ပုံကတော့ အပေါ်က နှစ်ခုလိုပါပဲ။ ကွာတဲ့အချက်က သူ့မှာ သုက်ပိုးသတ်ဆေး ပါလာပြီးသား ဖြစ်လို့ ထပ်ထည့်စရာ မလိုပါဘူး။
သူက အရင်က ကလေး တစ်ခါမှ မမွေးဖူးဘူး။ သုံးပုံသုံးနည်းလည်း မှန်တဲ့ အမျိုးသမီးတွေမှာ ဆိုရင် ၉၁ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ကလေးလည်း မွေးဖူးတယ်။ သုံးနည်းလည်း လွဲနေတယ်ဆိုရင်တော့ ကာကွယ်နိုင်စွမ်းက ၇၆ ရာခိုင်နှုန်းအထိ ကျသွားပါတယ်။
သူ့အသားက မိန်းမကိုယ်က အသားလိုပဲ နူးညံ့ပါတယ်။ တစ်ခါသုံးရင် ၂၄နာရီထိ ထည့်ထားလို့ ရတာကြောင့် ကြိုက်သလောက် အတူနေနိုင်ပါတယ်။ မသုံးတော့တာနဲ့ ကိုယ်ဝန်ပြန်ရပါတယ်။ မကောင်းတဲ့အချက်က လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါကို မကာကွယ်ပေးနိုင်ပါဘူး။
- ကော့ပါးနဲ့ လုပ်ထားတဲ့ သားအိမ်ထဲထည့်ပစ္စည်း
T ပုံစံလေး ဖြစ်ပြီး ဟော်မုန်း လုံးဝမပါပါဘူး။ ကော့ပါးနဲ့ လုပ်ထားတာ ဖြစ်လို့ သုက်ကောင်တွေကို သေစေတဲ့အပြင် သုတ်ကောင်တွေ မမျိုးဥဆီ မသွားနိုင်အောင်လည်း ကာကွယ်ပေးပါတယ်။ မတော်တဆ မျိုးအောင်သွားရင်တောင်မှ သားအိမ်နံရံမှာ မတွယ်နိုင်အောင် တားဆီးပေးပါတယ်။
ဟော်မုန်း မပါတဲ့ နည်းလမ်းတွေထဲမှာ ဒါက အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ကော့ပါးတွေက ဟော်မုန်းပါတာတွေလောက်တော့ မစွမ်းပေမယ့် သူကလည်း ကလေး မရအောင် ၉၉ ရာခိုင်နှုန်းလောက် ကာကွယ်ပေးပါတယ်။
ကောင်းတဲ့အချက်က သူက ၁၀နှစ်အထိ ခံပါတယ်။ ဆိုလိုတာက ၁၀နှစ်နေမှ လဲရင် ရပါတယ်။ ဒါဟာ သက်တမ်း အကြာဆုံးပါပဲ။ နောက်ပြီး အရေးပေါ်သန္ဓေတားဆေးအနေနဲ့လည်း သုံးလို့ရပါတယ်။ အကာမကွယ်မဲ့ အတူနေတာ ၅ရက်အတွင်းဆို ဒါကို သုံးလို့ရပါတယ်။ ကိုယ်ဝန်လိုချင်ရင် ဆရာဝန်ဆီမှာ သွားထုတ်ရုံပါပဲ။ မကောင်းတဲ့အချက်က လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါကို မကာကွယ်ပေးနိုင်ပါဘူး။ တချို့သူတွေမှာ ရာသီကြားဖောက် သွေးဆင်းတာ၊ ရာသီလာချိန် ကိုက်ခဲတာမျိုးတွေ ရှိတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။