backup og meta

အရေးပေါ်သားဆက်ခြားနည်း

အရေးပေါ်သားဆက်ခြားနည်း

အရေးပေါ်သားဆက်ခြားနည်းဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်မရစေဖို့ အမျိုးသမီးတွေအတွက် ဖြေရှင်းနည်းဖြစ်ပါတယ်။ အမည်ပေးထားတဲ့အတိုင်း ပါပဲ။ အရေးပေါ်သားဆက်ခြားနည်းကို ပေါက်ပြဲနေသော ကွန်ဒုံးများသုံးမိခြင်း၊ သားဆက်ခြားဆေး သောက်ရန်မေ့သွားခြင်း ဒါမှမဟုတ် အဓမ္မပြုကျင့်ခံရခြင်းတို့လို အရေးပေါ်အခြေအနေမျိုးတွေမှာပဲ အသုံးပြုဖို့ဖြစ်ပါတယ်။ အရေးပေါ်သားဆက်ခြားခြင်းကို သောက်ဆေးပုံစံနဲ့ ရရှိလေ့ရှိပါတယ်(Ella and Plan B One-Step)။ ဒါ့အပြင် သားအိမ်ထဲ ထည့်သွင်းထားရတဲ့ IUD လို့ခေါ်တဲ့ကိရိယာနဲ့ သုံးတဲ့နည်းလည်းရှိပါတယ်။

Plan B One-Step နည်းကတော့ ဆေးညွှန်းမလိုဘဲ ဆေးဆိုင်တိုင်းလိုလိုမှာ ဝယ်ယူလို့ရနိုင်တာကြောင့် အလွယ်ကူဆုံးနည်းလို့ ဆိုနိုင်ပါတယ်။ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာ ဆေးတစ်လုံး၊ တစ်ကြိမ်တည်းသောက်လိုက်ဖို့ပဲ လိုပါတယ်။ သောက်တာစောလေထိရောက်လေ ဖြစ်ပါတယ်။ ဟော်မုန်းမပါတဲ့သောက်ဆေးဖြစ်တဲ့ Ella ကတော့ လိင်ဆက်ဆံပြီးနောက် နာရီပေါင်း ၁၂၀ ကြာတဲ့အထိ အာနိသင်ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ ဝယ်လို့ရနိုင်ပါတယ်။ IUDကိရိယာဟာလည်း အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် ၇ နာရီ အတွင်း ထည့်သွင်းခြင်းဖြင့် မျိုးဥမအောင်အောင် တားဆီးနိုင်တာကြောင့် ထိရောက်တဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ်။

ဒီအရေးပေါ်သားဆက်ခြားနည်းတွေဟာ နည်းလမ်းမှန်မှန်အသုံးချတတ်ရင် ထိရောက်မှုအရှိ ဆုံးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ဦးဟာ ကိုယ်အလေးချိန် ၁၆၅ ပေါင် ကျော်ခဲ့ရင် တခြားအရေးပေါ် သန္ဓေတားဆေးတွေနဲ့ မအောင်မြင်နိုင်တာကြောင့် ကိုယ်အလေးချိန်များတဲ့အမျိုးသမီးတွေမှာ IUD ကို အသုံးပြုဖို့ အကြံပြုလိုပါတယ်။

အရေးပေါ်သားဆက်ခြားရာမှာ ကိုယ်ဝန်ဖျက်ချတာမျိုး နည်းလမ်းမှားမဖြစ်သင့်ပါဘူး။ Plan B One-Step က ဖြစ်တည်နှင့်ပြီးသား သန္ဓေသားကို ထိခိုက်စေမှာမဟုတ်ပေမယ့် Ella ကတော့ တိရစ္ဆာန်တွေမှာ သန္ဓေပျက်စေနိုင်တာတွေ့ရတယ်လို့သုတေသနတွေက ဆိုပါတယ်။ ဒါ့ကြောင့် ကိုယ့်မှာ ကိုယ်ဝန်ရှိနေနိုင်တယ်လို့ သံသယရှိနေရင် အရေးပေါ်တားဆေးတွေ မသုံးတာက ပိုအန္တရာယ်ကင်းပါလိမ့်မယ်။ သွေးခဲတတ်တဲ့အမျိုးသမီးတွေ ဒါမှမဟုတ် deep venous thrombosis ရောဂါရှိတဲ့ အမျိုးသမီးတွေအနေနဲ့ တခြားသားဆက်ခြားနည်းတွေကို အသုံးပြုဖို့ အကြံပြုကြပါတယ်။

အရေးပေါ်သန္ဓေတားဆေး တွေက အမျိုးသမီး အများစုအတွက် အန္တရာယ်ကင်းကြပါတယ်။ ဒါပေမယ့် တချို့မှာတော့ မူးဝေပျို့အန်ခြင်း၊ မောဟိုက်ခြင်း၊ခေါင်းကိုက်ခြင်း၊ဗိုက်အောင့်ခြင်း၊ ဓမ္မတာလာချိန်ပြောင်းလဲခြင်းတို့လို အပျော့စား ဘေးထွက်ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။ ဒါတွေမခံစားချင်ရင်တော့ သင့်အနေနဲ့ အရေးပေါ်တားဆေး မသောက်ခင် အအန်ပျောက်ဆေးကိုကြိုသောက်ထားနိုင်ပါတယ်။ အစက်အပျောက်တွေ ထွက်လာတာမျိုးလည်းဖြစ်နိုင် ပါတယ်။ ဟော်မုန်းတွေအပေါ် ဒီဆေးတွေရဲ့ အာနိသင်ကြောင့် ဓမ္မတာလာချိန်ရက်အနည်းငယ် စောတာ၊ နောက်ကျတာတွေဖြစ်နိုင်ပါတယ်။

အရေးပေါ်သားဆက်ခြားနည်းက ဘယ်လောက်ပဲ စွမ်းစွမ်း ပုံမှန်သားဆက်ခြားနည်းနေရာမှာတော့ အစားထိုးလို့မရပါဘူး။ ဒါ့အပြင် သင့်ကို STDs တွေ အန္တရာယ်ကနေလည်း မကာကွယ်ပေးနိုင်ပါဘူး။ သင့်အတွက် ဘေးအန္တရာယ်ကင်းစေမယ့် အကောင်းဆုံးနည်းလမ်းကတော့ လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံးသုံးဖို့ပဲဖြစ်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Emergency Contraception. http://www.webmd.com/sex/birth-control/emergency-contraception?page=1 Assessed 19/08/2016

2. Emergency Contraception FAQ. http://www.webmd.com/sex/birth-control/faq- questions-emergency-contraception Assessed 19/08/2016.

 

ယခုပုံစံ

21/07/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ

“သတို့သမီးလောင်းတွေ ရွေးချယ်လို့ရတဲ့ သားဆက်ခြားနည်းများ”



Yun Sandi Nan Mon မှ ရေးသားသည်။ · 21/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement