backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Spondylosis (အရိုးကျီးပေါင်းတက်ခြင်း)


Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Spondylosis (အရိုးကျီးပေါင်းတက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Spondylosis (အရိုးကျီးပေါင်းတက်ခြင်း) ကဘာလဲ။

အရိုးကျီးပေါင်းတက်ခြင်းသည် ခါးရိုးနှင့် ခါးရိုးဆစ်များကြားရှိ ချပ်ပြားများ ပျက်စီးလာခြင်းကို ဆိုလိုသည်။ အရိုးကျီးပေါင်းတက်ခြင်းသည် တနည်းအားဖြင့် ခါးကျောရိုးမ တွင် အရိုးအဆစ်များရောင်ခြင်းပင်ဖြစ်သည်။

အရိုးကျီးပေါင်းတက်ခြင်းသည် ကျောရိုးမကြီးရှိ လည်းပင်းနေရာ (လည်ပင်းကျီးပေါင်း)၊ ရင်ဘတ်အပေါ်နှင့် အလယ်နေရာ၊ ခါးအောက်ပိုင်းနေရာတို့တွင်ဖြစ်နိုင်သည်။ လည်ပင်းကျီးပေါင်းနှင့် ခါးကျီးပေါင်းတို့သည် အဖြစ်များဆုံးဖြစ်သည်။

Spondylosis (အရိုးကျီးပေါင်းတက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အရိုးကျီးပေါင်းတက်ခြင်းသည်အဖြစ်များပါသည်။ အထူးသဖြင့် အသက်ကြီးသူများတွင် အဖြစ်များသော်လည်း မည်သည့်အရွယ်တွင်မဆိုဖြစ်နိုင်ပါသည်။ ထို့ကြောင့်ဖြစ်နိုင်ချေရှိသော အချက်များကို လျှော့ချရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လက္ခဏာများ

Spondylosis (အရိုးကျီးပေါင်းတက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အတွေ့ရများသော ရောဂါ လက္ခဏာများမှာ

  • လည်းပင်း ၊ခါးတို့ နာခြင်း၊ တောင့်တင်းခြင်းနှင့် လှဲလျောင်းလိုက်လျှင် သက်သာသွားခြင်း
  • ကျီးပေါင်းသည် အာရုံကျောများကို ဖိသောအခါနှင့် ပင်မကျောရိုးမတွင်ဖြစ်နေသောအခါများတွင် ခြေထောက် နှင့် လက်မောင်းတို့အားနည်းလာခြင်း၊ ထုံကျင်လာခြင်း
  • ပခုံးများနာခြင်း
  • ခေါင်းကိုက်ခြင်း တို့ဖြစသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Spondylosis (အရိုးကျီးပေါင်းတက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အသက်ကြီးလာသည်နှင့်အမျှ အရိုးများနှင့် တွယ်ဆက်ထားသော အရွတ်များအားနည်းလာခြင်းကြောင့် အရိုးပွခြင်းဖြစ်ရသည်။ ထိုနည်းတူပင် ခါးရိုးဆစ်များကြားရှိ ချပ်ပြားများ အားနည်းလာခြင်းကြောင့် အဆစ်ကျွံခြင်းဖြစ်လာကာ အရိုးကျီးပေါင်းတက်ခြင်းကဲ့သို့ပင် လက္ခဏာများ ခံစားလာရပါသည်။

ဖြစ်နိုင်ခြေများ

Spondylosis (အရိုးကျီးပေါင်းတက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အရိုးကျီးပေါင်းတက်ခြင်းကို ဖြစ်နိုင်ချေများစေသော အချက်များမှာ အောက်ပါတို့ဖြစ်သည်။

  • အသက်အရွယ်

အရိုးကျီးပေါင်းတက်ခြင်းသည် အသက် ၂၀ မှ ၅၀ကြားတွင် အဖြစ်များသည်။ ဓါတ်မှန်လေ့လာချက်များအရ အသက်၄၀ကျော်များ၏ ၈၀%တွင်အရိုးကျီးပေါင်းတက်ခြင်း၏လက္ခါများရှိကြောင်းတွေ့ရသည်။

  • လိင်

အသက်၄၅နှစ်အောက်များတွင် အရိုးကျီးပေါင်းတက်ခြင်းသည် အမျိုးသားများတွင် ပိုဖြစ်ပြီး အသက်၄၅နှစ်အထက်များတွင် အရိုးကျီးပေါင်းတက်ခြင်းသည် အမျိုးသမီးများတွင် ပိုဖြစ်သည်။

  • ကိုယ်အလေးချိန် လွန်ကဲခြင်း
  • အဆစ်များကို ထိခိုက်ဒဏ်ရာရဖူးခြင်း
  • မျိုးရိုးလိုက်ခြင်း
  • အဆစ်များပေါ်တွင် အကြိမ်ကြိမ်ဖိအားသက်ရောက်သော အလုပ်၊ အားကစားများလုပ်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Spondylosis (အရိုးကျီးပေါင်းတက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က သင့်ကို ကြည့်ရှုပြီး အရိုးကျီးပေါင်းတက်ခြင်းကို သိရှိနိုင်မည့် စစ်ဆေးမှုများကို ပြုလုပ်လိမ့်မည်။ ဓါတ်မှန်ရိုက်ခြင်း၊ သံလိုက် ဓါတ်မှန်ရိုက်ခြင်း၊ အခြားသောရောဂါများနှင့်မမှားအောင် သွေးစစ်ခြင်းတို့ကို ပြုလုပ်လိမ့်မည်။

  • ဓါတ်မှန်ရိုက်ခြင်း

ဓါတ်မှန်ရိုက်ခြင်းသည် အရိုးကျီးပေါင်းတက်ခြင်းကို သိရှိနိုင်မည့် အကောင်းဆုံးသော နည်းဖြစ်သည်။ ဓါတ်မှန်ဖြင့် အရိုးအတက်၊ အရိုးနုနှင့် ချပ်ပြားများကိုတွေ့နိုင်သော်လည်း အရိုးနုများကို ထိခိုက်မှု ကိုမူ မမြင်နိုင်ပေ။

  • အခြားသောရောဂါများနှင့်မမှားအောင် သွေးစစ်ခြင်း
  • သံလိုက် ဓါတ်မှန်ရိုက်ခြင်း

သံလိုက် ဓါတ်မှန်ရိုက်ခြင်းဖြင့် အရိုးကြားချပ်ပြားများနှင့် အားရုံကျောများရှိရာ ကျဉ်းနေသော နေရာများကို တွေ့နိုင်သည်။

Spondylosis (အရိုးကျီးပေါင်းတက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ပထမဦးစွာ ကိုယ်အလေးချိန်ထိန်းစေသည်။ လူတိုင်းသည် မိမိကိုယ်အလေးချိန်ကိုထိန်းသင့်သည်။ လေ့ကျင့်ခန်းများလည်းပြုလုပ်စေသည်။

ရေကူးခြင်း၊ လမ်းလျှောက်ခြင်းနှင့် အေရိုးဗစ်ကစားခြင်းတို့သည် အရိုးကျီးပေါင်းတက်ခြင်းကိုသက်သာစေသောလေ့ကျင့်ခန်းများဖြစ်သည်။ လေ့ကျင့်ခန်းများကို အောက်ပါအတိုင်း ကဏ္ဍများခွဲထားပါသည်။

  • သန်မာစေသောလေ့ကျင့်ခန်းများ

ထိုလေ့ကျင့်ခန်းများသည် အဆစ်များနှင့် တွဲနေသော ကြွက်သားများကို သန်မာစေပါသည်။ အလေးတုံး၊ သာရေကွင်းများကို အသုံးပြုရသော လေ့ကျင့်ခန်းများဖြစ်သည်။

  • အေရိုးဗစ်လေ့ကျင့်ခန်းများ

ထိုလေ့ကျင့်ခန်းများသည် နှလုံးနှင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေသည်။

  • အကွေးအဆန့်လေ့ကျင့်ခန်းများ

ထိုလေ့ကျင့်ခန်းများသည် ခန္ဓါကိုယ်၏ ကွေးဆန့်နိုင်စွမ်းကို ကောင်းမွန်စေသည်။

အထက်ပါ လေ့ကျင့်ခန်းများပြုလုပ်ပြီးနောက် အနားယူရန်လိုပါသည်။ သို့သော် အိပ်ရာပေါ်တွင်လှဲခြင်း၊ အဆစ်များကို စည်းခြင်း၊ အလေးများဖြင့်ဆွဲခြင်းတို့ကို ပြုလုပ်ရန် ထောက်ခံထားသော အထောက်အထားများမရှိပါ။

အရိုးကျီးပေါင်းတက်ခြင်းကဆေးမသောက်ဘဲနှင့်ကုသနိုင်သော ကုသနည်းများလည်းရှိပါသည်။

  • နှိပ်နယ်ခြင်း
  • အပ်စိုက်ကုထုံး
  • ကျီးပေါင်းတက်နေသော အဆစ်ကို အအေး သို့မဟုတ်အပူကပ်ခြင်း(အအေးနှင့် အပူ ၂မျိုးလုံးကပ်ခြင်းက ပိုထိရောက်ပါသည်။ သို့မဟုတ် သင့်ဆရာဝန်၏ အကြံကိုရယူပါ။)
  • လျှပ်စစ်ဖြင့် ကျီးပေါင်းနေရာရှိ အာရုံကြောများကို လှုံ့ဆော်ပေးခြင်း
  • အာဟာရဖြည့်စွက်စာများစားခြင်းတို့ဖြစ်သည်။

အရိုးကျီးပေါင်းတက်ခြင်းသည် ပျက်စီးယိုယွင်းလာသည့် သဘောဖြစ်ရာ ၎င်းကို ပြန်ပျောက်စေသည့်ကုသမှုမျိုးမရှိပါ။ အရိုးကျီးပေါင်းတက်ခြင်းကို ကုသရာတွင် ကျီးပေါင်းတက်သောကြောင့်လည်ပင်းနှင့် ခါးတို့နာကျင်မှုကို လျော့နည်းစေရန်သာ ရည်ရွယ်ပါသည်။

  • ဆေးသောက်ခြင်း၊ထိုးခြင်း

အရောင်ကျဆေး၊ အနာပျောက်ဆေး၊ NSAID နှင့် Corticosteroid ထိုးဆေးများသည် နာကျင်မှုကို သက်သာစေသည်။

  • လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းများသည် ကြာရှည်စွာ လည်ပင်းနာ ခါးနာဖြစ်နေသူများတွင် ကြွက်သားများကို ဆန့်ပေးခြင်းဖြင့် ပြေလျော့စေခြင်းဖြစ်သည်။

  • ခွဲစိတ်ခြင်း

အာရုံကြောများထိခိုက်သွားခြင်း၊ လမ်းမလျှောက်နိုင်တော့ခြင်းတို့ဖြစ်သောအခါ ခွဲစိတ်ခြင်းက ပိုထိရောက်ပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် အရိုးကျီးပေါင်းရှိသူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

  • ကျီးပေါင်းတက်နေသော အဆစ်ကို အအေး သို့မဟုတ်အပူကပ်ခြင်း
  • အိပ်ချိန်တွင် ခြေထောက်ကြားတွင် ခွလုံးခံပြီး အိပ်ခြင်း
  • ကိုယ်အလေးချိန်ထိန်းခြင်း
  • ကိုယ်အလေးချိန်လွန်ကဲခြင်းသည် အလေးချိန်ကို သယ်ပိုးရသော အဆစ်များ(ဒူး၊ ကျောရိုး၊ တင်ပါးဆုံ၊ ခြေကျင်းဝတ်၊ ခြေဖဝါး)တွင် ဖိအားသက်ရောက်စေပါသည်။ ကိုယ်အလေးချိန်လျှော့လိုက်လျှင် ကျီးပေါင်းလက္ခဏာများကိုလည်း သက်သာစေပါသည်။
  • သင့်တင့်မျှတသော အစားအစာကို စားပါ။

ဗီတာမင် စီနှင့် အိုမီဂါ၃ အဆီပါသောအစာများစားပါ။ အစာတမျိုးတည်းစားခြင်းထက် ကျန်းမာရေနှင့် ညီညွတ်သောအစာများကို အမျိုးစုံလင်စွာစားခြင်းက ပိုကောင်းသည်ဟု ပညာရှင်များက ပြောပါသည်။ သင်စားသော အစာများထဲတွင် အသီးအရွက်များ၊ အစေ့အဆန်များ၊ အဆီနဲသော နို့နှင့် ကြက်ဆင်သား၊ ဝက်လိုင်းသားစသည့် အဆီနဲသောအသားများ ၊ငါးများ၊ အစေ့များ၊ ထောပတ်သီး၊ သံလွင်သီးတို့မှရသော ကျန်းမာရေးအတွက် အကျိုးပြုသော ဆီများ ကို စားသုံးပါ။

  • ရေကူးခြင်း၊ လမ်းလျှောက်ခြင်းနှင့် အေရိုးဗစ်ကစားခြင်းတို့သည် အရိုးကျီးပေါင်းတက်ခြင်းကိုသက်သာစေသောလေ့ကျင့်ခန်းများဖြစ်သည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သင့်စွမ်းအင်ကို မြင့်တက်လာစေပြီး အရိုးအဆစ်များသန်မာလာခြင်း၊ ကွေးဆန့်ရလွယ်ကူခြင်းတို့ကို ဖြစ်စေပါသည်။
  • ကောင်းမွန်စွာ အိပ်စက်ပါ။

ညဘက်တွင်ကောင်းမွန်စွာ အိပ်စက်ခြင်းသည် သင့်နာကျင်မှုနှင့် အဆစ်ရောင်ခြင်းကြောင့်ဖြစ်သောစိတ်သောကများကို သက်သာစေလိမ့်မည်။ ကောင်းမွန်စွာ အိပ်စက်နိုင်ရန် အချိန်မှန်အိပ်ရာဝင်ပါ။ ခေါင်းအုံးများဖြင့် သင်နာနေသော အဆစ်များအောက်တွင် ခုထားပါ။ အိပ်မပျော်ခြင်းဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

  • သင်၏ နာကျင်နေသော အဆစ်များအတွက် အစည်းများ၊ အထိန်းများကို အသုံးပြုခြင်းဖြင့် နာကျင်မှုကို သက်သာစေပါလိမ့်မည်။ ရေချိုးလျှင် အသုံးပြုသော ထိုင်ခုံများဖြင့်လည်း သင့်ကိုယ်သင် သက်တောင့်သက်သာရှိအောင်နေနိုင်ပါသည်။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement